သားထိန်းဝက်မအကြောင်း သိကောင်းစရာ
သတ္တဝါတိုင်းအတွက် ကိုယ်လက်အင်္ဂါလှုပ်ရှားမှုမှာ မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ လှုပ်ရှားမှုမရှိသော သတ္တဝါများသည် ချိနဲ့နုံချာသွားမှာ အသေအချာပါ။ ထို့ကြောင့် သားထိန်းဝက်မများမွေးထားပြီဆိုလျှင် ထိုကဲ့သို့မဖြစ်အောင် ထိန်းထားရပါမည်။
သားထိန်းဝက်မများ-
၁။ အညောင်းအညာပြေစေဖို့ မနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ် ခြံထဲကလွှတ်ပြီး ကျောင်းပေးသင့်ပါသည်။
၂။ ဝက်တွေလူးဖို့အတွက် လူးကျင်းများလည်း ထားပေးသင့်ပါသည်။ သတိထားရမည်မှာ ဝက်လူးကျင်းများမှာ ပါရာဆိုက်များမရှိအောင် ဂရုစိုက်ရပါမည်။ ပါရာဆိုက်ဆိုသည်မှာ ကပ်ပါးကောင်များဖြစ်ပြီး အခြားသက်ရှိများကို မှီခိုကပ်တွယ်ပြီး အသက်ရှင်သော သတ္တဝါများဖြစ်ပါသည်။ ထို့ကြောင့် သားထိန်းဝက်မများမှာ ထိုကဲ့သို့ကပ်ပါးကောင်များ ကပ်တွယ်မလာစေရန် လူးကျင်းများကို သန့်ရှင်းအောင်ထားပေးဖို့ လိုပါသည်။
၃။ သားထိန်းဝက်မများအတွက် အစာကအရေးကြီးသဖြင့် သားပေါက်ပြီးစချိန်တွင် အားနည်းနေမှာပဲဆိုကာ အစာများများကျွေးရန် မသင့်ပါ။ သားပေါက်ပြီး (၅-၇)ရက်ထိ တဖြည်းဖြည်းနဲ့ နည်းနည်းစီတိုးပြီး ကျွေးရပါမည်။ လိုအပ်သောအစာပမာဏမှာ ဝက်မကြီးတစ်ကောင်အတွက် -(၀.၂၅)ပိဿာဖြစ်ပြီး ဝက်ကလေးတစ်ကောင်အတွက် - (၂၅)ကျပ်သားလောက် ပိုမို ထည့်ကျွေးသင့်ပါသည်။
သားထိန်းဝက်မများအတွက် အစာစပ်ရာတွင်
- အဆီများသော အစာ၊ အဆီလွန်ကဲစေမည့် အစာများကို ရှောင်ပါ။
- ဗီတာမင်ဓါတ်ပါသော ဟင်းသီးဟင်းရွက်စိမ်း၊ မြက်၊ ဝမ်းမချုပ်စေရန် ဖွဲနုကြမ်းနည်းနည်းထည့်ပြီး ရောစပ်ကျွေးပေးရပါမည်။
ထိုအချက်များကို ဂရုတစိုက်လုပ်ပေးမည်ဆိုလျှင် သားထိန်းဝက်မများ ရောဂါကင်းဝေးပြီး ကျန်းမာကြမည်ဖြစ်သည်။
ဦးဇော်(dof)
Ref; ဆရာကောင်းထက်၏ သားထိန်းဝက်မအကြောင်း စာစုမှ ကောက်နုတ်ဖော်ပြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကယခုထက်ပိုပြီးဝက်မွေးမြူရေးအကြောင်းကိုသိခြင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....