မွန်ဘားဆားမြက် ( Panicum maximumcvMombaca ) “Mombaca guinea”
- ရိတ်သိမ်းကျွေးရာတွင်လည်းကောင်း၊ လွှတ်ကျောင်း စားကျက်အဖြစ်လည်းကောင်း စိုက်ပျိုးနိုင်သော နှစ်ရှည်ခံပင်ဖြစ်သည်။ အရိပ်ကောင်းသောနေရာများ၌ ရှင်သန်နိုင်သည်။
-
မြေသြဇာကောင်းမွန်ပြီး စိုစွတ်၍ ရေရရှိသောနေရာများတွင် စိုက်ပျိုးသင့်သည်။ ထိုသို့သောမြေများ၌ စိုက်ပျိုးလျှင် အပင်ဖြစ်နှုန်းကောင်းပြီး ထွက်နှုန်း ကောင်းသည်။ အက်စစ်ဆန်သောမြေများနှင့် အရိပ်ကောင်းသော နေရာများ၌လည်း ရှင်သန်နိုင်သည်။ မြေ၏ချဉ်ဖန်ဓာတ် (၄.၅-၈) တွင် စိုက်ပျိုးဖြစ်ထွန်းသည်။
-
ရေဝပ်သောမြေများနှင့် ဆားဆန်သောမြေများတွင် စိုက်ပျိုးရန်မသင့်တော်ပေ။
-
ပျိုးခင်းမှ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် မြက်ပင်များကို (၁၆) လက်မ ခြား၍ စိုက်ပျိုး နိုင်သည်။ အခြားမြက်မျိုး၊ ပဲမျိုးများနှင့်လည်း ရောနှောစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီးမြက်ပင်များကို (၃-၄) ပတ်ခြား ရိတ်သိမ်း သယ်ယူကျွေးမွေးနိုင်သည်။
-
အရသာကောင်းမွန်ပြီး အာဟာရကြွယ်ဝစွာပါဝင်သည်။ အင်အားဓာတ် (၈.၅) ရာခိုင်နှုန်းနှင့် အသားဓာတ် (၁၀-၁၈) ရာခိုင်နှုန်းပါဝင်သည်။ တစ်ဧကမှ တစ်နှစ်လျှင် အစာစိမ်းအစို (၁၀၀-၁၅၀)တန် ထွက်ရှိနိုင်သည်။ ရိတ်သိမ်းချိန်ရှိ အပင်၏အသက်အရွယ်၊ ရာသီဥတု၊ ရေနှင့် မြေသြဇာပေးနိုင်မှုတို့ပေါ်မူတည်၍ အင်အားဓာတ်၊ အသားဓာတ်ပါဝင်မှုနှင့် ထွက်နှုန်းကွာခြားနိုင်သည်။ ထုတ်လုပ်မှု ကောင်းသောရာသီတွင် မြက်ခြောက်ပြုလုပ်ခြင်းနှင့် ချဉ်ဖတ်ပြုလုပ် သိမ်းဆည်းကာ အစားရှားပါးချိန်တွင် အာဟာရပြည့်ဝသောအစာအဖြစ် အသုံးပြုနိုင်သည်။
-
နေပီယာမြက်ထက် အရွက်ထွက်နှုန်းကောင်းခြင်း၊ ခြောက်သွေ့မှုခံနိုင်ခြင်း၊ အာဟာရပိုမိုခြင်းစသည်တို့အပြင် မျိုးစေ့ကောက်ယူ စိုက်ပျိုးနိုင်သည်။
Source - မြန်မာ_နယူးဇီလန် ကောင်းမွန်သော နို့စားနွားမေွးမြူရေး စီမံကိန်း


ကျော်စိန်သန်း
လွန်ခဲ့သော ၃ နှစ် ကမျီုးစေ့ ဘယ်မှာရနိုင်သလေး
mgnaimg
လွန်ခဲ့သော ၆ နှစ် ကမျိုးစေ့ရရှိနိုင်သောနေရာဖုန်းနံပတ်တင်ပေးပါ
mgnaimg
လွန်ခဲ့သော ၆ နှစ် ကနို့စားနွားမဟုတ်ပဲရိုးရိုးနွားကျွေးလို့ရပါလား
နည်းပညာမိတ်ဖက်အဖွဲ့
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 1 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from MDEP
အားလုံး