စွန့်ဦးတီထွင်လုပ်ငန်း စွမ်းရည်မြင့်တင်ခြင်းသင်တန်း
လာမည့် ဖေဖော်ဝါရီလထဲတွင် UNDP နှင့် Ministry of Planning, Finance, and Industry မှ ကြီးမှူးကျင်းပသော စွန့်ဦးတီထွင်လုပ်ငန်း စွမ်းရည်မြင့်တင်ခြင်းသင်တန်းအား Impact Hub မှ ဦးစီး၍ လှည်းကူးမြို့နယ်တွင် အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သင်တန်းနှင့်ပတ်သတ်သော အကြောင်းအရာအား အောက်တွင် ဖော်ပြထားပေးပါသည်။
သင်တန်းဖွင့်လှစ်မည့် မြို့နယ် - လှည်းကူး
သင်တန်းအမျိုးအစားကတော့ ၂ မျိုး ရှိပါမည်။ တစ်ခုမှာ လက်ရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်နေသူများအတွက် ဖြစ်ပြီး ကျန် ၁ ခုမှာ စီးပွားရေး လုပ်ငန်း စတင် လုပ်ကိုင်လိုသော လူကြီး၊ လူငယ် တို့အတွက် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်ပါသည်။
မည်သို့သော အကြောင်းအရာများ သင်ပေးမည်နည်း?
အဆိုပါ သင်တန်းနှစ်ခုတွင် တခြားသူများနှင့်မတူသော စီးပွားရေး လုပ်ငန်းတစ်ခုကို စနစ်တကျ စတင်လုပ်ကိုင်နည်း၊ မိမိ၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းငွေလည်ပတ်ပုံကို စနစ်တကျစီမံခန့်ခွဲနည်း ၊ မိမိ၏စီးပွားရေးလုပ်ငန်းများကို တခြားသူများနှင့် မတူညီစေရန် စမ်းသစ်တီထွင်နည်း စသည့်အကြောင်းအရာများအား သင်ကြားပေးမည်ဖြစ်ပါသည်။
မည်သူတွေ တက်ရောက်သင့်သလဲ?
လက်ရှိ မိမိလုပ်ကိုင်နေသော လုပ်ငန်းကို တိုးတက်လာစေရန် စနစ်တကျလုပ်ကိုင်လိုသူများ နှင့် စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ရန် အကြံရှိသောလည်း မည်သို့ စတင်လုပ်ကိုင်ရမည်ကို မသိသောသူများအတွက် တက်ရောက်သင့်သော သင်တန်းတစ်ခုဖြစ်ပါသည်။
သင်တန်းကာလ မည်မျှကြာမည်နည်း?
သင်တန်းကာလကတော့ ၁ လကို ၃ ရက်စီ သင်ကြားပေးမည်ဖြစ်ပြီး စုစုပေါင်း ၂ လကြာပါမည်။
သင်တန်းများအား မည်သည့်လတွင် စတင်ဖွင့်လှစ်မည်နည်း?
ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်၍ ဧပြီလ ပထမအပတ် ဝန်းကျင်တွင် သင်တန်းပြီးဆုံးမည်ဖြစ်ပါသည်။
သင်တန်းကြေး သွင်းစရာလိုပါသလား?
UNDP မှ စီစဥ်ပေးသော သင်တန်းဖြစ်တာကြောင့် သင်တန်းကြေး အခမဲ့ပါ ပေးစရာမလိုပါဘူး။
သင်တန်းသား ဦးရေ မည်မျှ လက်ခံမည်နည်း?
တစ်တန်းလျှင် သင်တန်းသားဦးရေ ၂၅ ဦးစီသာလက်ခံသွားမည် ဖြစ်သည်။
အသက်ကန့်သတ်ထားပါသလား?
အသက် မကန့်သတ်ထားပါဘူး။ တကယ်စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားတဲ့သူ မည်သူမဆို လျှောက်ထား တက်ရောက်နိုင်ပါသည်။
သင်တန်းတက်ရောက်ခွင့် ရကြောင်း မည်သို့ သိနိုင်မည်နည်း?
သင်တန်းတက်ရောက်ခွင့်ရသူများအား ပြန်လည်စီစစ်ရွေးချယ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တက်ရောက်ခွင့်ရသူများအား ဤ Impact Hub Page တွင်ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ပြန်လည်ဆက်သွယ်ပေးမည်လည်းဖြစ်ပါသည်။
စိတ်ဝင်စား၍ တက်ရောက်လိုသူများ အောက်ပါ မိမိနှင့်သက်ဆိုင်ရာ Google Form လျှောက်လွှာများတွင် ဝင်ရောက်ဖြည့်၍ သင်တန်းတက်ရောက်ခွင့် လျှောက်လွှာတင်နိုင်ပါသည်။
လှည်းကူးလုပ်ငန်းရှင်များ အောက်ပါ Link များတွင်၀င်ရောက်၍စာရင်းပေးသွင်းနိုင်ပါသည်။
အောက်ပါ Link ကတော့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အတွက် သင်တန်းလျှောက်လွှာ Link ပါ။
သင်တန်းလျှောက်လွှာဖြည့်ရန် (ဇော်ဂျီ)
သင်တန်းလျှောက်လွှာဖြည့်ရန် (ပြည်ထောင်စု)
အောက်ပါ Link ကတော့ စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်လိုသောသူများ အတွက် သင်တန်းလျှောက်လွှာ Link ပါ။
သင်တန်းလျှောက်လွှာဖြည့်ရန်(ဇော်ဂျီ)
သင်တန်းလျှောက်လွှာဖြည့်ရန်(ပြည်ထောင်စု)
သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်ဆများ ထပ်မံသိရှိလိုပါက 09269378730 သို့ ဖုန်းဖြင့် ဆက်သွယ်၍သော်လည်းကောင်း Message Box မှသော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....