နွားနို့လုံလောက်ဖို့ နွားမွေးသမားတွေကိုကူညီပေးမဲ့ မလေးရှား
၂၀၂၅ ခုနှစ်ရောက်ရင် နိုင်ငံသားတွေရဲ့နွားနို့သောက်သုံးမှုကို ပြည်တွင်းထုတ်လုပ်မှုနဲ့တင် အပြည့် အဝ ဖူလုံမှုရှိစေဖို့အတွက် မလေးရှားနိုင်ငံက မျှော်မှန်းထားတာပါ။ ဒါကြောင့် ကျွဲ နွား အကောင်ရေ တိုးတက်မွေးမြူလာကြဖို့၊ နွားနို့ထုတ်လုပ်တဲ့လုပ်ငန်းဟာ ရေပန်းစားတဲ့အလုပ်အကိုင်တစ်ခုဖြစ်လာပြီး တောင်သူငယ်တွေ ပိုမိုပါဝင်လာအောင် ကူညီမှုတွေလုပ်သွားဖို့ ရည်မှန်းထားပါတယ်။
လက်ရှိမှာတော့ မလေးရှားဟာ နိုင်ငံရဲ့ တစ်နှစ်တာ နွားနို့သောက်သုံးမှုစုစုပေါင်းရဲ့ တစ်ဝက်အောက်ကိုသာ ပြည်တွင်းမှာထုတ်လုပ်နိုင်နေတာဖြစ်ပြီး ကျန်တာတွေကိုတော့ ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။
လက်ရှိ မလေးရှားနိုင်ငံသားတွေရဲ့ တစ်နှစ်အတွင်းနွားနို့သောက်သုံးမှုဟာ လီတာ သန်း ၈၀ လောက်ရှိပါတယ်။ ဒါဟာ ၂၀၁၀ ခုနှစ်ကစလို့ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၈ ရာခိုင်နှုန်း တိုးမြင့်သောက်သုံးလာခဲ့တာ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေမှာ ကလေးတွေကို နွားနို့သောက်သုံးဖို့ တိုက်တွန်းထားတာကြောင့် နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ နွားနို့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် နောက်ထပ် နွားမကောင်ရေ အနည်းဆုံး ၃၀,၀၀၀ လိုအပ်နေတာ ဖြစ်ပါတယ်။
နို့ဆီအစား နွားနို့ကို ပိုမိုရွေးချယ်လာခြင်းဖြင့် စားသုံးသူတွေရဲ့ ကြိုက်နှစ်သက်မှုပုံစံဟာလည်း ပြောင်းလဲလာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
စိုစွတ်သောရာသီဥတုမှာ ကျွဲ နွား မွေးမြူရန်သင့်တော်ခြင်း
မြို့တော်ကွာလာလမ်ပူရဲ့ သိပ်မဝေးတဲ့ ဘန်ဂီမြို့လေးမှာတောင် ကျွဲနွားတွေကို မလေးရှားနိုင်ငံရဲ့ ပူအိုက်စိုစွတ်တဲ့ရာသီဥတုနဲ့ အကိုက်ညီဆုံးအနေအထားနဲ့ မွေးမြူနေကြပြီ ဖြစ်ပါတယ်။
အဆိုပါခြံတွေမှာ မွေးမြူထားတဲ့ နွားမတွေထဲမှာ ကမ္ဘာပေါ်မှာ နို့ထွက်နှုန်းအမြင့်ဆုံး နို့စားနွားလို့ လူသိများတဲ့ Holstein Friesian မျိုးကွဲတွေနဲ့ ပါကစ္စတန်မှ အပူဒဏ်ခံနိုင်တဲ့ Sahiwal နွားမျိုးကွဲတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
“သင့်တော်တဲ့ နွားမျိုးကိုသာမွေးမယ်ဆိုရင် လေအေးပေးတဲ့ စနစ်အတွက် အများကြီး အကုန်ကျခံစရာမလိုပါဘူး” လို့ မလေးရှား နို့ထွက်ပစ္စည်းထုတ်လုပ်သူ Farm Fresh အဖွဲ့မှ ဘဏ္ဍာရေးအရာရှိချုပ် Khairul Hassan က ပြောပါတယ်။
"နွားတွေရဲ့ နားရွက်မှာ တပ်ဆင်လေ့ရှိတဲ့ ကတ်ပြားတွေဟာ အမှန်တကယ်တော့ RFID (ရေဒီယိုကြိမ်နှုန်း ခွဲခြားသတ်မှတ်ခြင်း) တဲ့ ကဒ်ပြားတစ်ခုဖြစ်ပြီး အဲ့ဒီကနေ ကျွန်တော်တို့အနေနဲ့ နေ့စဉ်တိုးတက်မှုတွေ၊ နွားနို့ ဘယ်လောက်ထွက်နေပြီဆိုတာတွေ၊ ကျန်းမာရေးကောင်းမကောင်းနဲ့ မျိုးပွာနိုင်နှုန်းတွေကို ခြေရာခံစောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်"
နွားတွေကိုထားရှိတဲ့ အဆောက်အအုံတွေဟာ လေ၀င်လေထွက်ကောင်းသလို အပူဒဏ်ကို လျှော့ချဖို့ရာအတွက် အလိုအလျောက် ရေဖျန်းပေးတဲ့စနစ်တွေ တပ်ဆင်ထားတဲ့အပြင် နွားတွေ သက်သောင့်သက်သာဖြစ်နိုင်ဖို့အတွက် သာယာညိမ့်ညောင်းတဲ့ တေးဂီတသံကိုပါ ထုတ်လွှင့်ပေးထားတာ ဖြစ်ပါတယ်။
၎င်းနေရာမှာဆိုရင် နွားတွေဟာ နွားနို့မညှစ်ရသေးခင် အခြားနွားတွေနဲ့ လွတ်လပ်စွာ သွားလာကျက်စားနိုင်မှာလည်း ဖြစ်ပါတယ်။
နွားနို့ညှစ်တဲ့အခန်းမှာဆိုရင် နွားတွေဟာ သူတို့အလှည့်ရောက်ဖို့ တန်းမစီရသေးခင်မှာ ၎င်းတို့ကိုယ်ပေါ်က ရွှံ့တွေကိုဆေးကြောဖို့ အချိန်ကြာကြာ ရေချိုးကြရပါတယ်။
နွားတွေဆီကရရှိတဲ့ စွန့်ပစ်အညစ်အကြေးတွေကိုတော့ ရေရှည်တည်တံ့သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများနဲ့အညီ မြေသြဇာအတွက် ပြန်လည်အသုံးပြုကြတာလည်း ဖြစ်ပါတယ်။
နွားအကောင်ရေ ၆၀ နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က စတင်ခဲ့တဲ့ Farm Fresh အဖွဲ့ဟာ ယခုအခါမှာတော့ နွားအကောင်ရေ ၁၀,၀၀၀ အထိရှိနေပြီ ဖြစ်ပါတယ်။
"ဒါပေမဲ့ လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းက လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး" လို့ Mr Khairul က ပြောပါတယ်။
" မလေးရှားနိုင်ငံသားတွေရဲ့ အမြင်မှာ သြစတြေးလျနွားနို့က ပိုကောင်းတယ်လို့ ယူဆကြတာကြောင့် အစောပိုင်းကာလတွေမှာ လူတွေက ငါတို့ရဲ့ နွားနို့ကို ဝယ်ယူသောက်သုံးအောင်လုပ်ဖို့ ခက်ခဲခဲ့တယ်" လို့ သူက ဆိုပါတယ်။
ဇင်ထူးနိုင်
Ref: https://www.channelnewsasia.com/asia/malaysia-milk-self-sufficiency-help-farmers-3372496
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....