ကကတစ်ငါး စီးပွားဖြစ်မွေးမြူနည်းများ အပိုင်း(၁)
ကကတစ်ငါး(Sea bass)မှာ စျေးကွက်တွင် ဝယ်လိုအားကောင်းသော တန်ဖိုးမြင့်ငါးအမျိုးအစားဖြစ်ပြီး ပြည်ပပို့ကုန်အဖြစ်လည်း နာမည်ကြီးပါသည်။
ဒါ့ကြောင့် ကကတစ်ငါးကို စီးပွားဖြစ်မွေးမြူလိုသူများအတွက် ကကတစ်ငါး သားပေါက်ပြုစုနည်းနှင့် မွေးမြူနည်းကို အသေးစိတ်လေ့လာရေးသား ဖော်ပြပေးပါမည်။
ကကတစ်ငါး သားပေါက်ပြုစုနည်းနှင့် မွေးမြူနည်း

- ကကတစ်ငါးသားပေါက်များကို ကန်ငယ်ဖြင့်သော်လည်းကောင်း၊ လှောင်အိမ်စနစ် (Cage culture system) ဖြင့်သော်လည်းကောင်း မွေးမြူနိုင်ပါသည်။
- မွေးမြူရာတွင် ပြုစုကန်နှင့် အသားတိုးကန် ဟူ၍ ကန်အမျိုးအစား(၂)မျိုးဖြင့် မွေးမြူရန် လိုအပ်ပါသည်။
သားပေါက်ပြုစုခြင်း (Nursery)
- ကကတစ်သားပေါက်များအား ပြုစုကန်များဖြင့် မွေးမြူရာတွင် မြေသားကန်ဖြင့်သော်လည်းကောင်း၊ လှောင် အိမ်စနစ်ဖြင့်သော်လည်းကောင်း မွေးမြူနိုင်ပါသည်။
- ၀.၅ လက်မမှ ၁ လက်မအရွယ် သားပေါက်များအား စတင်မွေးမြူကာ ၃ လက်မမှ ၄ လက်မအရွယ်သို့ ရောက် ရှိသည်အထိ မွေးမြူသင့်ပါသည်။
- ဤသို့ မွေးမြူခြင်းအားဖြင့် သားပေါက်အချင်းချင်း အစာနှင့် နေရာအတွက် ယှဉ်ပြိုင်ရမှု လျော့ကျစေပြီး အချင်းချင်းသတ်ဖြတ်စားသောက်မှုအား ထိရောက်စွာ လျော့ကျစေပါသည်။
- သားပေါက်ပြုစုမှုကို သစ်သားကန်၊ အုတ်ကန်များဖြင့် ဆောင်ရွက်လေ့ရှိကြသော်လည်း ၎င်းကန်အမျိုးအစားများတွင်ဆိုပါက အစာကြွင်း၊ အစာကျန်များ ကန်အောက်ခြေတွင် စုပုံကာ ဘက်တီးရီးယားများ ပေါက်ဖွားလာပြီး ရောဂါကျရောက်တတ်သည့် အားနည်းချက် ရှိပါသည်။ သို့သော် ယင်းပြဿနာကို စုပုံနေသောအစာများအား ဖယ်ရှားခြင်းနှင့် ပုံမှန်ရေလဲလှယ်ခြင်းအားဖြင့်တော့ ရှောင်ရှားနိုင်ပါသည်။
- သစ်သားကန်၊ အုတ်ကန်များဖြင့် သားပေါက်ပြုစုရာ၌ အားသာချက်တစ်ရပ်မှာ သားပေါက်များအား အရွယ်တူများ ရွေးချယ်စုပေါင်းခြင်း(sorting) ပြုလုပ်ရာတွင် ထိရောက်မှု ကောင်းမွန်ပြီး လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။
(၁) မြေသားကန်ဖြင့် သားပေါက်ပြုစုခြင်း
- မြေသားကန်ဖြင့် သားပေါက်ပြုစုရာတွင် အသုံးပြုသင့်သော ကန်အရွယ်အစားမှာ ၀.၁ ဧကမှ ၀.၅ ဧက အရွယ်ရှိ မြေသားကန်များ ဖြစ်ပါသည်။
- ရေအနက်အနေဖြင့် ၁ ပေခွဲမှ ၂ ပေခွဲ အနက် ရှိသင့်ပါသည်။
- ကန်တွင် ရေသွင်းပေါက်နှင့် ရေထုတ်ပေါက်အား သီးခြားစီ တပ်ဆင်ထားရမည်ဖြစ်ပြီး ရေထုတ်ပေါက်ဘက်သို့ ဆင်ခြေလျှောနိမ့်ဆင်းသွားရမည် ဖြစ်ပါသည်။
- ရေသွင်းပေါက်နှင့် ရေထုတ်ပေါက်များတွင် ၁ မီလီမီတာအရွယ် အပေါက်များပါရှိသော ဆန်ကာများ တပ်ဆင်ထားရန် လိုအပ်ပြီး ထိုသို့တပ်ဆင်ထားခြင်းဖြင့် ပြင်ပမှသားစားငါးများ၊ အစာလုဖက်ငါးများ ဝင်ရောက်လာမှုကို ကာကွယ်ထားရမည်ဖြစ်ပါသည်။
- သားပေါက်ထည့်သွင်းမှု နှုန်းထားမှာ ၃ ပေပတ်လည်တွင် ၀.၄ လက်မမှ ၁ လက်မအရွယ် သားပေါက်ကောင်ရေ ၂၀ မှ ၅၀ ကောင်နှုန်း( ၁ ဧကလျှင် သားပေါက်ကောင်ရေ ၈၀၀၀၀ မှ ၂၀၀၀၀၀ နှုန်း) ဖြစ်ပါသည်။
- ကန်ပြင်ဆင်မှုနှင့် စီမံခန့်ခွဲမှုမှာ သာမန်ကန်များအတိုင်း ဆောင်ရွက်နိုင်ပြီး သားပေါက်ထည့်သွင်းမှုကို နံနက်စောစော (သို့မဟုတ်) ညနေပိုင်းတွင် အပူချိန်နှင့် အငန်နှုန်းအား အသားကျစေရန် (acclimatized) ဆောင်ရွက်ပြီးမှ ထည့်သွင်းသင့်ပါသည်။
- ကန်ရေအား နေ့စဉ် ၃ဝ ရာခိုင်နှုန်း လဲလှယ်ပေးနိုင်ပါက အကောင်းဆုံး ဖြစ်ပါသည်။
- ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် အစာကြွင်း၊ အစာကျန်များမှ သော်လည်းကောင်း၊ သဘာဝအစားအစာများကြောင့်သော်လည်းကောင်း ရေ၏အရည်အသွေးကျဆင်းခြင်းကို ကာကွယ်နိုင်ပါသည်။
(၂) လှောင်အိမ်စနစ်ဖြင့် သားပေါက်ပြုစုခြင်း
- စတုဂံပုံ ဆန်ကာပိုက်ကို အမာခံသစ်သားဘောင်ပေါ်တွင် တပ်ဆင်ပြီး ပလတ်စတစ်ဖော့တုံးများ (Styrofoam)၊ ပလတ်စတစ် (သို့မဟုတ်) သံစည်ပိုင်းများတပ်ဆင်ပြီးရေပေါ်တွင်ပေါလောပေါ်စေသည့် ရေပေါ်လှောင်အိမ်ပုံစံ( floating type) အနေဖြင့်သော်လည်းကောင်း၊ ဝါး(သို့မဟုတ်) သစ်သားတိုင်များဖြင့် စိုက်ထူထားသော အခြေစိုက်ပုံစံ (stationary type) ဖြင့်သော်လည်းကောင်း ကကတစ်သားပေါက်ပြုစုခြင်းကို ဆောင်ရွက်နိုင်ပါသည်။
- လှောင်အိမ်အရွယ်အစား အနေဖြင့် ၁.၀ မီလီမီတာ ဆန်ကာပိုက်တပ်ဆင်ထားသော ၁၀ ပေ x ၃ ပေ x ၃ ပေ အရွယ်မှ စတင်ကာ ၁၅ ပေ x ၆ ပေ x ၃ ပေ အရွယ်အစားများကို အသုံးများကြပါသည်။
- ၎င်းလှောင်အိမ်များကို မြစ်အတွင်း၊ ကမ်းခြေများနှင့် ကန်အတွင်းတွင်လည်းကောင်း တပ်ဆင်ထားနိုင်ပါသည်။
- နေရာရွေးချယ်ရာတွင် ဇီဝညစ်ညမ်းမှုကင်းစင်ပြီး ရေစီးအား မပြင်းထန်သည့်နေရာအား ရွေးချယ်သင့်ပါသည်။
- လှောင်အိမ်ဆန်ကာများအား ညစ်ညမ်းစေသောပစ္စည်းများ ပိတ်ဆို့နေခြင်း၊ ပေါက်ပြဲနေခြင်းများ မရှိစေရန် ပုံမှန်စစ်ဆေးနေရန် လိုအပ်ပါသည်။
- ရေလဲလှယ်မှုအား အထူးပြုလုပ်ရန် မလိုအပ်ဘဲ သဘာဝအတိုင်း ရေစီးရေလာဖြင့်သာ လဲလှယ်သွားမည် ဖြစ်ပါသည်။
- သားပေါက်ထည့်သွင်းနှုန်းအနေဖြင့် ၃ ပေပတ်လည် ဧရိယာတွင် သားပေါက် ၈၀ မှ ၁၀၀ ကောင်နှုန်း ( ၁ ဧကလျှင် ၃၂ဝဝဝဝ မှ ၄ဝဝဝဝဝ ကောင်နှုန်း ) ဖြင့် ထည့်သွင်းနိုင်ပါသည်။
- မွေးကာလ ၃၀ ရက်မှ ၄၅ ရက်သားရရှိချိန် (သို့မဟုတ်) သားပေါက်အရွယ်အစားအနေဖြင့် ၂ လက်မမှ ၄ လက်မအရွယ် ရောက်ရှိချိန်တွင် အသားတိုးကန်များ အတွင်းသို့ မထည့်သွင်းမီ အရွယ်အစားအလိုက် အုပ်စုများခွဲခြင်း(sorting) ပြုလုပ်ပေးရန် လိုအပ်ပါသည်။
- အသားတိုးကန်များအတွင်း ကြီးထွားနှုန်းကောင်းမွန်မှု၊ ရှင်သန်နှုန်းကောင်းမွန်မှုနှင့် ကကတစ်သားလောင်းများ အချင်းချင်း ပြန်လည်စားသောက်မှုတို့သည် ထည့်သွင်းမွေး မြူသော ကကတစ်သားလောင်းများ၏ ထည့်သွင်းမွေးမြူနှုန်းအပေါ်တွင် မူတည်နေကြောင်း လေ့လာတွေ့ရှိရပါသည်။
Ref: ငါးလုပ်ငန်းသင်တန်းကျောင်းမှ ပို့ချသော ငါးမွေးမြူနည်းစနစ်များ။
(အပိုင်း - ၂ တွင် လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်း၊လှောင်အိမ်တည်ဆောက်ပုံ၊ ရေပေါ်လှောင်အိမ် အမျိုးအစား စသည်တို့ကို ဖော်ပြပေးပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မွေးမြူနည်း
စောအောင်မျိုးဟိန်း
လွန်ခဲ့သော ၂ နှစ် ကအမရေသားပေါက်ကဘယ်မှာဝယ်လို့ရလဲဗျ
San Thein
လွန်ခဲ့သော ၂ နှစ် ကသားဖောက်တွေဘယ်ကရနိုင်မလဲခင်ဗျာ
sar law eh gay
လွန်ခဲ့သော ၂ နှစ် ကငါးဆေးထိုးသားဖောက်သင်တန်းတတ်ချင်ပါတယ်
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကအမရေဖုန်းနာပတ်လေးပေးလို့ရမလာ
နှင်းဖြူဖြူ
လွန်ခဲ့သော ၃ နှစ် ကရှိပါတယ်။ ဘယ်မြို့ကလဲ မသိ။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026