မျိုးကောင်းမျိုးသန့် ကြက်များ ရွေးချယ်နည်း
ဒေသကြက်များတွင် မျိုးကြက်ရွေးချယ်ခြင်းသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ခြင်းကြောင့် မိမိတို့ဒေသနှင့်ကိုက်ညီသော မျိုးရင်းလက္ခဏာကြန်အင်များနှင့် ပြည့်စုံသော မျိုးကောင်းမျိုးသန့် ကြက်များကိုသာ အဓိကထားရွေးချယ်သင့်ပါသည်။
ကြက်လတ်(၁၀)ပတ်သားမှ (၁၅)ပတ်သားအတွင်း မျိုးရွေးချယ်မှုကို လုပ်ဆောင်ရပါမည်။ မျိုးပယ်ကြက်များကို ဟင်းစားအဖြစ်သာ အသုံးပြုရပါမည်။ ကြက်ထီး ၁ ကောင်လျှင် ကြက်မ ၅ ကောင်နှုန်းဖြင့် ရွေးချယ်ထားရပါမည်။

မျိုးအဖြစ် ရွေးချယ်သင့်သည့်ကြက်များ
- ကြီးထွားနှုန်းကောင်းမွန်ခြင်း၊
- ဦးခေါင်းဝိုင်း၍ မျက်လုံးကြည်လင် တောက်ပခြင်း၊
- အမွေးရောင်စိုနေခြင်း၊
မတ်တပ်ရပ်သည့်အခါ ခန္ဓာကိုယ် ဝပ်တွား၍မနေဘဲ မတ်နေခြင်း၊
ရင်အုပ်ကျယ်ပြီး ရင်ညွန့်ရိုးအလျားရှည်ကာ ကျောပြင်ကျယ်၍ ကျောခုံးမှမြီးညောင့်ရိုးအထိ တစ်ပြေးညီရှိခြင်း၊
ခန္ဓာကိုယ်ကို ဘေးမှကြည့်လျှင် ကျောပြင်နှင့်ရင်ပုံ၏ ဇောက်အနက်ကောင်းခြင်း စသည့်အချက်များနှင့် ပြည့်စုံသောကြက်များအား ရွေးချယ်ရပါမည်။
မျိုးစပ်ရာတွင်(၂) မျိုးရှိသည်။ ၄င်းတို့မှာ -
(၁) မျိုးတူကြက်အချင်းချင်းနှင့်
(၂) မျိုးကွဲကြက်အချင်းချင်း စပ်နည်းတို့ ဖြစ်ကြပါသည်။
မျိုးသန့်ကြက်အချင်းချင်း ရောစပ်ပြီးရရှိလာသော မျိုးသန့် ကြက်ကလေးများသည် မျိုးသန့်မိဘများထက်ပို၍ ဥနှုန်းကောင်းလေ့ရှိကြပါသည်။
မျိူးအောင်ခြင်းနှင့် အကောင်ပေါက်ခြင်းများမှာ -
(၁) မျိုးရိုးဗီဇလိုက်ခြင်း။
(၂) ပတ်၀န်းကျင် အခြေအနေပေါ်မူတည်ခြင်း။
(၃) အာဟာရပေါ်မူတည်ခြင်းများနှင့် သက်ဆိုင်ပါသည်။
ဥနှုန်းပိုကောင်းသောကြက်မများကို မျိုးကြက်အဖြစ်ထားရှိပြီး ဥညံ့သောကြက်မများကို မျိုးခြံမှဖယ်ထုတ်ပစ်ရပါမည်။
အချို့ကြက်မများတွင် သန္ဓေသား သေတတ်သောဗီဇ ရှိသည်။ မျိုးပွားသူတို့သည် ထိုအချက်ကို သတိမထားမိကြချေ။ အကောင်ပေါက်နှုန်းကို သတိပြုသင့်ပါသည်။
သုတေသနပြုချက်များအရ ကြက်ဥအညိုတွင် အညိုရင့်ရောင်ဥသည် ပေါက်နှုန်း ပိုကောင်းပြီး ဥနှုန်းနည်းသည့်ကြက်မက ထိုကဲ့သို့ ပိုညိုသော ဥကိုဥသည်။ ထို့ကြောင့်ပေါက်နှုန်းကောင်းသည့် နောက်သို့လိုက်လျှင် ဥနှုန်းညံ့သောကြက်မကို ရရှိနိုင်သည်ကိုလည်း သတိပြုသင့်ပါသည်။
ကြက်မတစ်ကောင်သည် ၁၈ လ အရွယ်ကစပြီး တစ်နေ့ကို ဥ တစ်လုံးကျ ဥပါသည်။ ကြက်ဥတစ်လုံးဖြစ်ဖို့ အချိန် ၂၄ နာရီမှ ၂၆ နာရီ ကြာတတ်ပါသည်။ မိတ်လိုက်ပြီးနောက်တစ်နေ့တွင်ဥသော ဥသည် မျိုးအောင်လေ့ရှိကြသည်။ ယင်းအချိန်တွင် ကြက်ဖများကို ဖယ်ရှားပေးရပါမည်။
အထက်ပါဖော်ပြချက်များသည် မျိုးတည်ဆောက်ခြင်း၏ အခြေခံသဘောတရားများ ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
yan naing
လွန်ခဲ့သော ၂ နှစ် ကကြက် နာမကျအောင်တိုင်းရင်းကြက်မွေးမြူနည်းလေးမျှဝေပေးပါလားဆရာတို့ကြက်စာအစာစိမ်းကဘာတွေကျွေးလဲဗျ
Moe Zaw
လွန်ခဲ့သော ၄ နှစ် ကမိတ်လိုက်ပြီးနောက်နေ့မျိုးအောင်တယ်ဆိုအဖက်ကိုဘာလို့ဖယ်ရတာလဲဗျ
Shwe Toe
လွန်ခဲ့သော ၄ နှစ် ကကြက်မ၇ကောက် အဖတစ်ကောင် ခြံလှောင်မွေးပြီး ရတဲ့ဥကို စုထားပြီး ဖောက်စက်နဲ့ဖောက်ပါ
Saw zayar lin
လွန်ခဲ့သော ၄ နှစ် ကကြက်ဖ မပါဘဲနဲ့ပေါ့
Saw zayar lin
လွန်ခဲ့သော ၄ နှစ် ကဒေသကြက်ကို ဥထုတ်ယူမယ်ဆိုရင် ဘယ်လိုမွေးမြူသင့်လဲဗျ
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....