ဆိတ်ကလေးမွေးဖွားပြီး ဘယ်လိုပြုစုကြမလဲ?
၁။ ဆိတ်ကလေးမွေးဖွားပြီးပြီးချင်း ဦးခေါင်းကို သုတ်ပေးပါ။ လွတ်လပ်စွာ အသက်ရှူနိုင်ရန်ဖြစ်သည်။
၂။ ချက်ကြိုး၏အဖျားပိုင်းကို (၁၀ ရာခိုင်နှုန်း) အိုင်အိုဒင်းရည်ထဲသို့ နှစ်ထားခြင်းဖြင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်မည်ဖြစ်သည်။
၃။ အကယ်၍ ချက်ကြိုးမှ သွေးယိုစီးနေပါက အဖျားတစ်ဖက်တွင် သွေးရပ်သွားအောင် လိမ်ထားခြင်း (သို့မဟုတ်) ကြိုးဖြင့်ချည်ထားခြင်းပြုလုပ်ပါ။
နို့ဦးရည်ခေါ် (Colostrum) သည် ကလေးမွေးဖွားပြီး ပထမရက်မှ ခုနှစ်ရက်အထိ မိခင်ဆိတ်မမှ ထုတ်ပေးသော ထူပျစ်၍ အဝါရောင်ရှိသော နို့ရည်ဖြစ်သည်။
၎င်းနို့ရည်၏ အသုံးဝင်ပုံနှင့် အရေးကြီးအချက်(၃)ခုတို့မှာ-
(၁) ၄င်းနို့ရည်တွင် ကူးစက်တတ်သောရောဂါကို ခုခံနိုင်စွမ်းရှိသော ပဋိဇီဝဓာတ်ပါရှိသောကြောင့် အထူးသဖြင့် အစာလမ်းကြောင်းတစ်လျှောက်တွင်ဖြစ်တတ်သော ရောဂါများမှ ယာယီအားဖြင့် ကာကွယ်ပေးသည်။
(၂) သန္ဓေသားနှင့်စပ်ဆိုင်သောအရာများ အစာလမ်းကြောင်း၌စုမိ၍ မလိုလားအပ်သည်များ ဖြစ်ပေါ်လာခြင်းကို ရှင်းလင်းပေးသည့် သဘာဝဓာတ်မျိုးအဖြစ် တာဝန်ထမ်းဆောင်ပေးသည်။
(၃) နို့ဦးရည်မှ ဗီတာမင်အေ ကြွယ်ဝစွာရရှိပါသည်။ ဆိတ်ကလေးငယ်သည် ပထမရက်နှင့် နောက်ပိုင်းရက်များတွင် နို့ဦးရည်စို့ရန် မအောင်မြင်ခြင်း၊ အဆင်မပြေခြင်းမျိုးဖြစ်ပါက အဆင်ပြေအောင် ဆိတ်ကလေးငယ်အား ကူညီပေးရပါမည်။ ဆိတ်ကလေးငယ်၏ပါးစပ်ကို မဖြစ်မနေဟစေပြီး မိခင်၏နို့သီးကိုထည့်ပေး၍ နို့ဦးရည်ကို ညှစ်ပေးရပါမည်။
Ref: ဆိတ်မွေးမြူရေးစာမျက်နှာ။
မောင်စိုးသိန်း
လွန်ခဲ့သော ၁၀ လ ကတစ်လသာအရွယ်ဆိတ်ပေါက်လေများမိုးတွင်မှာအသေများနေပါတယ်.ဘယ်လုပ်ရပါမလည်းခင်ဗျာ
ဦးသောင်းလွင်
လွန်ခဲ့သော ၂ နှစ် ကဆိတ်ကိုဖွဲနုဘယ်လိုကျွေးရမလဲ။သိချင်ပါတယ်ခင်ဗျာ။
မောင်ထက်ရှိုင်း
လွန်ခဲ့သော ၂ နှစ် ကဆရာဆိတ်သားလေးမွေးတဲ့အချိန်မှာလေဆိတ်ကိုဘယ်လိုဆဲ့ခုန်ရလည်းခင်မြသိချင်လို့ပါ
Ko. Two
လွန်ခဲ့သော ၃ နှစ် ကဆိတ်မများႏနိ္တွင်အနာကိုဘာေဆးကုရမလဲဗျာ
Ko. Two
လွန်ခဲ့သော ၃ နှစ် ကကိုတူး
ဆက်စပ်ဆောင်းပါးများ
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
ဆက်စပ်မေးခွန်းများ
ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ
ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု
ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်
Zin Min Wai • ဖြေကြားချက် 1 ခု
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • ဖြေကြားချက် 4 ခု
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • ဖြေကြားချက် 0 ခု
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....