အစိမ်းရောင်လမ်း
မွန်​ဘားဆားမြက်​ စိုက်​ပျိုးခြင်း

မွန်​ဘားဆားမြက်​ စိုက်​ပျိုးခြင်း

MDEP
MDEP MDEP 19/08/2019

(၁) ​​မြေပြုပြင်​ခြင်း

- ​မြေအမျိုးအစားအလိုက်​ စိုက်​ပျိုးနိုင်​​သော်​လည်း ​ မြေဆီထက်​သန်​ခြင်းကို နှစ်​သက်​သည်​။

- အဖန်​ဓာတ်​အနည်းငယ်​များ​သော​မြေတွင် ​စိုက်​ပျိုးနိုင်​​သော်​လည်း ​မြေချဉ်​ဖန်​နှုန်း ၇ နှင့် အက်​ဆစ်​ဓာတ်​အနည်းငယ်​ဆန်​​သော​မြေကို ပို၍နှစ်​သက်​သည်​။

- မြက်​မစိုက်​ပျိုးမီ ​ပေါင်းသတ်​နှိမ်​နင်းရမည်​။ ​ပေါင်းသည်​ အပင်​၏ရှင်​သန်​ကြီးထွားနှုန်းကို ထိခိုက်​နိုင်​​စေသည့်အတွက်​ ​ပေါင်းသတ်​​ဆေးသုံးခြင်း၊ အကြိမ်​ကြိမ်​ထွန်​ယက်​ခြင်းဖြင့် ထိ​ရောက်​​အောင်​နှိမ်​နင်းရမည်​။ မြေအရည်​အ​သွေးစစ်​​ဆေးပြီး လိုအပ်​​သော​ မြေသြဇာဓာတ်​များ ဖြည့်သွင်းရမည်​။

- မွန်​ဘားဆားမြက်​မျိုးသည်​ ထွန်​​ရေးညက်​မှသာ အပင်​​ပေါက်​နှုန်း​ကောင်းစွာရရှိနိုင်​သည်​။

(၂) စိုက်ပျိုးခြင်း (မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် အပင်ပွားစိုက်ပျိုးခြင်း)

- မျိုး​စေ့ချစိုက်ပျိုးရာတွင် မျိုးစေ့များသည် အလွန်သေးငယ်သည့်အတွက် မြေအဖုံးမများရန်​လိုအပ်​သည်​။ ၁ -၂ စင်​တီမီတာထက် ​ပို၍မဖုံးရပါ။ ၁ ဧက ကို ၂ ကီလိုဂရမ်နှုန်းဖြင့် စိုက်ပျိုးရမည်။

- အပင်ပွားစိုက်ပျိုးရာတွင် ၆ လက်မ ချန်ဖြတ်၍ စိုက်ပျိုးရမည်။

- ရိတ်​​ကျွေးစနစ်​အတွက် ​ပိုမို​ကောင်းမွန်​​သော မြက်​မျိုးဖြစ်သည့်အပြင်​ ကြား​ပေါင်းသင်​နိုင်​ရန်​အတွက်​ တန်းချစိုက်​ပျိုးသင့်​သည်။

- တန်းကြား ၁၆ လက်မခန့် နှင့် ပင်​ကြား ၁၂ လက်မခန့် ခြား၍ စိုက်ပျိုးရမည်။

- ​ရေဝပ်​သည့်ဒဏ်​ကိုမခံနိုင်​​သော်​လည်း ပူ​နွေး၍​မြေအစိုဓာတ်​ရရှိခြင်းကို နှစ်​သက်​သည်​။ စိုက်​ပျိုးရန်​အ​ကောင်းဆုံးရာသီမှာ မိုးလယ်​ကာလအစပိုင်းဖြစ်​သည်​။

(၃) အရည်အသွေး

အရွက်​များခြင်း၊ အရသာ​ကောင်းမွန်​ခြင်း၊ ကြီးထွားနှုန်း​ကောင်းခြင်း၊ အရည်​အ​သွေး​ကောင်းမွန်​ခြင်း၊ မိုး​ခေါင်​ဒဏ်​ခံနိုင်​ခြင်း၊ ရိတ်​​ကျွေးနှင့် လွှတ်​​ကျောင်းစနစ်​နှစ်​မျိုးအတွက်​ အသုံးပြုနိုင်​ခြင်း၊ အရိပ်​​အောက်​တွင် ​ဖြစ်​ထွန်းနိုင်​ခြင်း၊ လျှင်​မြန်​စွာကြီးထွားသည့်အတွက်​ အခြား​ပေါင်းပင်​များကို လွှမ်းမိုးနိုင်​ခြင်း​၊ ​မြေအမျိုးအစားအများစုတွင်​ စိုက်​ပျိုးနိုင်​ခြင်း၊ အပူပိုင်းမြက်​မျိုးဖြစ်​​သော်​လည်းရာသီဥတု​ အေးသည့်အချိန်​တွင်​ပါ ဖြစ်​ထွန်းခြင်း၊ မြက်​​ခြောက်​နှင့် မြက်​ချဉ်​ဖတ်​ပြုလုပ်​ရာတွင်​အရည်​အ​သွေး​ကောင်းမွန်​ခြင်း။

(၄) ရိတ်​သိမ်းခြင်း

ပုံမှန်​အားဖြင့် ၂၈-၄၈ ရက်​ (၃၅ ရက်​) တစ်​ကြိမ်​ ရိတ်​နိုင်​သည်​။ အ​အေးပိုသည့်​ဆောင်းတွင်းကာလများတွင်​ ၆၀-၇၀ ရက်​ခန့်လျှင်​တစ်​ကြိမ်​ ရိတ်​နိုင်​သည်​။ ရိတ်​သည့်​အခါတွင်​ ​မြေပြင်​မှ ၆ လက်မခန့်ခွာ၍ရိတ်​ရမည်​။

U Kyaw Swar Aung

U Kyaw Swar Aung

လွန်ခဲ့သော ၄ နှစ် က

မျိုးစေ့လိုချင်ပါတယ်ခင်မျာ

zaw naig tun

zaw naig tun

လွန်ခဲ့သော ၅ နှစ် က

မျိုးစေ့ဘယ်မှာရယူလို့ရမလဲ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ပါဝ်ဆေ့းန္းေမည်

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

အစေ့လိုခြင့်ပါတယ်

ဇော်မျိုးနိုင်

ဇော်မျိုးနိုင်

လွန်ခဲ့သော ၅ နှစ် က

မဂ်လာပါ ဆရာကျွန်တော်ကမွေးမြူရေးကိုစိတ်ဝင်ဆားသူတစ်ယောက်ပါကျွန်တော်ကအရင်းနီးအများကြီးမရှိပါဘူးကျွန်တော်ကမွေးမြူရေးကိုစည်းပွားရေးတစ်ခုအဖြစ်စိတ်ဝင်ဆားပါတယ်အခုလိုသိရှိရတာကိုလဲကျေးဇူးတင်ပါတယ်

You
MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....