အစိမ်းရောင်လမ်း
နွားကလေး ပြုစုမွေးမြူခြင်း (၁)

နွားကလေး ပြုစုမွေးမြူခြင်း (၁)

နွားကလေး ပြုစုမွေးမြူခြင်း

မွေးပြီးနောက် နွားမကြီးမှ လျက်စေရမည်။ နွားကလေး၏ မွေးပြီးစ ကိုယ်အလေးချိန်ကို ကတ္တား (သို့မဟုတ်) ကိုယ်အလေးချိန်တိုင်းသည့် တိပ်ကြိုးဖြင့် တိုင်းတာ၍ မှတ်တမ်းတင်ရမည်။

 နားရွက် နံပါတ်ပြားတွင် အောက်ပါအတိုင်း ပြင်ဆင် ရေးသားပြီး တပ်ဆင်ရမည်။

                     နားရွက် နံပါတ်တပ်ဆင်ခြင်း

 ချက်တိုင်းနှင့် နားရွက်နံပါတ်တပ်ထားသည့်နေရာတို့ကို ချက်တိုင်ခြောက်သည်အထိနှင့် နံပါတ်ပြား တပ်သည့်နေရာ နေရာကျက်သည်အထိ တစ်ရက်လျှင်တစ်ကြိမ် အိုင်အိုဒင်းဆေးရည်ဖြင့် ဖြန်းပေးရမည်။ နွားကလေးကို ခြောက်သွေ့သန့်ရှင်းသည့်နေရာတွင် ထားပါ။

နွားကလေးများအား အသက် ၃ ပါတ်သားအထိ တစ်ကောင်ချင်းစီ ခြံဖြင့်ခွဲထားနိုင်သည်။ ထို့နောက် အသက်အရွက်၊ ကိုယ်အလေးချိန်တို့ တူရာအလိုက် စုပေါင်း ထားခြင်းဖြင့် ကြီးထွားနူန်းကောင်းစေပြီး အုပ်စုနှင့် နေတတ်သည့် အကျင့်ကို လေ့ကျင့်ပေးနိုင်သည်။

 နွားကလေးခြံသည် အမြဲသန့်ရှင်းနေရပါမည်။

 နွားကလေးများကို မနက်စော (၇) နာရီနှင့် ညနေပိုင်း (၅) နာရီ တို့တွင် တစ်ရက်နှစ်ကြိမ် နို့တိုက်ကျွေးရမည်။

 နို့တိုက်ကျွေးသည့်အချိန် ပုံမှန်ဖြစ်ရန် လိုအပ်သည်။

 နွားကလေးကျွေးမွေးစောင့်ရှောက်သည့်သူ အပြောင်းအလဲ မလုပ်သင့်ပါ။

 နွားကလေးများထံသို့ နို့ကိုယူ၍ တိုက်ပါ။ (နွားမကြီးထံသို့ တိုက်ရိုက် မစို့စေရပါ)

 

နွားငယ်ဦးချိုသတ်ခြင်း

 

  • နွားငယ်များကို ထိန်းသိမ်းရလွယ်ကူစေရန် အသက်ငယ်သည့် (၁ ပတ်မှ ၂ ပတ်) အတွင်း ဦးချိုသတ်ပေးရန် လိုအပ်သည်။

 

 

 နွားကလေးများ နို့တိုက်ကျွေးမှု ပုံစံ

 တစ်ရက်လျှင်နှစ်ကြိမ် နွားကလေးများကို နို့တိုက်ရာတွင် နို့ဘူးဖြင့် ချိန်တွယ်တိုက်ကျွေးခြင်းဖြင့် ပမာဏအတိအကျ တိုက်ကျွေးနိုင်ပါသည်။

 နို့တိုက်ကျွေးရာတွင် ပုံးဖြင့် မဟုတ်ဘဲ နို့ဘူး၊ နို့သီးခေါင်းဖြင့်နို့စေခြင်းဖြင့် တံတွေးပိုမိုထွက်လာပြီး အစာချေဖျက်မှုကို ပိုမို အထောက်အကူပြုပါသည်။

 နို့ထည့်သည့်ပုံး၊ နို့သီး၊ နို့သီးခေါင်းတို့ကို ရေအေးဖြင့် ဆေးပါ။ ထို့နောက်ဆပ်ပြာဖြင့်ဆေးပြီး ၁ ရာခိုင်နူန်း ကလိုရင်းရည်ဖြင့်ဆေးပါ။ဆေးကြောပြီးနောက် ရေစစ်ပြီး ခြောက်သွေ့စွာ ထားပါ။

 နွားကလေးများ၏ အစာလိုအပ်ချက်

 နွားကလေးကို အသက်အရွယ်၊ ကိုယ်အလေးချိန်အလိုက် အုပ်စုခွဲ၍ ကျွေးပါ။ နေမကောင်းသောနွားကလေးကို သီးခြားခွဲထားပါ။

 ကိုယ်အလေးချိန် တိုးတက်မှု မှတ်တမ်း

 အသက် ၆ လသားအထိ ၁၄ ရက်တစ်ကြိမ် ကိုယ်အလေးချိန်ချိန်ပါ။  ၆ လ ကျော်လျှင် ၁ လ တစ်ကြိမ်ချိန်ပြီး မှတ်တမ်းတွင် ရေးသွင်းပါ။

 သားခွဲချိန် (၉၀) ရက်တွင် ကိုယ်အလေးချိန်မှာ

 ဖရီရှန် - ၁၀၀ ကီလိုဂရမ်

 ဖရီရှန်စပ်နွား - ၉၀ ကီလိုဂရမ်

 သားစပ်ချိန် (၁၅ လ) တွင် ရှိရမည့် ကိုယ်အလေးချိန်မှာ

 ဖရီရှန် - ၃၂၀ မှ ၃၄၀ ကီလိုဂရမ်

 ဖရီရှန်စပ်နွား - ၂၈၀ မှ ၃၀၀ ကီလိုဂရမ်

 နွားကလေးနှင့် နွားမတန်းများကို မွေးမြူကျွေးမွေးရသည့်အချိန်သည် ၎င်းတို့ထံမှ ဝင်ငွေမရရှိဘဲ စိုက်ထုတ်ကျွေးမွေး ရသည့် ကုန်ကျစားရိတ်များသောအချိန် ဖြစ်သည်။ ထို့ကြောင့် အသက်အရွယ်အလိုက် ကြီးထွားနူန်းနှင့် မျိုးစပ်ချိန်မှန်ကန်အောင် မွေးမြူနိုင်ရန် အရေးကြီးပါသည်။

 နွားမတန်းသည် နွားကလေးမွေးပြီးနောက် နောက် ၁ နှစ်ခန့်အထိ ခန္ဓာကိုယ် ဆက်လက်ဖွံ့ဖြိုးပါသည်။  ထို့ကြောင့် နွားမကြီးနှင့် ခွဲထားပြီး ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ရန် လိုအပ်ပါသည်။

 မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူမှု ဖွံဖြိုးတိုးတက်ရေး စီမံကိန်း

You

ဆက်စပ်ဆောင်းပါးများ

MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

ဆက်စပ်မေးခွန်းများ

ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ

ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု

ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်

Zin Min Wai • ဖြေကြားချက် 1 ခု

ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂

စောထီးကော်မူး • ဖြေကြားချက် 4 ခု

ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ

michael • ဖြေကြားချက် 0 ခု

ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ

thetlinkyaw • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....