ခွာနာလျှာနာထိန်းချုပ်ရမယ့်တောင်ကိုရီးယားနဲ့ ကမ္ဘာတလွှား စိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းများ
ခွာနာလျှာနာရောဂါထိန်းချုပ်ဖို့ တိရစ္ဆာန်တွေကို သုတ်သင်နေရတဲ့ တောင်ကိုရီးယား

တောင်ကိုရီးယားအစိုးရဟာ နိုင်ငံအလယ်ပိုင်းက ပြည်နယ်တစ်ခုမှာ ခွာနာလျှာနာရောဂါ ဖြစ်ပွားကြောင်း အတည်ပြုနိုင်ပြီးတဲ့နောက် ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ရာနဲ့ချီတဲ့နွားတွေကို သတ် ဖြတ်သုတ်သင်ဖို့ အမိန့်ထုတ်ပြန်လိုက်ကြောင်း မေလ ၁၁ ရက် နေ့စွဲနဲ့ ရိုက်တာ သတင်းတစ်ရပ်က ဆိုပါတယ်။ ဆိုးလ်မြို့ရဲ့ တောင်ဖက်မှာရှိတဲ့ Chungcheong ပြည်နယ်မြောက်ပိုင်း၊ Cheongju အရပ်က နွားခြံသုံးခြံမှာ ခွာနာလျှာနာရောဂါကို စတင်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
နွားတွေကို သုတ်သင်ရှင်းလင်းရုံတင်မကဘဲ အခြားဇီဝလုံခြုံရေး အစီအမံတွေကိုလည်း လုပ် ဆောင်မှာဖြစ်တယ်လို့ သက်ဆိုင်ရာမွေးမြူရေးဌာနက ဆိုပါတယ်။ နွားအကောင်ရေ ၃၆၀ ခန့်ကို သုတ်သင်ရှင်းလင်းမှာဖြစ်ပြီး ရောဂါဖြစ်တဲ့ခြံနဲ့ ထိစပ်နေတဲ့ ခြံတွေအားလုံးကို ပိုးသတ်ဆေးဖျန်း ပက်ခြင်း၊ ၄၈ နာရီကြာအောင် လူ၊ တိရစ္ဆာန်နဲ့ ယာဉ်အသွားအလာတွေ လုံးဝကန့်သတ်ထားခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ခွာနာလျှာနာရောဂါဟာ ကူးစက်မှု အလွန်လျင်မြန်သလို စီးပွားရေးအရ ဆုံးရှုံးမှုလည်း မြင့်မားတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် အပါအဝင် ခွာကွဲသတ္တဝါတွေအားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။
ကာကွယ်ဆေး မလုံလောက်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်လာနေတဲ့ တောင်အာဖရိက

မွေးမြူရေးကဏ္ဍရဲ့ ရေရှည်ရှင်သန်ရပ်တည်မှုအတွက် ကာကွယ်ဆေးတွေဟာ မရှိမဖြစ် အရေးပါပါတယ်။ တောင်အာဖရိကနိုင်ငံမှာတော့ တိရစ္ဆာန်ရောဂါကာကွယ်ဆေး မလုံလောက်တဲ့ ပြဿနာဖြစ်ပေါ်နေပြီး၊ အဲဒီပြဿနာကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်လာနိုင်တဲ့အတွက် မွေးမြူသူတွေ၊ အသားထုတ်လုပ်သူတွေနဲ့ နိုင်ငံရေးသမားတွေအကြား စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ မွေးမြူရေးကဏ္ဍဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကြီး တစ်ခုလုံးရဲ့ ၅၀ ရာခိုင် နှုန်းကို ကိုယ်စားပြုတာပါ။ ဒါကြောင့် မွေးမြူရေးကဏ္ဍဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက်ရော၊ စားနပ်ရိက္ခာဖူလုံရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေအတွက် လုံလောက်တဲ့ကာကွယ်ဆေးရရှိဖို့ကလည်း မဖြစ်မနေအရေးကြီးပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ တိရစ္ဆာန်ရောဂါကာကွယ်ဆေးတွေကို အဓိကထုတ်လုပ်ပေးဖို့ တာဝန်ရှိတာကတော့ အစိုးရပိုင် Onderstepoort Biological Products (OBP) ဖြစ်ပါတယ်။
ပြဿနာက အဲဒီကုမ္ပဏီက မွေးမြူသူတွေလိုအပ်နေတဲ့ တိရစ္ဆာန်ရောဂါကာကွယ်ဆေးတွေကို အလုံအလောက် ထုတ်လုပ်နိုင်ခြင်း မရှိဘူး ဖြစ်နေတာပါ။ ကာကွယ်ဆေးတွေ မလုံလောက်ဘူးဆိုရင် ထိရောက်တဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးကို လုပ်ဆောင်လို့ရမှာ မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ကတော့ အသားထုတ်လုပ်မှုလျော့ကျလာပြီး စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်လာတော့မှာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စိုက်ပျိုးမွေးမြူရေးဌာနကို အရေးတကြီး တောင်းဆိုဖို့အတွက် အတိုက်အခံပါတီက လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Noko Masipa ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လက်မှတ်ပေါင်း ၁၁,၀၀၀ ကို အွန်လိုင်းကနေ ကောက်ယူခဲ့ပါတယ်။ သူတို့က အစိုးရပိုင် OBP အနေနဲ့ ကာကွယ်ဆေးတွေကိုဖော်ထုတ်ပြီး တကယ်တမ်း ဈေးကွက်အတွက်ထုတ်လုပ်ရာမှာ တောင်အာဖရိကနိုင်ငံအတွင်းက နိုင်ငံသားပိုင်ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အခြားကုမ္ပဏီတွေကိုပေးပြီး ထုတ်လုပ်စေခြင်းဖြင့် ကာကွယ်ဆေးလိုအပ်ချက်ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံ အသားထုတ်လုပ်သူများအသင်း (Red Meat Producers’ Organization) ရဲ့ ဥက္ကဋ္ဌဖြစ်သူ James Faber ကတော့ အရေးကြီးကာကွယ်ဆေးတွေ မလုံလောက်တဲ့ပြဿနာဟာ အသားထုတ်လုပ်ရေးကဏ္ဍအတွက် ကပ်ဘေးဆိုက်တဲ့ အခြေအနေကို ရောက်ရှိလာစေနိုင်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။
ဒီသတင်းကို ကိပ်တောင်းမြို့အခြေစိုက် IOL သတင်းဌာနက မေလ ၁၆ ရက်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းဟာ မွေးမြူရေးကဏ္ဍနဲ့ ကာကွယ်ဆေးလိုအပ်ချက်၊ ကာကွယ်ဆေးတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုအတွက် အ ရေးပါ ပုံတွေကို စိတ်ဝင်စားဖွယ် တွေ့ရှိရနိုင်တဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားကို တစ်နှစ် နွားအကောင် ၇ သိန်း တင်ပို့မယ့် ကင်ညာ
အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကင်ညာနိုင်ငံက မွေးမြူရေးသမားတွေအတွက် သတင်းကောင်းတစ်ပုဒ်က ဒီတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ အင်ဒိုနီးရှားနိုင်ငံနဲ့ ကင်ညာနိုင်ငံအကြားမှာ နွားတွေ ကုန်သွယ်ဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်လို့ပဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ တစ်နှစ်ကို နွားအကောင်ရေ ၇ သိန်း ကင်ညာနိုင်ငံကနေ ဝယ်ယူတင်သွင်းတော့မှာ ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ ပထမအသုတ်အနေနဲ့ နွားကောင်ရေ ၂ သောင်း စတင်ပြီး တင်ပို့မှာ ဖြစ်ပါတယ်။ မကြာခင်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ကင်ညာနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်ဖို့ ရှိနေတာပါ။
ကင်ညာဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က စတင်ပြီး သူ့ဆီက တိရစ္ဆာန်တင်ပို့မှုတွေကို ရပ်ဆိုင်းခဲ့တဲ့ အိုမန်နိုင်ငံနဲ့လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ကုန်သွယ်မှု ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ အာရှတိုက် အနောက်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိုမန်နိုင်ငံကို တစ်နှစ် နွားအကောင်ရေ ၅ သိန်းလောက် တင်ပို့နိုင်မယ့် အခြေ အနေရှိတယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်အထိတော့ ကင်ညာနိုင်ငံရဲ့ မွေးမြူရေးထုတ်ကုန် အဓိကကုန်သွယ်ဖက်နိုင်ငံတွေဟာ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ယူဂန္ဓာနဲ့ အီတလီနိုင်ငံတို့ပဲ ဖြစ်ပါတယ်။
အာဖရိကနိုင်ငံငယ်လေးတစ်ခုရဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်တဲ့ အရည်အချင်းကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ Farmer Review Africa က မေလ ၁၆ ရက်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။
(သက်ခိုင်စုစည်းတင်ပြသည်)
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....