စီးပွားဖြစ်ငုံးမွေးမြူလိုသူများအတွက် ငုံးသားဖောက်နည်း အပိုင်း-၂
စီးပွားဖြစ်ငုံးမွေးမြူလိုသူများအတွက် ငုံးသားဖောက်နည်းနှင့် ဆောင်ရန်ရှောင်ရန်များကို သိရှိစေရန်များကို အပိုင်း(၁)မှာဖော်ပြပေးပြီးပါပြီ။ အောက်ကလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Quail_Hatching
အပိုင်း(၂) အနေနဲ့
(ဃ) အပူပေးဓါတ်ငွေ့အိမ်ပြုလုပ်နည်း
၁။ အပူပေးဓါတ်ငွေ့အိမ်ပြုလုပ်ရာတွင် အလျှား ၄ပေ၊ အနံ ၂ပေ ၊ အမြင့် ၈ လက်မထား၍ အခင်းတစ်မူးအကွက်ရှိ သံဆန်ခါ(သို့မဟုတ်)တစ်မူးအကျယ် သစ်သားရိုက်၍ ခင်းရပါ မည်။
၂။ အဖုံးမှာမူ တစ်ဝက်အား ပျဥ်အလုံပိတ်ပြီး ကျန်တစ်ဝက်ကို မူ တစ်မူးအကွက်သံဆန်ခါဖြင့် ပိတ်ထားရပါမည်။
၃။ ပျဥ်ပိတ်အဖုံးအား အရှင်ထားရပါမည်။ ထိုနေရာမှ အပူငွေ့ပေးရန်အတွက် လျှပ်စစ်မီးသီးထားရှိရပါမည်။
၄။ ဘေးအကာကိုမူ ဘေးထိပ်နှစ်ဖက်စလုံးအား သစ်ဖြင့် အလုံပိတ်ထားရပါမည်။ သို့မှသာ အပူဓာတ်ညီမျှမှု ရှိပေမည်။
၅။ ငုံးကလေးများ မထားမီ ခင်းထားသော သံဆန်ခါအကွက် ပေါ်သို့ ဂုန်နီအိတ်ခင်းပြီး ထိုအပေါ်မှ စက္ကူခင်းရပါမည်။
၆။ စက္ကူပေါ်တွင် ငုံးကလေးစားရန်အစာကို ပုံပေးထားရပါမည်။ ရေခွက်များကိုလည်း ထားပေးရပါမည်။
အထက်ပါနည်းအပြင် ဖောက်စက်ထဲမှထုတ်လာသည့် ငုံးပေါက်ကလေးများကို စပါးခွံခင်းထားသည့် ကွန်ကရစ်အ ခင်း(သို့မဟုတ်) သစ်သားအခင်းတွင် ဝါးရိုင်ပတ်ကာ၍ ထားရပါမည်။ မီးချောင်း ၂ ချောင်းခန့် မီးလွတ်သည်အထိ နေ့၊ည မပြတ် ထွန်းပေးထားရပါမည်။ နှစ်သက်ရာနည်းအား အသုံးပြုနိုင်ပါသည်။
(င) ငုံးငယ်လေးများအား အပူဓာတ်ပေးခြင်း
ငုံးငယ်လေးများအား အပူဓာတ်ပေးရာတွင် အောက်ပါ အတိုင်းပေးရပါမည်။
ငုံးအသက် အပူချိန်
၁-၇ ရက်သား ၆၀-၇၀ °F ကြား
၇-၂၄ ရက်သား ၄ဝ-၄၅ °F
၂၅-၂၈ ရက်သား ၁၅-၂၀ °F တို့ရှိရပါမည်။
နေ့အခါထက် ညအချိန်များ၊နွေရာသီထက် ဆောင်းရာသီနှင့် မိုးအေးသောအချိန်များတွင် အပူချိန်လျော့နည်းခြင်း မရှိစေရန် ဂရုစိုက်ရပါမည်။
ငုံးကလေးများ ၂၈ ရက်သားကျော်လာလျှင် မီးလွတ်ပြီဖြစ်သည်။ မီးလွတ်ငုံးကလေးများအား အသင့်ပြုလုပ်ထားသည့် ငုံးအိမ်ထဲတွင် ကောင်ရေခွဲခြား၍ ထည့်သွင်းမွေးမြူရပါမည်။

(စ) ဖောက်စက်ထဲမှ ထုတ်ယူလာသည့် ငုံးကလေးများအား ဆေးတိုက်ကျွေးခြင်း
၁။ ငုံးကလေးများအား ဖောက်စက်ထဲမှ ထုတ်ယူပြီးသည်နှင့် အော်တိုမိုင်ဆင် ဆေးမှုန့် တစ်မတ်သားအား ရေကျက်အေး ၁ဂါလံတွင် ရောမွှေ၍ ငုံးကလေးများသောက်ရန် ရေခွက်ထဲသို့ ထည့်ပေးထားရပါမည်။
၂။ ၇ရက်သား(သို့မဟုတ်) ၁၄ ရက်သားကျော်လွန်လာလျှင် အယ်လ်မာဆင်ဆေးမှုန့် တစ်မတ်သားအား ရေကျက်အေး ၁ဂါလံတွင်ထည့်၍ မွှေပြီးတိုက်ပါ။
၃။ ထိုသို့ အော်တိုမိုင်ဆင်နှင့် အယ်လ်မာဆင်ဆေးများ တိုက်ကျွေးရမည်မှာ ၂၈ ရက်သားအထိသာ ဖြစ်ပါသည်။
အကယ်၍ ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်လာပါကအဆိုပါဆေးကို တိုက်ကျွေးနိုင်ပါသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ချိန်တွင် ငုံးများ(၄၅)ရက်သား ကျော်လာပါက ရေစိမ်းဖြင့် ဖျော်၍ တိုက်ကျွေးနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Yan Naing
လွန်ခဲ့သော ၃ နှစ် ကခြံက ရတဲ့ ငုံးဥတွေကို ဖောက်လို့ရပါသလား
Howe lll
လွန်ခဲ့သော ၃ နှစ် ကdew
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး