တီလားပီးယားငါးလိင်ပြောင်းလဲရန်အတွက် ဟိုမုန်းထည့်ထားသည့်အစာ၏အရေးပါပုံ
ငါးအထီးသည် ငါးအမသို့ ပိုးပန်းသည့် ကာလတွင် အရွယ်ရောက်ပြီး တီလားပီးယားအထီးများသည် သားပေါက်ရန်အတွက် အသိုက်ပြုလုပ်ခြင်း၊ ၎င်းတို့၏ပိုင်နက်အား ကာကွယ်ရခြင်းတို့အတွက် ခွန်အား အလွန်ကုန်ကြပါသည်။
ငါးအမများသည်လည်း ၎င်းတို့၏ကြီးထွားမှုအတွက် အင်အားကို အသုံးမပြုနိုင်ပဲ ဥဥရန်အတွက်၊ ဥများအကောင်ပေါက်ရန်အတွက် နှင့် ပေါက်လာသော သားပေါက်ငယ်များကို ကာကွယ်ရန်အတွက် ခွန်အားကို အသုံးပြုကြရပါသည်။
သားဖောက်ခြင်းပြီးမြောက်ပါက ၎င်းခွန်အားများအား ခန္ဓာကိုယ်ကြီးထွားရန်အတွက် အသုံးပြုကြပါသည်။ တီလားပီးယား အထီးများသည် အမများထက် ၂၀မှ ၃၀ရာခိုင်နှုန်းအထိ အကြီးမြန်ပါသည်။
ထို့ကြောင့် တီလားပီးယား အထီးသားပေါက်များအား တီလားပီးယား အသားတိုးမွေးမြူသည့် လုပ်ငန်းတွင်ထည့်သွင်းမွေးမြူရန်ပိုမို နှစ်သက်ကြသည်။

တီလားပီးယား လိင်ပြောင်းလဲခြင်းအတွက် အများဆုံးအသုံးပြုကြသည့် စနစ်မှာ တီလားပီးယားဥနှင့် တွဲလျက်ရှိသော သားလောင်း ဥအတွင်းစာအား စုပ်ယူပြီးချိန်မှစ ၂၁ရက်အထိ 17-a methyl testosterone အထီးဖြစ်စေသော ဟိုမုန်းရောစပ်ထားသည့် အစာအား တစ်ရက်လျှင် ၆၀ ppm နှုန်း ကျွေးမွေးရန်ဖြစ်ပါသည်။ ၎င်းသည် အစာ၁ကီလိုဂရမ်တွင် ဟိုမုန်း ၆၀မီလီဂရမ်ထည့်သွင်းခြင်းနှင့် ညီပါသည်။
ဟိုမုန်းအား ပထမဦးစွာ ၉၅% မီသိုင်းအယ်လ်ကိုဟောတွင် ဖျော်ရပါမည်။ ၎င်းသည် ဟိုမုန်းပျော်ဝင်စေရန် ဖျော်ရည် အဖြစ်လုပ်ဆောင်ပြီး ရေတွင်မပျော်ဝင်ပါ။
ဖျော်စပ်ပြီး ဟိုမုန်းပျော်ရည်အား ရေခဲသေတ္တာထဲတွင်ထည့်သွင်းပြီး ၄ဒီဂရီစင်တီဂရိတ်တွင် ထားပါက ၆လထားနိုင်ပါသည်။ စံချိန်မှီ ဖျော်စပ်ထားသည့် ဟိုမုန်းပျော်ရည်အား အဆင့်မြင့် ငါးစာမှုန့် သို့မဟုတ် စီးပွားဖြစ် ထုတ်လုပ်ထားသည့် ငါးငယ်များပြုစုရန် အစာနှင့်ရောရမည်ဖြစ်ပြီး ၎င်းတွင် ဗီတာမင်စီ ထပ်မံထည့်ပေးရန်လိုအပ်ပါသည်။
နေရောင်ခြည်မရရှိပဲ အရိပ်ရနေသည့်ကန် သို့မဟုတ် ကန်ရေကြည်နေသည့် ကန်တွင် လိင်ပြောင်းလဲခြင်း ဆောင်ရွက်ပါက ဗီတာမင်စီသည် အလွန်အရေးပါပါသည်။
ကန်ရေစိမ်းသည့် ငါးကန်များအတွင်းရှိ ဟာပါများတွင် လိင်ပြောင်းလဲခြင်း ဆောင်ရွက်ပါက ဗီတာမင်စီအား ထည့်သွင်းစဉ်းစားရန်မလိုပါ။
လိင်ပြောင်းလဲခြင်းအား ၂၁ရက်တိုင်တိုင် မှန်ကန်စွာ ဆောင်ရွက်ပါက ရရှိလာမည့် ရလာဒ်သည် ၉၉%သားပေါက် အထီးများဖြစ်နိုင်ပါသည်။
Ref: တီလားပီးယားငါးသားဖောက်ခြင်းနှင့် သားပေါက်အဖိုများ ထုတ်လုပ်ခြင်းစာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026