မျိုးစိတ်သစ် Omicron ၏ ထူးခြားသောအချက်များ
- အခြားမျိုးစိတ်များနှင့်မတူဘဲ ကူးစက်နှုန်းမြန်လွန်းခြင်း
Omicron မျိုးစိတ်ကို စတင်တွေ့ရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံက နိုဝင်ဘာလလယ်အတွင်း ကိုဗစ်ရောဂါဖြစ်သူ တစ်နေ့လျှင် အယောက် ၂၀၀ မှ ၃၀၀ အတွင်းရှိခဲ့ရာမှ ဒီဇင်ဘာလအစမှာ တစ်နေ့တည်း ကူးစက်သူပေါင်း ၁၁၅၀၀ ထိ မြင့်တက်သွားပါတယ်။ ဒါ့ပြင် ကမ္ဘာပေါ်မှာရှိတဲ့ တိုက်ကြီးခြောက်တိုက်မှ နိုင်ငံပေါင်း ၂၆ ခုကျော်ထိ ပျံ့နှံ့သွားပြီဖြစ်ပါတယ်။
- ကိုဗစ်ကူးစက်ခံရဖူးသူတွေ ပြန်လည်ကူးစက်နိုင်ခြင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုဗစ်ဖြစ်ဖူးသူတွေက Omicron မျိုးစိတ်ကွဲကြောင့် ရောဂါပြန်လည်ဖြစ်နှုန်း အလွန်များပြားပါတယ်။ ယခင်မျိုးစိတ်ကြောင့် ကိုဗစ်ဖြစ်သူတွေက ယခုမျိုးစိတ်သစ် Omicron ကို ခုခံနိုင်ဖို့ အလွန်နည်းပါးပါတယ်။
- ကိုဗစ်ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်း လျော့ကျနိုင်ခြင်း
လက်ရှိရရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေးတချို့က Omicron ပိုးကို ကာကွယ်နိုင်စွမ်း ၄၀ ရာခိုင်နှုန်းထိ လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးထားတာကြောင့် ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေကတော့ လျော့နည်းနိုင်ပါတယ်။
- ကလေးတွေနဲ့ အသက် ၃၀ အောက်လူငယ်တွေမှာ ပိုမိုကူးစက်နိုင်ခြင်း
- ရောဂါလက္ခဏာ မပြင်းထန်ခြင်း
Omicron မျိုးစိတ် ကူးစက်ခံရသူတွေက ပြင်းထန်တဲ့ ကိုဗစ်ရောဂါလက္ခဏာမရှိသလို ဆေးရုံတက်ရတာ ကိုယ်တွင်းအောက်ဆီဂျင်ပမာဏလျော့ကျတာမျိုးလည်း မရှိသလောက်ပါ။ မောပန်းတာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ လည်ချောင်းယားတာလိုမျိုးလက္ခဏာလောက်ပဲ ပြတတ်ပါတယ်။ ကိုဗစ်ရောဂါရဲ့သဘာဝက ရောဂါတွေ့ရှိပြီး သုံးလေးပတ်အကြာမှ ရောဂါလက္ခဏာက ပြင်းထန်တတ်ပါတယ်။ ပိုးစတင်တွေ့ရှိတဲ့ချိန်နဲ့ သုံးသပ်ချိန်က နှစ်ပတ်သာခြားသေးတာမို့ အတည်ပြုဖို့ စောနေပါသေးတယ်။
Source - ဒေါက်တာခင်မိုးမိုး (၃.၁၂.၂၀၂၁)
Thar Nge
လွန်ခဲ့သော ၄ နှစ် ကomicron ကူးစက်ခံရပါက အိမ်တွင်းကုထုံးဖြင့် ဘယ်လိုကုသလို့ရပါသလဲ
ဆက်စပ်ဆောင်းပါးများ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....