အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Green Way
Green Way • 23/09/2020

 (၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ 

၁။     (၂၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၃-၉-၂၀၂၀) နံနက် (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ (၁,၃၁၁) ခု၊

- ဆေးသုတေသနဦးစီးဌာန(DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၉၀) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၉၂) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၃၃) ခု

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၈) ခု၊

- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁,၁၈၉) ခု၊

စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၀၈၃) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၁၆) ဦးတွေ့ရှိပါသည်။

၂။   သို့ဖြစ်ရာ (၂၃-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆,၉၅၉)ဦး ရှိပြီဖြစ်ပါသည်။

၃။    (၂၂-၉-၂၀၂၀) ရက်နေ့အတွက်  COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲ နမူနာ (၂,၃၂၈)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၄၇၂) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၅၅၅) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၈၄) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၁၆၁) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၁၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊

- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁,၁၈၉) ခုနှင့်

- နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၅၃) ခု၊

စုစုပေါင်း (၅,၅၈၂) ခုအား  စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ သစ် (၄၈၉) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇၃) ဦး တွေ့ရှိကြောင်းကို  (၂၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)

၄။    (၂၃-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  ထပ်မံသေဆုံးသူ (၁) ဦး ရှိပါသည်။

၅။    ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၁၆) ဦးရှိပြီဖြစ်ပါသည်။ 

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

https://www.mohs.gov.mm/

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 0 ခု

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။