အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ရာသီတစ်လျှောက် လုပ်ဆောင်ချက်များကို ခြေရာခံနိုင်မည့် QR code မိတ်ဆက်ခြင်း

စိုက်ရာသီတစ်လျှောက် လုပ်ဆောင်ချက်များကို ခြေရာခံနိုင်မည့် QR code မိတ်ဆက်ခြင်း

Green Way
Green Way • 20/02/2023
👩‍🌾 အကြွေးကြေရုံ ဝမ်းဝရုံလောက်ပဲ သဘောထားပြီး စိုက်ပျိုးရေး လုပ်နေကြတုန်းလား..
 
စိုက်ရာသီသာကုန်သွားတယ်..ဘယ်လောက်ကျန်မှန်းတောင် မသိတော့ပါဘူးလို့ ညည်းနေကြတုန်းလား... 🥲
 
အဲ့ဒါတွေကနေ ရုန်းထွက်လိုက်ကြပါတော့ ဦးကြီး ဒေါ်ကြီး ကိုကို မမ တို့ရေ...
 
ကူညီပေးဖို့အတွက်တော့..အစိမ်းရောင်လမ်းဆော့ဝဲထဲက အစိမ်းရောင်မှတ်တမ်းဆိုတဲ့ Function လေး အသင့်စောင့်ကြိုနေပါပြီရှင့်🤗
 
ဘယ်လိုတွေကူညီပေးမှာလဲဆိုတာကိုတော့👇
 
❗️အစိမ်းရောင်လမ်းနဲ့ မြန်မာသြဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများ အသင်း MOGPA အဖွဲ့က ပူးပေါင်းပြီး ၂၂.၂.၂၀၂၃ (ဗုဒ္ဓဟူးနေ့) မနက် ၁၀ နာရီကနေ ၁၁ နာရီထိ webinar လေး ပြုလုပ်ရှင်းပြပေးသွားမှာရှင့် 🥰
 
MOGPA အဖွဲ့ဆိုတာကတော့ organic PGS certificate တွေထုတ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါနော်...
 
ဒီ webinar လေးကို ...ဘယ်လိုလူတွေတက်သင့်လဲဆိုတော့...
 
✅ အထွက်နှုန်းကောင်းပါရဲ့နဲ့ အမြတ်မကျန်ဘူးလို့ ခံစားနေရသူတွေ
 
✅ ကိုယ့်လုပ်ငန်း​လေးက ဘယ်လောက်ရှုံးတယ်ဘယ်လောက်မြတ်တယ်ဆိုတာ လွယ်လွယ်လေးနဲ့ သိချင်သူတွေ
 
✅ GAP/ organic လက်မှတ်လျှောက်ပြီး ကိုယ့်ထုတ်ကုန်ရဲ့တန်ဖိုးကို မြှင့်ချင်ကြတဲ့သူတွေ
 
✅ ပိုမိုကောင်းမွန်တဲ့ ဈေးကွက်တစ်ခုကိုပိုင်ဆိုင်ချင်သူတွေ
 
✅ ကိုယ့်စိုက်ခင်းဧရိယာ အကျယ်အဝန်းကို လွယ်လွယ်လေး တိုင်းချင်သူတွေ
 
✅ နောက်ဆုံး စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုလို မှတ်ယူပြီး စိုက်ပျိုးစီးပွားလုပ်ငန်းရှင် ဖြစ်ချင်သူတွေ... အားလုံး တက်သင့်ပါတယ်ရှင့်...
 
ကဲ.. ဒီတော့.. . သိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ဖို့အတွက် စိတ်ပါဝင်စားသူ စိုက်ပျိုးရေးနယ်ပယ်မှ မိတ်ဆွေများနဲ့ နယ်ပယ်ဒေသအသီးအသီးမှ ကျွမ်းကျင်ပညာရှင်များ၊ စိုက်ပျိုးစီးပွားလုပ်ငန်းရှင်​လောင်းများကို ဖိတ်ခေါ်ပါတယ်နော် ❤️
 
တက်ရောက်လိုသူများအနေဖြင့်👇
 
Join Zoom Meeting
 
Meeting ID: 875 1449 2237

 

Passcode: 348101
 
7
Daw Khin Myint

Daw Khin Myint

လွန်ခဲ့သော ၃ နှစ် က

တက်ချင်ပါတယ်ကူညီပါ

Daw Khin Myint

Daw Khin Myint

လွန်ခဲ့သော ၃ နှစ် က

လင့်နှိပ်မရဘူ

ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၃ နှစ် က

မနက်ဖြန်မနက် ၁၀နာရီပါနော် Zoom ထဲဝင်ဖို့အဆင်မပြေဖြစ်နေရင် 09765408634 ကိုဆက်သွယ်လို့ရပါတယ်ရှင့်

U Than Zaw Oo

U Than Zaw Oo

လွန်ခဲ့သော ၃ နှစ် က

တက်ချင်ပါတယ်ဗျ။

ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၃ နှစ် က

ID နဲ့ passcode ရိုက်ပြီးလည်းဝင်လို့ရပါတယ်ရှင့် လင့်ခ်လည်းရအောင် ပြန်လုပ်ပေးပါ့မယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။