တိုင်းရင်းကြက်မများ ဥပိုဥနိုင်သည့် နည်းလမ်းများ
တိုင်းရင်းကြက်မများ ဥနည်းရသည့် အကြောင်းအရင်းမှာ ဝပ်စိတ်ဖြစ်ပေါ်လာခြင်းနှင့် သားထိန်းချိန် ကာလကြာမြင့်သည့်အတွက်ကြောင့်ဖြစ်သည်။ ကြက်မတစ်ကောင်သည် ၂၁ ရက်ဝပ်ပြီးနောက် ၇၅ ရက်ခန့် သားထိန်းလေ့ရှိသည်။ မွေးမြူသူအနေဖြင့် ကြက်ဥရရှိရန် အဓိကထားလိုပါက ကြက်မ၏ ဝပ်စိတ်ကို စနစ်တကျဖျောက်ပေးသည့်အခါ တိုင်းရင်းကြက်မတစ်ကောင် တစ်နှစ်လျှင် ကြက်ဥပျှမ်းမျှအလုံး ၂၀၀ ရရှိနိုင်သည်။ ကြက်မတစ်ကောင်ဝပ်စိတ်ပေါ်လာစေနိုင်သည့် အကြောင်းအရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) သွေးထဲရှိ ဟိုမုန်းပြောင်းလဲခြင်း
သွေးထဲ၌ရှိသော အီတတြိုဂျင်နှင့် ပရိုဂျက်ဝတရုံးဟိုမုန်းမြင့်တက်လာချိန်တွင် ဝပ်စိတ်ဖြစ်ပေါ်လာသည်။ ( ဓာတုပိုင်းဆိုင်ရာပြောင်းလဲမှု)
(၂) အလင်းရောင်ရရှိမှုကြောင့် ပြောင်းလဲခြင်း
ဥကြက်မတစ်ကောင်သည် အမှောင်ဓာတ်ပိုရရှိသော ဥတင်းကိုနှစ်သက်သည်။ ယင်းအမှောင် ပတ်ဝန်းကျင်၌ ဥဥသည့်အတွက် တာရှည်လာသည့်အခါ ဝပ်စိတ်ပေါ်လာသည်။
(၃) နွေးဓာတ်ရရှိချိန်နှင့် ပမာဏပြောင်းလဲခြင်း
ကြက်မများ ဥတင်းကို ချောင်ကျပြီး မှောင်သောနေရာ ရွေးချယ်သဖြင့် ၎င်းရွေးချယ်သောနေရာသည် အနွေးဓာတ်ပိုနေသည်။ ၎င်းအနွေးဓာတ်သည် ဝပ်စိတ်ကိုဖြစ်စေသည်။
(၄) ရင်ဘတ်ထိတွေ့မှုကြောင့် ဝပ်စိတ်ဖြစ်ပေါ်လာခြင်း
ကြက်မသည် ဥချိန် ၁၅ မိနစ်မှ နာရီဝက်အထိ ကြာမြင့်တက်သည်။ ယင်းသို့ ဥဥရန်အတွက် တင်းထဲ၌ရှိနေစဉ် ယခင်နေ့များ ဥခဲ့သောကြက်ဥများသည် ရင်ဘတ်နှင့် ထိတွေ့နေသဖြင့် ဝပ်စိတ်ကို နှိုးဆွပေးသည်။

အထက်ဖော်ပြပါ အကြောင်းအရာ (၄) ချက်အနက်ဓာတုဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်စေသည့် ဟော်မုန်းဓာတ်ကို ပြုပြင်ရန် မဖြစ်နိုင်သော်လည်း ကျန်ရှိနေသည့် ရုပ်ပိုင်းဆိုင်ရာ အချက် (၃) ချက်ဖြစ်သည့် အနွေးဓာတ်၊ အမှောင်ဓာတ်နှင့် ရင်ဘတ်ထိတွေ့မှုကို ပြုပြင်ပေးပါက ဝပ်စိတ်ပျောက်ပြီး ပြန်လည်၍ ဥဥပေးနိုင်သည်။ ဝပ်စိတ်ကို ဖျောက်ရန်နည်းလမ်းမှာ ကြက်များကို ဥကျင်းထဲမှ ထုတ်ပြီး အလင်းရောင်ကောင်းမွန်သော အေးမြသည့် နေရာထဲတွင် တောင်းထဲ၌အုပ်ထားပြီး အစာနှင့် ရေလုံလောက်စွာထားပေးရမည်။ ဤကဲ့သို့ ထားပါက ၁၄ ရက် ကြာကာလတွင် ဥများပြန်လည်၍ ဥပေးသွားမည်ဖြစ်သည်။
တိုင်းရင်းကြက်မများကို သားမဖောက်ဘဲ ဝပ်စိတ်ဖျောက်လျက် ဥကောက်ပါက ပျှမ်းမျှတစ်နှစ်လျှင် ကြက်ဥလုံးရေ ပျှမ်းမျှ ၂၀၀ လုံးရရှိနိုင်ပါသည်။ သဘာဝအတိုင်းလွှတ်ထားလျှင် သားထိန်းကာလကြာပြီး ထုတ်လုပ်မှုကျဆင်းသည်။
FSWG မှထုတ်ဝေသော 'မြန်မာ့တိုင်းရင်းကြက် မွေးမြူနည်းလမ်းညွှန' စာအုပ်တွင်ပါဝင်သော ဆောင်းပါးကောင်းများထဲမှ တစ်ပုဒ်ကို ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kyaw gyi
လွန်ခဲ့သော ၃ နှစ် ကတိန်ညင်ကြက်မွေးမြူရေးခြံ
Zin Min Htet
လွန်ခဲ့သော ၃ နှစ် ကအိမ်ြကကမသားဖေါက်နည်
မန်းတင်စိုး
လွန်ခဲ့သော ၃ နှစ် ကဗမာကြက်မွှေးမြူနည်း
ဆက်စပ်မေးခွန်းများ
ဒေသကြက် မွေးချင်လို့ ဥကနေစပီး ရောင်းတန်းဝင်တဲ့ထိ ပြောပြပေးပါလားဗျ
mg nay • ဖြေကြားချက် 1 ခု
နို့စားနွားကို ဒိုက်ဦးဘယ်နေရာလောက်မှာဝယ်လို့ရလားဗျ
the wise man • ဖြေကြားချက် 2 ခု
နို့စထုတ်ပေးနိုင်တဲ့ နို့စားနွားမစျေးလေးပြောပြပါ ဒိုက်ဦးဘက်ကဝယ်မယ်ဆိုရင်ရောအဆင်ပြေလားဗျ
the wise man • ဖြေကြားချက် 3 ခု
နို့စားနွားမ စျေးလေးသိချင်ပါတယ်
the wise man • ဖြေကြားချက် 2 ခု
အိမ်က ဝက်ဆီးပါရင် ဆီးနှင့်သွေးရောပါ နေပါတယ်။ဘာဆေးတိုက်ရင် ကောင်းမလဲဗျ?
khup lam tuang • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026