ဇီးဝက်မများ မွေးဖွားခါနီးတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများနှင့် ဆောင်ရန်ရှောင်ရန်များ
ဝက်မကြီး မီးဖွားခါနီးတွင် လိုအပ်သည်များမှာ
- ဝက်ငယ်ထည့်ရန် အနွေးဓာတ်ပေးနိုင်သည့်ပုံး
- ဝက်ငယ်များကို သန့်စင်ပေးရန်အတွက် အဝတ်ကြမ်းအသန့်စများ
- အိုင်အိုဒင်းဆေးရည်နှင့် ဂွမ်း
- မွေးကင်းစဝက်ငယ်များလိမ်းရန် ဆေးပေါင်ဒါ
- ဆပ်ပြာနှင့် ရေ
- ကတ်ကြေးတို့ကို ဆောင်ထားရပါမည်။
ဇီးဝက်မများ မွေးဖွားခါနီးတွေ့ရသည့် လက်ခဏာများမှာ
- ဝက်မသည် စိတ်ဂဏှာမငြိမ်ဘဲ ဟိုသွားဒီသွား သွားနေတတ်ခြင်း
- သွားကြိတ်ခြင်း
- အသိုက်ကိုကိုက်ခြင်းများ ပြုလုပ်တတ်၍ မာကြောသောအရာများကို ကိုက်ဖဲ့မှုကြောင့် ထိခိုက်မှုမဖြစ်စေရန် သတင်းစာ စက္ကူ၊ ကန်ဇွန်းရွက် စသည်တို့ကို ထားပေးသင့်ပါသည်။
ဆောင်ရန်၊ ရှောင်ရန်အချက်များမှာ
- ဝက်မအများစုသည် အပူချိန်မြင့်မားသည့် နေ့ဘက်အချိန်တွေထက် အပူချိန်လျော့နည်းသည့် ညဘက်အချိန် ၈ နာရီမှ ၄ နာရီအတွင်း မွေးဖွားတတ်သဖြင့် မီးအလင်းရောင်ရရှိရန် စီမံထားသင့်ပါသည်။
- ဝက်မမွေးဖွားချိန်တွင် နို့ရည်များထွက်ခြင်း၊ အချွဲရည်များဆင်းခြင်း၊ သားအိမ်ဝပွင့်ခြင်း၊ ရေမွှာပေါက်ခြင်း၊ ဝက်ငယ်ချေးအမဲစေ့များ အပြင်သို့ထွက်ကျခြင်း၊ ဝက်မကြီးမှ ညှစ်ခြင်းတို့ တပြိုင်နက်တည်းဖြစ်ပေါ်လာပြီး ကျွမ်းကျင်သူမှ စောင့်ကြည့်ပေးရန် လိုအပ်ပါသည်။
- ဝက်မတမ်းများတွင် ညှပ်ရိုးကျဥ်းနေပါက မွေးဖွားရန်ခက်ခဲတတ်သလို ဝလွန်းသောဝက်မများသည်လည်း မွေးဖွားရ ခက်ခဲတတ်ပါသည်။
- ဝက်မမွေးဖွားမှုကြာချိန်မှာ ( ၅နာရီ မှ ၁၂ နာရီ)အထိ ရှိတတ်ကြပြီး ပျှမ်းမျှ ၇ နာရီခန့် ကြာမြင့်တတ်သောကြောင့် မွေးဖွားနေစဥ် သားအိမ်ညှစ်အားနည်းပါက ဝမ်းဗိုက်ကို လက်ဖဝါးဖြင့်ဖိ၍ အောက်သို့ ဖြည်းညှင်းစွာ တွန်းပေးလိုက်၊ ပြန်လျှော့လိုက် လုပ်ပေးရပါမည်။
ဝက်ငယ်များအပြင်ထွက်ရန် အခက်အခဲရှိပါက
- လူမှ ကူညီနှိုက်ထုတ်ပေးနိုင်ပါသည်။ သို့သော် အဆောတလျင်မနှိုက်ထုတ်ဘဲ စောင့်ဆိုင်းသင့်ပါသည်။ နှိုက်မည်ဆိုပါက လက်ကို လက်သဲညှပ်ခြင်း၊ ဆပ်ပြာဖြင့် သေချာစွာဆေးကြောပြီးမှ လုပ်ဆောင်ရပါမည်။
- လက်ဖြင့်နှိုက်သည့်အခါ ဝက်မကြီးညှစ်နေစဥ် လက်ကိုထိုးမသွင်းဘဲ အလိုက်သင့် ထားပေးရပါမည်။
- ဝက်ငယ်ခေါင်း (သို့မဟုတ်) ခြေထောက်ကို စမ်းမိပါက အလိုက်သင့် ဖြည်းဖြည်းချင်းဆွဲထုတ်ပေးရပါမည်။
- လိုအပ်မှသာ နှိုက်ရန်၊ အကြိမ်ကြိမ်နှိုက်ခြင်းမပြုရန်နှင့် လက်သန့်ရှင်းမှုရှိရန် အထူးလိုအပ်ပါသည်။
- ဝက်ငယ်လေးများကို အကုန်မွေးထုတ်ပြီးပါက ဝက်မ၏သားအိမ်အတွင်း ပဋိဇီဝဆေးတောင့် (Bolus) ကို သားအိမ်အတွင်း ထည့်ပေးရန်တို့ဖြစ်ပါသည်။
- ဝက်မကြီးမှာ ဝက်ငယ်လေးများကို မွေးဖွားပြီးနောက် အချင်းမကျခြင်း၊ ဝက်ငယ်သားပေါက်ကျန်နေခြင်း၊ သားအသေကျန်နေခြင်းများ ဖြစ်ပွားပါက Oxytocin ထိုးဆေးကို အကြောဆေးအဖြစ် ထိုးပေးခြင်း၊ ပဋိဇီဝထိုးဆေးထိုးပေးခြင်းတို့ကို ဆောင်ရွက်ရပါမည်။
ဦးဇော် (dof)
Ref: Dip – LPA သင်ရိုးမှ ကောက်နှုတ်ဖော်ပြပါသည်။
ko shine
လွန်ခဲ့သော ၁ လ ကအစာပုံမှန်ပဲကျွေးရမလားလျော့ကျွေးရမလားဗျ
dah doh
လွန်ခဲ့သော ၂ နှစ် ကဗိုက်ထဲမာသေေ န သောသားပေါက် ကျန်ရှိတာဘယ်လိုနည်းလမ်းနဲါသိနိုင်မလည်
Mg Wai Yan Htet
လွန်ခဲ့သော ၄ နှစ် ကတစ်သားကျပြီးသား ဝက်မ က တဆာနီတော့နီတယ် အတက်မခံလို့ သားမတောင်းသလိုဖြစ်နေလို့ ဘလို လုပ်ရမလဲ ခင်ဗျ please အကြံလေးပေးပါဦး
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....