စားကျက်ပင် ဘာကြောင့် စိုက်ရတယ်.........
စားကျက်ပင်သည် ကျွဲ၊ နွား၊ သိုး၊ ဆိတ် များ၏အစာအဖြစ် အသုံးပြုနိုင် သော စားကျက်မြက်များ၊ စားကျက်ပဲနွယ်ပင်များကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် ကျွဲ/နွားများမှာ ဖွံ့ဖြိုးမှုမရှိသော သဘာဝစားကျက်များကိုသာ မှီတင်းရှင်သန်နေ ကြရသည်။ သဘာဝစားကျက်ခင်းမှ ရရှိသောအစာမှာ အာဟာရဓာတ် နည်းပါးမှု ကြောင့် ကျွဲ/နွားများမှာ ကြီးထွားနှုန်း နှေးကွေး၍ အရွယ်ရောက်မှုနောက်ကျ၏။ ထို့ကြောင့် ကျွဲ/နွားမွေးမြူရေးလုပ်ငန်း ထွန်းကားလိုလျှင် သဘာဝစားကျက်များ ကိုပြုပြင်၍၊ အာဟာရဓာတ်မြင့်မားသော အထွက်နှုန်းကောင်းသည့် အဆင့်မြင့်စား ကျက်များကို ပြုစုပျိုးထောင်ကြရပေမည်။
စားကျက်ပင်များသည် တိရစ္ဆာန်များမွေးမြူရာတွင် ကုန်ကျစရိတ် သက်သာသော၊ မွေးမြူရေးလုပ်ငန်း အထောက်အကူပြုသော စိုက်ပျိုးသီးနှံအဖြစ် မှတ်ယူစိုက်ပျိုးရပေမည်။
တိုးတက်ပြန့်ပွားလာသော မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များအတွက် အာဟာရ ပြည့်ဝသော အရည်သွေးမြင့် တိရစ္ဆာန်အစာ စားကျက်ဖွံ့ဖြိုးရေး လုပ် ငန်းအောင်မြင်ခြင်းဖြင့် နို့နှင့်အသားကဏ္ဍ တိုးမြင့်လာမည်ဖြစ်သည်။
ရည်ရွယ်ချက်
(၁) အာဟာရ ပြည့်ဝသော အဆင့်မြင့်စားကျက်များ ပြုစုပျိုးထောင်ပေးရန်၊
(၂) အစာရှားပါးချိန်တွင် သိုလှောင်ကျွေးမွေးနိုင်ရန်၊
(၃) တိရစ္ဆာန် ကြီးထွားနှုန်း ၊ သားအောင်နှုန်း၊ သားပေါက်နှုန်း၊ ထုတ်လုပ်မှုနှုန်း
ကောင်းမွန်စေရန်၊
(၄) တန်ဖိုးကြီးအစာနုများ ဖြည့်စွက်ကျွေးမွေးခြင်းမှ အာဟာရပြည့် စားကျက် ပင်များကို အစားထိုးကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှုတန်ဖိုးသက်သာစေရန်၊
အဆင့်မြင့်စားကျက်များစိုက်ပျိုးထုတ်လုပ်ခြင်း
ကျွဲ၊ နွားမွေးမြူရေး မအောင်မြင်မှုသည် အာဟာရချို့တဲ့မှုမှ အရင်းခံဖြစ် သည်။ မွေးမြူသူအများစုသည် ကောက်ရိုးကို အစာကြမ်းအဖြစ် အသုံးပြုကြ သည်။
ကောက်ရိုးမှာ အစာကြမ်းဖြစ်သည့် အလျောက် အသားဓာတ်နှင့် အစာခြေ ချက်နိုင်မှုစွမ်းအား နည်းပါးခြင်းကြောင့် ထုတ်လုပ်မှုများ ကျဆင်းပြီး၊ အသေအ အပျောက်များခြင်း၊ မျိုးအောင်မှု ညံ့ဖျင်းခြင်း၊ ကြီးထွားနှုန်း နှေးခြင်း၊ အကျိုး မြတ်နည်းခြင်း စသည့်ရလဒ်များနှင့်သာ ကြံတွေ့ရသည်။
အစာနုသည် အာဟာရပြည့် ဝစွာပါဝင်သော်လည်း စျေးနှုန်းကြီးပြီး ထုတ် လုပ်မှုကုန်ကျစရိတ် မြင့်မားသည့်အပြင် လိုအပ်သည်ထက်ပိုကျွေးလျင် ဆိုးကျိုး များသာ ကြုံတွေ့စေနိုင်သည်။
တိရစ္ဆာန်များအတွက် အရည်သွေးကောင်း၍ ထွက်နှုန်းမြင့်မားသော စား ကျက်ပင်များ စိုက်ပျိုးပြီးနောက် မှန်ကန်သော ထိန်းသိမ်းမှုနည်းစနစ်ဖြင့် တစ်နှစ် ပတ်လုံး အစားအစာ ဖူလုံစေရန် ဖန်တီးသင့်သည်။
ထို့ကြောင့် စားမြှုံ့ပြန်ဖို့တွက်သာ အသုံးပြုရန်သင့်တော်သော ကောက်ရိုး အစား အာဟာရပြည့် စားကျက်ပင်များ အစားထိုးကျွေးမွေးနိုင်ရန် စိုက်ပျိုး ရာသီ တွင် ထုတ်လုပ်မှုကောင်းများရရှိအောင်ဆောင်ရွက်ပြီး၊ ခြောက်သွေ့ရာသီအတွက် ချဉ်ဖတ်ပြုလုပ် သိုလှောင်ကျွေးမွေးနိုင်မှသာ နို့စားနွားများ အရည်သွေးနှင့် အရေ တွက်ပါ တိုးတက်လာပေလိမ့်မည်။
(က) မြက်မျိုးများရွေးချယ်ရာတွင်စဉ်းစားရမည့်အချက်များ
(၁) တိရစ္ဆာန်များအတွက် အရသာကောင်းခြင်း၊ အစာစားချင်စိတ် မြင့်မားခြင်း၊
(၂) အထွက်နှုန်းမြင့်မားခြင်း၊
(၃) အာဟာရဓာတ်မြင့်မားခြင်း(အသားဓာတ်/စွမ်းအင်ဓာတ်)၊
(၄) စိုက်ပျိုးမည့်ဒေသ၏ ရာသီဥတုနှင့် မြေအမျိုးအစားကိုက်ညီမှု ရှိခြင်း၊
(၅) အသုံးချခြင်း (ရိတ်ကျွေးခြင်း၊ လွှတ်ကျောင်းခြင်း၊ မြက်ခြောက် /ချဉ်ဖတ်)
(ခ) စားကျက်မျိုးများရွေးချယ်စိုက်ပျိုးခြင်း
မိုးရွာသွန်းမှုနှင့် ပင်လယ်ရေမြက်နှာပြင် အထက်ရှိ မြေမျက်နှာပြင်အ နိမ့်အမြင့်တို့သည်လည်း စားကျက်ပင်တို့၏ ဓာတုဖွဲ့စည်းမှုနှင့် ဆက်နွယ် နေသဖြင့် သင့်လျော်သော စားကျက်ပင်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် စားကျက်ပင်တို့၏ ထုတ်လုပ်မှု စွမ်းအားကို တိုးတက်စေပါသည်။ ထို့ ကြောင့် မိမိဒေသနှင့် ကိုက်ညီဖြစ်ထွန်းနိုင်သော မျိုးစိတ်များကို ရွေးချယ် စိုက်ပျိုးသင့်ပါသည်။ ခြောက်သွေ့သော ရာသီတွင် စားကျက်မြက်များကို စိုက်ပျိုးလျှင် ရေရရှိနိုင်မှုအပေါ်မူတည်၍ စားကျက်ပျိုးခင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။
မှတ်ချက် ။ မြေအရည်အသွေးကောင်းလျင် အာဟာရပြည့်ဝသော အစာရရှိနိုင်ပြီး ထွက်နှုန်းကောင်းမွန်ကာ တိရစ္ဆာန်အတွက်လည်း အာဟာရပြည့်သော အစာဖြစ်စေပါသည်။
မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး