စားကျက်ပင်အတွက် Arachis Pantoi (ပဲပန်းပင်) စိုက်ပျိုးခြင်း
ဝိသေသလက္ခဏာ - မြေလျှောက်ပင်ဖြစ်၍ ထူထပ်စွာပေါက်ရောက်သည်။ နက်ရှိုင်းစွာထိုး ဖောက်နိုင် သော အမြစ်ရှိ၍ အပူပိုင်းစိုပြီး အရိပ်ရသောအပင် များအောက်တွင ်စိုက်ပျိုးနိုင်၏။ မြန်မာနိုင်ငံတွင် သရက်စိုက်ခင်း များအောက်တွင် မြေဆီလွှာထိန်းသိမ်းနိုင်ရန်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြု နိုင်ရန် စိုက်ပျိုးနိုင်သည်။ စားကျက်ခင်းများတွင် မြက်မျိုးများနှင့် ရောနှောစိုက်ပျိုးနိုင်သည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် အာဟာရပြည့်သော တိရစ္ဆာန်အစာရရှိနိုင်ပြီး အစာနုကုန်ကျစရိတ်လျှော့ ကျစေပါသည်။ အဆစ်မှ ထွက် သော အမြစ်များဖြင့် မြေပေါ်တွင် ပျံ့နှံ့နိုင်သည်။ ရေတိုက်စား သောဒေသများတွင် ရေတိုက်စား မှုကာကွယ် နိုင်ရန်စိုက်ပျိုးနိုင်သည်။ အသားဓါတ်ပါဝင်မှုမှာ (၁၅- ၂၀%) ဖြစ်ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ငါး စသည့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည်။ ထုတ်လုပ်မှုတွင် ကုန်ကျစရိတ် သက်သာသော ပဲနွယ်ပင် တစ်မျိုးဖြစ်သည်။ အစေ့ထုတ်ခြင်း၊ အဆစ်ဖြတ် စိုက်ပျိုးခြင်း ပြုလုပ်နိုင်သည်။ အသီးတစ်ခုလျှင် အစေ့ (၁-၂) စေ့ ပါဝင်သည်။ အစေ့စိုက်ပျိုးခြင်းထက် အဆစ်ဖြတ် စိုက်ပျိုးခြင်းကို ပိုမိုပြုလုပ်ကြသည်။ အစေ့ စိုက်ပျိုးခြင်းသည် အဆစ်စိုက် ပျိုးခြင်း ထက် အမြစ်သန်စွမ်းမှု ပိုမိုအားကောင်းသည်။ ရေလွှမ်း မိုးမှုခံနိုင်ပြီး ခြောက်သွေ့ချိန် တွင် ရေလိုအပ်မှုရှိသည်။ တစ်နှစ်လျှင် (၄) လ အထိ ခြောက်သွေ့မှု ခံနိုင်သည်။ သဲအနည်းငယ်ဆန်သောမြေ၊ ရေဝပ်ပြီးစိုစွတ် သောမြေများတွင် ပိုမိုနှစ်သက်သည်။ အပူချိန်မှာ (၂၂-၂၈) ဒီဂရီဆင်တီဂရိတ် တွင်ပိုမိုနှစ်သက်သည်။
ရုက္ခဗေဒအမည် - Arachis Pantoi (ပဲပန်းပင်)
မျိုးကွဲများ - Fabaceae Tribe, Aechynomeneat subtribe,
Stylesanthinae, Secrtion Caulorrhizae.
ဒေသအလိုက်အမည် - Panto Peanut (Australia), Kacang Pinto (Indonesia), Thua Lisong tao (Thailand), Pae Pan (Myanmar).
စိုက်ပျိုးခြင်း
အပင်အဆစ်ဖြတ်စိုက်ပျိုးခြင်း၊ အစေ့စိုက်ပျိုးခြင်းပြုလုပ်နိုင်သည်။ အစေ့စိုက် ပျိုးခြင်းသည် အမြစ်ဖြစ် ပေါ်မှုမြန်စေပါသည်။ စိုက်ပျိုးမည့် မျိုးစေ့များကို (၄၀) ဒီဂရီးစင်တီဂရိတ်တွင် သိုလှောင်ထားရန်လိုပြီး အေး၍ခြောက်သွေ့သောနေရာတွင် ထိန်းသိမ်းရန်လိုအပ်သည်။ မျိုးစေ့ များကိုရိတ်သိမ်းပြီး (၁၀) လ အတွင်းသာ စိုက်ပျိုး သင့်ပါသည်။ (၁၀-၃၀) ကီလိုဂရမ်ကို (၂) ဧက စိုက်ပျိုးနိုင်သည်။ အဆစ်စိုက်ပျိုးလျှင် (၂-၅) စင်တီမီတာ မြေအောက်မြှုတ်၍ စိုက်ပျိုး နိုင်သည်။
နို့စားနွားတစ်ကောင်အတွက် စားကျက်လိုအပ်ချက်
နို့စားနွားမ၏ ပျမ်းမျှကိုယ်အလေးချိန် = ၅၀၀ ကီလိုဂရမ်
မြက်အစိုတွင် ပါဝင်သော ပျမ်းမျှ အစာခြောက် = ၂၀ ရာခိုင်နှုန်
နို့စားနွား၏ တစ်နေ့အစာခြောက်စားသုံးမှု = ၃ ရာခိုင်နှုန်း
ကီလို (၅၀၀) ရှိ နွားမ၏အစာခြောက်လိုအပ်ချက် = ၁၅ ကီလိုဂရမ်/တစ်ရက်
အစာခြောက် (၁၅ ကီလို) ရရှိရန် = ၁၀၀ x ၁၅/၂၀= ၇၅ ကီလို (မြက်အစို)
တစ်နှစ်နွားမ တစ်ကောင် မြက်အစိုလိုအပ်ချက် = ၇၅ x ၃၆၀= ၂.၇ တန်
မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
theinAung
လွန်ခဲ့သော ၁ နှစ် ကWe can use this
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026