အစိမ်းရောင်လမ်း
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါစောင့်ကြည့်လူနာ (၁၇၇)ဦးနှင့် အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၀၁) ဦး၊စုစုပေါင်း (၃၇၈)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများတွင် ပထမအသုတ်စစ်ဆေးခဲ့သော (၉၃) ဦးအနက် (၃) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းနှင့် (၉၀) ဦး၏ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်းကို (၁၇-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီသတင်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၇-၄-၂၀၂၀) ရက်နေ့၊ ည တွင် ဓာတ်ခွဲစစ်ဆေးခဲ့သော ကျန်ရှိသည့် (၂၈၅) ဦး၏ ဓာတ်ခွဲနမူနာများအနက် (၆) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ၍ (၂၇၉) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၉၄) ဦးရှိပြီဖြစ်ပါသည်။

၅။ (၁၇-၄-၂၀၂၀)ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုခဲ့သည့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာ အသက် (၇၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအခံရှိသူဖြစ်ပြီး ၄င်း(၁၃-၄-၂၀၂၀)ရက်နေ့တွင် လက္ခဏာများခံစားခဲ့ရသဖြင့် (၁၅-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူခဲ့ပါသည်။ ၄င်းအား COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုပြီးချိန်တွင် (၁၇-၄-၂၀၂၀)ရက်နေ့၌ ဝေဘာဂီအထူးကုဆေးရုံကြီးသို့လွှဲ ပြောင်း၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးခဲ့ရာ (၁၈-၄-၂၀၂၀)ရက်နေ့၊ နံနက် (၂:၅၅) နာရီ အချိန်တွင် သေဆုံးခဲ့ပါသည်။ သေဆုံးရသည့်အကြောင်းရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်းပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့ကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

၆။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင်ကုသမှုပေးနေသည့် လူနာ (၃) ဦးအားလည်း အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုများပေးလျက်ရှိပါသည်။

၇။ သတင်းအကျယ်ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါသည်။

ကျန်းမာရေးနျင့်အားကစားဝန်ကြီးဌာန

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....