အစာကုန်ကျမှု သက်သာစေပြီး စီးပွားရေးအရ တွက်ခြေကိုက်သော ရေချိုငါးများကို ရောစပ်မွေးမြူနည်း အပိုင်း(၂)
စီးပွားဖြစ်ငါးများကို ရောနှောမွေးမြူရာတွင် အစာကျွေးမွေးတတ်ဖို့လည်း အရေးကြီးလှသဖြင့် အစာကျွေးနည်းကို ဖော်ပြပေးလိုက်ပါသည်။


အစာကျွေးနည်းမှာ -
- ရေပေါ်ငါးဖြစ်သော ငါးသိုင်းခေါင်းပွ (ငါးခေါင်းပွ)ငါးကို ဦးစားပေးမွေးသော ကန်များ၌ ရေလယ်တွင်ဝါးတိုင်များကို စိုက်ထားရပါမည်။ဝါးတိုင်များကို နိုင်လွန်ကြိုးဖြင့် တန်းထားပါ။
- သင့်လျော်သည့် အကွာအဝေးတိုင်းတွင် ဝါးခြင်းကြား ကလေးများကို ရက်၍ သို့မဟုတ် အစဥ်အမြဲသုံးနိုင်ရန် ပလတ်စတစ်ခြင်းကလေးများကို ကြိုးတန်းတွင်ကြိုးဖြင့် ဆွဲထားပါ။
- ကန်၏ ရေမျက်နှာပြင်အောက် ၁ ပေခွဲခန့်အထိ ကြိုးအရှည် ရှိရပါမည်။ ငါးများကို အစာကျွေးချိန်တွင် ငါး၏အစာများဖြစ်သော ဖွဲနု၊ပဲဖတ်၊ နှမ်းဖတ်များကို လှေဖြင့်သယ်ယူပြီး ထိုခြင်းကလေးများအတွင်းသို့ ထည့်၍ ကျွေးမွေးနိုင်ပါသည်။
- ဖွဲနုကိုပါထည့်ကျွေးလျှင် ဆန်ကွဲများမပါရန် အထူးသတိပြုပါ။ဆန်ကွဲများသည် ရေအောက်သို့ရောက်လျှင် ပုပ်ပြီး ကန်မသန့်မရှင်း ဖြစ်တတ်ပါသည်။ ရေမသန့်ရှင်းမှုကြောင့် ငါးများသေကြေပျက်စီးနိုင်ပါသည်။
- ဤသို့သောနည်းဖြင့်ကျွေးလျှင် ပထမဆုံး ရေပေါ်တွင် ကျက်စားလေ့ရှိသော ငါးသိုင်းခေါင်းပွ(ငါးခေါင်းပွ)များက ခြင်းဘေးမှဝိုင်းပတ်ပြီး အစာကိုစုပ်ယူစားကြပါလိမ့်မည်။
- စားနေစဥ်အတွင်း အစာအချို့မှာ ရေအောက်သို့ တဖြည်းဖြည်းကျသွားပါမည်။ ကျသွားသော အစာများကိုသာ ရေလယ်မှ အနည်းစုမွေးမြူထားသည့် ငါးများဖြစ်သော ငါးမြစ်ချင်းနှင့် ရေအောက်မှငါးကြင်းတို့က စားကြရပါသည်။
- ရေလယ်ငါးဖြစ်သော ငါးမြစ်ချင်း(ငါးမျက်ဆန်နီ)ကို ဦးစားပေး၍ ကောင်ရေများများထည့်ပြီး ငါးသိုင်းခေါင်းပွ(ငါးခေါင်းပွ)နှင့် ငါးကြင်းတို့က စားကြရပါသည်။ ရေလယ်ငါး မစားနိုင်ဘဲ ပိုသောအစာကို ရေအောက်ငါးများကစားနိုင်ပါသည်။
- ရေအောက်ငါးဖြစ်သော ငါးကြင်းကို ဦးစားပေး၍ ကောင်ရေများများထည့်ကာ မွေးမြူသောကန်များတွင်မူ ဤကဲ့သို့ ခြင်းထဲသို့ထည့်၍ အစာကျွေးနေရန် မလိုတော့ပါ။
- ဖွဲနုအစာများကို လုံး၍ဖြစ်စေ၊ နှမ်းဖတ်၊ ပဲဖတ်များကို လှေဖြင့်သယ်ယူပြီး ရေလယ်ထွက်၍ဖြစ်စေ ကန်အနှံ့အပြား ပစ်ချလိုက်ရန်သာ လိုပါသည်။
- ရေအောက်သို့ တဖြည်းဖြည်းကျသွားသော အစာများကို ရေအောက်တွင်ရှိသော ငါးကြင်းများက ဦးခေါင်းများဖြင့် တိုးဝှေ့ထိုးဖွ၍ စားလေ့ရှိကြပါသည်။
- ဤသို့ပြုလုပ်ခြင်းဖြင့် အစာများမှာ ရေပေါ်သို့ပြန်တက်လာကြသည်ကို ကောင်ရေနည်းသော ငါးမြစ်ချင်းနှင့် ငါးခေါင်းပွတို့ စားသောက်နိုင်ပါသည်။
- ငါးစာများကို လှေမှပစ်ချလိုက်ကတည်းက တဖြည်းဖြည်း ရေအောက်သို့ကျလာသော ငါးစာများကို ရေအောက်သို့မရောက်မီ လမ်းခုလတ်မှဖြတ်၍ စားနိုင်ကြပါသေးသည်။
ဤကား ငါးမျိုးစုံ ရောစပ်မွေးမြူရာတွင် အစာကျွေးနည်းအမျိုးမျိုးဖြစ်ပါသည်။
အပိုင်း(၁) ကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ငါးမွေးမြူနည်း
ar Kar
လွန်ခဲ့သော ၆ လ ကတွန်းရေသွင်လို့ရလာ
Zaw. Min. Htat
လွန်ခဲ့သော ၃ နှစ် ကရှင်ပြပေးပါလား
Zaw. Min. Htat
လွန်ခဲ့သော ၃ နှစ် ကဘယ်လောက်ကျန်းလဲဗျ
စောသီဟ
လွန်ခဲ့သော ၃ နှစ် ကငါးသေရတဲ့အေြကာင်းရင်းသိချင်လို့ပါခဗျ
စောသီဟ
လွန်ခဲ့သော ၃ နှစ် ကအောက်စီဂျင်ကစကိနှစ်လုံးပါ
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026