ငုံး စနစ်တကျမွေးမြူနည်း
မြန်မာနိုင်ငံအနှံ့အပြားတွင် စီးပွားဖြစ် ငုံးမွေးမြူနေကြသူ များစွာရှိနေပြီး တစ်ကမ္ဘာလုံးငုံးမွေးမြူရေး၏ ၀ ဒသမ ၈၇ ရာခိုင်နှုန်းခန့်ထိ လုပ်ကိုင်နေကြပါသည်။ ငုံးမွေးမြူရေးလုပ်ငန်းသည် နေရာကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦး အရင်းအနှီးနှင့် လုပ်အားမှာလည်း အနည်းငယ်မျှသာ လိုအပ်ပါသည်။
ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုးအမြတ် မြန်ဆန်စွာရရှိပြီး စနစ်တကျ မွေးမြူပါက ကူးစက် ရောဂါ ဖြစ်ပွားမှုလည်း နည်းပါးသဖြင့် မိသားစုဝင်ငွေအတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။
ငုံးမျိုးများ
ငုံးဆိုသည်မှာ ရစ်ငှက်မျိုးနွယ်ဝင် မြေကြီးပေါ်တွင် အသိုက်ပြုလုပ်နေထိုင်တတ်သော ငှက်အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစားသေးကာ ခြေတံတိုသည်။ ငုံး၏ သိပ္ပံအမည်မှာ Coturnix Coturnix ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ငုံးမျိုးစိတ်ပေါင်း ၁၃၀ ကျော်ရှိပြီး ၄င်းတို့၏အရွယ်အစားနှင့် အသွင်အပြင်ကိုလိုက်ကာ အနည်းငယ်မျှသာ ကွာခြားပါသည်။ ကမ္ဘာပေါ်တွင်တွေ့ရသော ငုံးမျိုးစိတ်များမှာ Common quail, Japanese quail, Blue- breasted quail နှင့် Rain quail တို့ဖြစ်ကြပါသည်။
၎င်းတို့အနက် စီးပွားဖြစ်မွေးမြူရာတွင် မွေးမြူမှုအများဆုံးငုံးမှာ Japanese quail ဖြစ်ပြီး တရုတ်နှင့် အရှေ့ တောင်အာရှနိုင်ငံများတွင် ဥစားရန်အတွက် အဓိကမွေးမြူကြကာ ဥရောပနှင့် အမေရိကန်နိုင်ငံများတွင် အသားအတွက် အဓိကထားမွေးမြူကြပါသည်။
မြန်မာနိုင်ငံတွင်မူ Common quail နှင့် Japanese quail တို့ကို ဥနှင့်အသားအတွက် စီးပွားဖြစ် အများဆုံး မွေးမြူကြပါသည်။
စနစ်တကျ ငုံးမွေးမြူနည်း

- ငုံးမွေးမြူရာတွင် ပထမဆုံးအနေဖြင့် မျိုးရွေးချယ်ရပါမည်။ မျိုးရွေးချယ်ရာ၌ ကြီးထွားနှုန်းကောင်းမွန်သော ဥဥနှုန်း ကောင်းမွန်သော ပတ်ဝန်းကျင်ရေမြေရာသီဥတုနှင့် ကိုက်ညီသောမျိုးများကို ရွေးချယ်မွေးမြူသင့်ပါသည်။
- ငုံးများသည် အသက် ၆ ပတ်သားအရွယ်တွင် ဥဥခြင်းစတင်ပြီး တစ်နေ့ ၁ လုံး ဥလေ့ရှိပါသည်။
- ငုံးများသည်အသက် ၄ ပတ်သားအရွယ်ထိ အနွေးဓာတ်ပေးရန်လိုအပ်သောကြောင့် ၁ ပတ်သားအရွယ် ငုံးများကိုရွေးချယ်မွေးမြူမည်ဆိုပါက အနွေးဓာတ်ပေးကာ ပြုစုစောင့်ရှောက်ရပါမည်။
- ဥထုတ်လုပ်မှု ဆောလျင်စွာရလိုပါက အသက် ၄ ပတ်သားအရွယ် ငုံးများကို ရွေးချယ်မွေးမြူသင့်ပါသည်။
- ငုံးတစ်ကောင်သည် ၂ လ မှ ၈ လအထိ ဥဥနှုန်း ကောင်းမွန်တတ်ပြီး နောက်ပိုင်းတွင် ဥနှုန်းကျဆင်းသွားလေ့ရှိပါသည်။
- ဥဥနှုန်း ကျဆင်းသွားသောငုံးများကိုလည်း အသားစားသုံးရန်အတွက် ပြန်လည်ရောင်းချနိုင်ပါသည်။
- ငုံးထီးများ၏ ထင်ရှားသည့်သွင်ပြင်လက္ခဏာမှာ နှုတ်သီး အနည်းငယ်ရှည်ထွက်နေပြီး လည်ပင်းမှာ အနီရောင်သန်းကာ ကျောဘက်တွင် အမည်းပြောက်များရှိပါသည်။
- ငုံးမများသည် ငုံးထီးများထက် အရောင်ပိုဖျော့၍ လည်ပင်းတွင် ဘယက်ကဲ့သို့ အပြောက်များပါသည်။ ငုံးထီးများသည် ငုံးမများထက် မြည်တွန်သံပိုကျယ်ပါသည်။
- မျိုးငုံးများမွေးမြူမည်ဆိုပါက အထီးအမအချိုး ၁ : ၅ ခန့် ထားရှိသင့်ပါသည်။
- မျိုးငုံးဥများကို စက်နှင့်သားဖောက်ပါက ၁၈ ရက်အကြာတွင် အကောင်ပေါက်လာနိုင်ပါသည်။
ခြံတည်ဆောက်ပုံ
- လှောင်အိမ်ကို ဒေသထွက် သစ်၊ ဝါးတို့ဖြင့်လည်းကောက်း၊ သံဆန်ခါကို အသုံးပြု၍လည်းကောင်း တည်ဆောက်နိုင်ပါ သည်။
- အလျား ၄ ပေ ၊ အနံ ၃ ပေ ၊ အမြင့် ၂ ပေရှိ လှောင်အိမ်တွင် ငုံးကောင်ရေ ၅၀ မွေးမြူနိုင်ပါသည်။
- ခြံကိုလေဝင်လေထွက်ကောင်းမွန်သောနေရာတွင် ရွေးချယ်ပြီး မွေးမြူရပါသည်။
- ဥဥနေသော ငုံးမများကို တစ်ရက်လျှင် အလင်းရောင် ၁၆ နာရီရရှိအောင် ဆောင်ရွက်ထားပေးသင့်ပါသည်။
(အပိုင်း-၂ တွင် ငုံးအစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ထုတ်လုပ်မှု၊ အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ စသည်တို့ကို ဆက်လက်ဖော်ပြပေးသွားပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြင်သူ
လွန်ခဲ့သော ၁ နှစ် ကငုံ အသေတ်ကောင်ဘယ်လောက်လဲ
Hnin Hnin Wai
လွန်ခဲ့သော ၁ နှစ် ကဘယ်မှာဝယ်မလဲ
မြင်သူ
လွန်ခဲ့သော ၂ နှစ် ကငုံတစ်ကောင်ဘယ်လောက်လဲ
Paing lay
လွန်ခဲ့သော ၃ နှစ် ကဟုကဲ့ဆရာ ငုံးအစာကရောဘယ်လိုလုပ်လို့ရမလဲဗျ ဝယ်ရတာလား
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး