အစိမ်းရောင်လမ်း
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

၁။     (၁၄-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၀၉၀) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၄၄၀) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၉၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု

- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခုနှင့်

- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ(၄၇၅) ခု၊

စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၂၄၄) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ 

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၄) ဦးတွေ့ရှိပါသည်။

၂။   သို့ဖြစ်ရာ (၁၅-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၂၉၉)ဦး ရှိပြီဖြစ်ပါသည်။

၃။  (၁၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ (၃၂) ဦး ရှိပြီဖြစ်ပါသည်။

၄။   (၁၄-၉-၂၀၂၀) ရက်နေ့အတွက်  COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၂,၁၀၁) ခု၊ 

- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၈၄) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၉၅၂) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၄၄၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၉၉) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၈) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခုနှင့်

- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၇၅) ခု၊

စုစုပေါင်း (၄,၄၅၈) ခုအား  စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၈၄) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၈၀) ဦး တွေ့ရှိခြင်း ကို  (၁၄-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

https://www.mohs.gov.mm/

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

6
ko phyo

ko phyo

လွန်ခဲ့သော ၅ နှစ် က

ဟုတ် ကျေးဇူးပါခင်ဗျာ

ဇော်မျိုးဝင်း

ဇော်မျိုးဝင်း

လွန်ခဲ့သော ၅ နှစ် က

ဆရာတို့က်ြန္တော

မေဇင်ထွန်း

မေဇင်ထွန်း

လွန်ခဲ့သော ၅ နှစ် က

မဟုတ်ပါဘူးအကိုရေ။ ရောဂါကာကွယ်ဖို့အကောင်းဆုံးကတော့ မလိုအပ်ဘဲအပြင်မထွက်ပါနဲ့။ အိမ်မှာပဲနေပါ။ ထွက်ခဲ့ရင်လဲ mask တပ်ပါ။ ပြန်ရောက်ရင် လက်ကို ဆပ်ပြာနဲ့သေချာဆေးပါ။

ko phyo

ko phyo

လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ အခုလိုဖြေကြားပေးသည့်အတွက် အရက်က ရောဂါကိုကာကွယ်နိုင်တရ်လို့ပြောနေတာကြားမိတရ်ဗျ ဖြစ်နိုင်ပါသလားခင်ဗျာ

မေဇင်ထွန်း

မေဇင်ထွန်း

လွန်ခဲ့သော ၅ နှစ် က

ရောဂါလက္ခဏာအစကတော့ တော်တော်များများ အနံ့မရဝာာကနေစတာပါ။ တချို့ကကျ ဖျားတာကနေလည်း စပါတယ်။ ရောဂါအခံရှိသူတွေ သွေးတိုး ဆီးချို သွေးချိုသမားတွေက ‌ေရာဂါကူးစက်ခံရရင် သေဆုံးနိုင်ချေများပါတယ်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....