နို့စားနွားများအတွက် မြက်မျိုးနွယ်ဝင် စားကျက်ပင် (၁)
Desmodiumintortum cv Greenleaf “Greenleaf Desmodium”
-
Greenleaf Desmodium (ဒက်စမိုဒီယန်း) သည် နှစ်ရှည်ပဲမျိုးနွယ် စားကျက်ပင်ဖြစ်သည်။
-
မြေပြင်ပြန့်ကျဲ ပေါက်ရောက် သောအပင်ဖြစ်သည်။ တောင်ပေါ် အအေးပိုင်းဒေသများတွင် စိုက်ပျိုး နိုင်သည်။ ရေရရှိ နိုင်သော ဒေသများတွင် ပိုမိုဖြစ်ထွန်းနိုင်သည်။
-
ခြောက်သွေ့မှုကိုလည်းခံနိုင်သည်။ အရိပ်ရအပင်များအောက်တွင် စိုက် ပျိုးနိုင်သည်။ စားကျက်မြက်ပင်များနှင့် ရောနှောစိုက်ပျိုးနိုင်သည်။
-
လွှတ်ကျောင်း စားကျက်များတွင် လွှတ်ကျောင်း အသင့်တင့် ခံနိုင်သည်။ အရသာရှိမှုနှင့် အာဟာရဓာတ် ပါဝင်မှုအသင့်တင့်ဖြစ်သည်။ တောင်ပေါ် ဒေသများတွင် မျိုးစေ့ထုတ်လုပ်ရန် အထူးကောင်းမွန်သည်။
-
စိုက်ပျိုးရာသီတွင် အဆစ်ဖြတ်မျိုးပွားနိုင်သည်။
-
တစ်ဧကမျိုးစေ့ ထွက်နှုန်း (၃၂-၄၀) ကီလို ရှိသည်။
-
တစ်ဧက၏ အစာခြောက်ပမာဏ ထွက်ရှိမှုသည် (၆-၇) တန်ဖြစ်သည်။

Brachiariahybrid (Brachiariadecumbens X B.ruziziensis X B.brizantha)
Cv Mulato II
-
Mulato II (မိုလတို) မြက်ကို အမြဲတမ်းစားကျက်များတွင် စိုက်ပျိုးနိုင်ပါသည်။ ထွက်နှုန်းကောင်း/အရသာ ကောင်းသောစပ်မျိုးဖြစ်သည်။ လွှတ်ကျောင်းခံနိုင်သော မြက်မျိုးဖြစ်သည်။
-
ပဲပန်းနှင့် ရောနှောစိုက်ပျိုးရန် သင့်တော်သည်။ အဆစ်မျိုးပွားခြင်းဖြင့် ပြန့်ပွားနိုင်သည်။
-
ရေဝပ်သောနေရာတွင် စိုက်ပျိုးရန် မသင့်တော်ပေ။
-
နို့စားနွား၊ အသားစားနွား အတွက်အထူးကောင်းမွန်သော မြက်မျိုးဖြစ်သည်။
-
ထုတ်လုပ်မှုနှင့်အာဟာရတန်ဖိုး မြင့်များစွာပါဝင်သည်။
-
ခြောက်သွေ့မှုကို ခံနိုင်သည်။ အရိပ်ရအပင်များအောက်တွင် ဖြစ်ထွန်းမှုနည်းပါး သည်။
-
ရိတ်သိမ်းသယ်ယူ ကျွေးမွေးခြင်း၊ လွတ်ကျောင်း ကျွေးမွေးခြင်းစသည့် စား ကျက်များတွင် ပဲမျိုးနွယ်ဝင်စားကျက်ပင်များနှင့် (၁၆) လက်မခြား ၍စိုက်ပျိုး နိုင်သည်။
-
(၂၀-၃၀) ရက်ခြား ရိတ်သိမ်းသယ်ယူကျွေးမွေးနိုင်သည်။ မျိုးစေ့ ထုတ်ရန် ခက်ခဲသည်။


Panicum maximum cv Gatton "Gatton panic"
-
ဂက်တွန်မြက်မျိုးသည် အရွက်ဖားပြီး အစိုဓါတ်ကို ထိန်းသိမ်းနိုင်သည်။ မြေလျှောက် အဆစ်ကျအပင်ပွားနှုန်း ကောင်းသည်။
-
မြေသြဇာအသင့်တင့်ရှိသော မြေများတွင်ဖြစ်ထွန်းပြီး နှစ်ရှည်ခံပင်ဖြစ် သည်။ တစ်ဧကလျှင် မျိုးစေ့ (၂) ကီလိုဂရမ် စိုက်ပျိုးရန် လိုသည်။
-
အရိပ်အောက်တွင် စိုက်ပျိုးနိုင်သည်။ သရက်စိုက်ခင်းများ အောက်တွင် စိုက်ပျိုးနိုင်သည်။ ရေဝပ်သောနေရာများတွင် စိုက်ပျိုးရန် မသင့်ပေ။
-
ရိတ်သိမ်းသယ်ယူကျွေးမွေးခြင်း၊ လွတ်ကျောင်းကျွေးမွေးခြင်း အသုံးပြု နိုင်သည်။ အခြားစားကျက်ပဲမျိုး၊ စားကျက်မြက်မျိုးများနှင့် ရောနှော စိုက်ပျိုးနိုင်သည်။ စားကျက်ပင်များကို (၁၆) လက်မခြား၍ ရောနှောစိုက် ပျိုးနိုင်သည်။ စိုက်ပျိုးပြီး မြက်ပင်များကို (၃-၄) ပတ်ခြား ကျွေးမွေး နိုင်သည်။


Source - မြန်မာ - နယူးဇီလန် ကောင်းမွန်သောနို့စားနွား မွေးမြူမှု စီမံကိန်း
မခိုင်မာဆွေ
လွန်ခဲ့သော ၂ နှစ် ကမိုလတိုမြက်၏မူးရင်းဒေသ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....