ကြက်အမွှေးဆိတ်ရခြင်းအကြောင်းတရားများနှင့် ဖြေလျော့နိုင်မည့်နည်းများ
အမွေးဆိတ်ခြင်းနှင့် အသားစားခြင်းအလေ့အထ၏ ဖြစ်နိုင်ဖွယ်ရှိသော အကြောင်းအရာများစွာရှိသည်ကို ဖော်ပြလိုက်ပါရစေ။
ကြက်များ သိပ်သည်စွာထားခြင်း
ကြက်များကို လုံလောက်သော နေရာအကျယ်အ၀န်းမပေးဘဲ မွေးမြူသောအခါ stress ရစေခြင်း၊ အစာရေစာလုယက်စားသောက်ရာမှ တစ်ကောင်ကိုတစ်ကောင် ဆိတ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။
အပူလွန်ကဲခြင်း
ကြက်ခြံတွင် အပူလွန်ကဲပါက stress ရခြင်း၊ သက်တောင့်သက်သာမရှိခြင်းတို့က အမွှေးဆိတ်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် အပူသက်သာစေရန် မျက်နှာကျက်တပ်ဆင်ပေးခြင်း၊ လေပန်ကာတပ်ဆင်ခြင်း၊ သောက်ရေတွင် ရေခဲထည့်၍ သောက်ရေကို အေးမျှစေခြင်းဖြင့် အပူကိုသက်သာစေကာ အမွေးဆိတ်ခြင်းကို ကာကွယ်နိုင်ပါသည်။
အလင်းရောင်များစွာပေးခြင်း
အလင်းရောင် လုံလောက်စွာနှင့် ကြာမြင့်စွာပေးခြင်းသည် ကြက်ဥထုတ်လုပ်မှု ထိန်းထားနိုင်ရန် အလွန်အရေးကြီးသော အကြောင်းအရာဖြစ်သည်။ အထူးသဖြင့် ဆောင်းရာသီတွင် နေ့တာတိုတတ်ရာ လျှပ်စစ်မီးဖြင့် အလင်းရောင်ပေးရပါသည်။ အကောင်းဆုံးမှာ နေ့အလင်းရောင် (day light) ကဲ့သို့ အလင်းရောင်မျိုး ဖြစ်သင့်သည်။
သို့ရာတွင် ဥကြက်များအတွက် အလင်းရောင်အလွန်စူးခြင်း၊ (15 lux ထက်ပိုခြင်း) အချိန်အားဖြင့် နေ့ ညပေါင်း ၁၆ နာရီထက်များခြင်းက ပြဿနာကိုဖြစ်စေသည်။ ထိုအခါ ဆိတ်ခြင်းကို အားပေးရာရောက်ပါသည်။ red bulb (အနီရောင်မီးလုံး ) ဖြင့် အလင်းပေးခြင်းသည် ဆိတ်ခြင်းကိုသက်သာစေသည်။
မဆီလျှော်သောအာဟာရ
သန့်ရှင်းလတ်ဆတ်သော ရေနှင့် အစာတို့ကို တိုက်ကျွေးခြင်းဖြင့် ကြက်တို့ကျန်းမာရေး ကောင်းစေပါသည်။
အချို့သော အာဟာရအကြောင်းအရာများသည် အမွှေးဆိတ်ခြင်းကို အားပေးပါသည်။ ဥပမာ ဆိုဒိယမ်နှင့် ဖော့စဖောရပ်စ်လျှော့နည်းလျှင် အမွှေးဆိတ်ခြင်းကို ဖြစ်စေသည်။ အစာတွင် Energy များခြင်း၊ အမျှင်ဓာတ်နည်းခြင်းသည်လည်း ကြက်တို့ကိုရန်လိုစေသည်။ အလားတူ အသားဓါတ်ဖြစ်သော methionine, typtophan လျှော့နည်းခြင်းသည်လည်း အမွှေးဆိတ်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် အာဟာရမျှတစွာကျွေးမွေးရန် လိုပါသည်။ ပုံမှန်အားဖြင့် ကြက်တို့သည် ၄င်းတို့နိုးထချိန်၏ ၅၀-၆၀% သောအချိန်မှာ အစာစာခြင်းဖြင့် ကုန်လွန်စေပါသည်။
ထို့ကြောင့် ဥကြက်မများကို အစာတောင့်ကျွေးခြင်းသည် စားနှုန်းမြန်စေပြီး အခြားကြက်များကို နှောက်ယှက်ထိုးဆိတ်တတ်သည်။ ထိုအခါမျိုးတွင် အစာတောင့်အစား အစာမှုန့် (mash) ကို ကျွေးခြင်းဖြင့် အမွှေးဆိတ်ခြင်းကို လျှော့ချနိုင်ပါသည်။
ကြက်များအတူရောနှောထားခြင်း
မျိုးဗီဇ၊ အသက်အရွယ်၊ အရောင်အသွေး၊ အရွယ်အစားမတူသည့် ကြက်များကို အတူရောနှောထားလျှင် တစ်ကောင်ကိုတစ်ကောင် ရန်လိုအနိုင်ကျင့်တတ်ပါသည်။ ကြက်ကြီးမျိုးထက် ကြက်ငယ်မျိုးက ရန်လိုတတ်မှုများသည်။
အသေကောင်
ကြက်တို့သည် နှုတ်သီးဖြင့်ဆိတ်ကာ စပ်စုတတ်သော အမူအကျင့်ရှိသည်။ ခြံတွင်း ပီနံအိတ်ခွံများကိုပင် ထိုးဆိတ်ကာ ဖွာရာကျဲနေအောင် ပြုလေ့ရှိသည်။ အကယ်၍ ၄င်းတို့အနီးတွင် အခြားကြက်သေကောင်ရှိလျှင်သော်လည်းကောင်း၊ မကျန်းမာသောကြက် ရှိနေလျှင်သော်လည်းကောင်း ဆိတ်ရာမှ အသားများကိုပင် စားသောက်တတ်သည်။ ထို့ကြောင့် နာမကျန်းကြက်များ အသေကောင်များကို တွေ့ရှိလျှင် ချက်ခြင်းဖယ်ရှားထားသင့်သည်။
အမွှေးပေါက်နှေးသောကြက်များ
မျိုးရိုးဗီဇအရ အမွှေးပေါက်နှေးသောကြက်မျိုးနှင့် မြန်သောကြက်မျိုး ရောနှောမမွေးမြူသင့်ပေ။အမွှေးပေါက်နှေးသည့်ကြက်သည် နူးညံ့သောအမွှေးနုရှိချိန် ကြာရှည်နေတတ်သဖြင့် အခြားကြက်များက အမွှေးနုကိုဆိတ်တတ်ပါသည်။
နှုတ်သီးဖြတ်ခြင်း (Debeaking)
အမွှေးဆိတ်ခြင်းကို ကာကွယ်ရန်နည်းလမ်းတစ်ခုအဖြစ် ကြက်များကို နှုတ်သီးဖြတ်ခြင်းကို (၁၀) ရက်သား၀န်းကျင်တွင်လည်းကောင်း၊ တိခြင်း ( beak trimming) ကို ၁၀ ပတ်သား၀န်းကျင်တွင် လည်းကောင်း ဆောင်ရွက်ကြပါသည်။ နောက်ပိုင်းကာလများတွင် infra-red beak trimming ကို အသုံးပြုခြင်းဖြင့် ကြက်များနာကျင်မှု သက်သာစေသည့်နည်းကို ပြောင်းလဲဆောင်ရွက်လာကြပါသည်။
မြန်မာနိုင်ငံရှိ တချို့ကုမ္ပဏီများမှာ ဖေါက်စက်မှထွက်စဉ်တွင် လေဆာဖြင့် နှုတ်သီးဖြတ်ခြင်းကို စတင်ဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း ပုံမှန်တိကျခြင်းမျိုးဖြင့် အသားကျနေရာ နှုတ်သီးတိခြင်းကိုတော့ ပြန်လုပ်ကြရသည်ကိုတွေ့ရပါသည်။
ဆိတ်ခြင်းသက်သာအောင် ကြက်ကိုမျက်မှန်တပ်ပေးခြင်းလုပ်ခဲ့သည်ကိုလည်း နယ်သာလန်နိုင်ငံ pouitry museum တွင် ပြသထားသည်ကို မြင်တွေ့ဖူးပါသည်။ ၄င်းနိုင်ငံတွင် ကြက်များကို လှောင်အိမ်မပါဘဲ (non-cage) ဖြင့် မွေးမြူကြပြီး အိပ်တန်းများပေးထားခြင်းဖြင့် ဆိတ်ခြင်းကို သက်သာစေသည်ဟု လေ့လာသိမှတ်ခဲ့ရပါသည်။ ကြက်များ တစ်ကောင်ကိုတစ်ကောင် ဆိတ်သည့်အလေ့အထကို အထက်ဖော်ပြပါအကြောင်းများအလိုက် ဖြေလျှော့သက်သာနိုင်သကဲ့သို့ ကန်စွန်းရွက်၊ ဗေဒါရွက်ကျွေးခြင်း၊အရောင်ရှိသောပလတ်စတစ်များအား ကစားစရာလေးအဖြစ် ကြက်များအနားတွင် ထားပေးခြင်းသည်လည်း လျှော့ချဖယ်ရှားစေနိုင်ပါသည်။ ကြက်မွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည့် မည်သည့်အခက်အခဲမျိုးကိုမဆို အချိန်မီသိရှိဖြေရှင်းကာ ထုတ်လုပ်မှုစွမ်းရည် မြင့်မားကြပါစေကြောင်း တင်ပြလိုက်ရပါသည်။
Refrence:
1. Cannibalism in Poultry; Amy Halls,Monogastric Nutritionist Nutreco Canada Inc.January 2011
2. Are Your Birds Hen-Pecked? Pecking and Cannibalism in PoultryAmy E.Halls, M.Sc.-mono-gastric nutrionist.
3. Cloutier,2000.Cannibalistic behavior spread by social learning.
4.Scheideler, S.E, and S. Shields.2007.Cannibalism by poultry University of Institute of Agriculture and Natural Resources.
5.ဒေါက်တာ ညွန့်ရွှေ၏” အမွေးဆိတ်ခြင်းနှင့် အသားစား
ခြင်း အလေ့အထ “ ဆောင်းပါး။
လင်းနိုင်
လွန်ခဲ့သော ၄ နှစ် ကကြက်မွေမြူရေးသမားပါခင်ဗျာ
Than Naing
လွန်ခဲ့သော ၄ နှစ် ကဒေသကြက် အစာစပ်နည်းသိချင်ပါတယ် ဆရာ
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကသထိန်းချုပ်ခြင်း • ရေဖျဉ်းဖြစ်ရသည့် အဓိကအကြောင်းမှာ ကြီးထွားမှုနှုန်းမြန်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ကြီးထွားမှုနှုန်းကို လျှော့ရန် ဂျုံ၊ ပြောင်းနှင့် ရောစပ်ထားသော အစာစပ်ဆေးများကို ကြက်များ ပြန်ကောင်းလာသည်အထိ ထည့်ကျွေးပေးရပါမည်။ • အချို့မှာ အစာကို လျှော့ကျွေးခြင်းဖြင့် ရေဖျဉ်းကြောင့်ဖြစ်သည့် သေနှုန်းကိုလည်း လျှော့ချနိုင်ပါသည်။ • Vitamin – E + Selenium ကလည်း ရေဖျဉ်းရောဂါ ထိန်းချုပ်ရာတွင် ကောင်းကျိုးရစေပါသည်။ • Vitamin – C (550ppm) ကို အသုံးပြုခြင်းကလည်း အကျိုးဖြစ်ထွန်းသည်ဟု မှတ်တမ်းများအရ သိရပါသည်။ • အမိုးနီးယားဖြစ်ပေါ်မှုကို ထိန်းချုပ်ပေးသော အစာစပ်ဆေးများလည်း ဈေးကွက်ထဲတွင် ရှိပါသည်။ • လေဝင်လေထွက်ကောင်းရန် ပြုလုပ်ခြင်းသည် အကောင်းဆုံးအချက် ဖြစ်သည်။ ရေဖျဉ်းရောဂါ တစ်ကြိမ်ဝင်ပြီးသော ကြက်ခြံသည် ထိန်းချုပ်ရန် ခက်ခဲလာပါသည်။ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ • အပူချိန်ကို တည်ငြိမ်အောင်ထိန်းပေးပါ။ • လေအရည်အသွေး ကောင်းမွန်အောင် စီမံပါ။ • အခင်း၏စိုထိုင်းဆ အမြင့်ဆုံးဖြစ်ပါစေ။ • ဖိစီးမှုဒဏ်အမျိုးမျိုး (အပူဒဏ်၊ အအေးဒဏ်) လျှော့ချပါ။ • ကြက်များ ပြွတ်သိပ်မနေပါစေနှင့်။ • အစာခွက်ထဲတွင် ကြက်စာအမြဲရှိနေပါစေ။ • အစာနှင့် ရေကို ကြက်များ လွယ်ကူစွာစားသောက်နိုင်သော နေရာလွတ် ရှိပါစေ။ • တည်ငြိမ်သင့်တင့်သော အလင်းပြင်းအား ရရှိပါစေ။ အချုပ်အားဖြင့် ဆိုရသော် • ရေဖျဉ်းရောဂါအတွက် ကုထုံးအတိအကျ မရှိသေးပါ။ • ဖိစီးမှုဒဏ်ဖြစ်စေမည့် အရာအားလုံးကို နည်းမျိုးစုံဖြင့် လျှော့ချရပါမည်။ • စီမံခန့်ခွဲမှုအမှားများကို တစ်ချိန်တည်းမှာ အာရုံစိုက်ပြုပြင်ရန် ခက်ခဲသော်လည်း မိမိ၏ကြက်အုပ်စု တိုးတက်ကောင်းမွန်ရန် အဆင့်သေးသေးလေးများကစ၍ တတ်နိုင်သလောက် စတင်လုပ်ဆောင်ရမှာ ဖြစ်ပါသည်။ • ဒီစိန်ခေါ်မှုများကို ထိန်းချုပ်ရင်ဆိုင်နိုင်ရန် ကိုက်ညီသောစကားတစ်ခွန်းမှာ “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်း၏” သာ ဖြစ်ပါသည်။
Thit Yaee Nae
လွန်ခဲ့သော ၄ နှစ် ကကျွန်မက အိမ်မွေး တိရစ္ဆာန် အနေနဲ့ ကြက်ကလေး၂ကောင်ကိုမွေးထားတာပါ အခု ကျွန်မရဲ့ ကြက်မကလေးက ၈လ အရွယ်ပါ ကလေးလေးတွေလဲပေါက်ထားပါတယ်ရှေ့လကပါ ဒီနေ့ ကြက်မကလေးက အချိန်တိုင်းလိုလို ၀ပ်လို့ဘဲနေပြီးတော့ အစာလဲမစားပါဘူး သူ့အစာအိမ်ထဲမှာလဲ အရည်တွေချည်း ဖြစ်နေပါတယ် (စမ်းကြည့်လိုက်တာပါ) အဲ့တာကြောင့်စိတ်ပူလို့ google မှာရှာရင်းက တွေ့လို့ လာမေးတာပါ အကူအညီပေးကြပါဦးနော် ကျွန်မအတွက် တကယ့်ကို သမီးလေးလိုဖြစ်နေလို့ပါ...ဒီဘက်မှာက တိကုဆရာ၀န်လဲမရှိဘူး ကိုယ်ကလဲ တစ်ခါမှ တေးထိုးပေးရမယ်မှန်းလဲမသိခဲ့ဘူး အောက်ကပုံက ဒီနေ့ နေ့လယ်က ရိုက်ထားတဲ့ပုံပါ .. စာရှည်သွားလို့တောင်းပန်ပါတယ် ကျွန်မကြက်ကလေးက ဘာဖြစ်တာလဲ ဘာဆေးတိုက်သင့်လဲဟင်
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး