အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးအတွက် မွေးမြူရေး၏အခန်းကဏ္ဍအရေးပါမှုအကြောင်း အွန်လိုင်းဆွေးနွေးပွဲ

စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးအတွက် မွေးမြူရေး၏အခန်းကဏ္ဍအရေးပါမှုအကြောင်း အွန်လိုင်းဆွေးနွေးပွဲ

Green Way
Green Way • 12/01/2026

✅ စားနပ်ရိက္ခာဖူလုံရေးဆိုသည်မှာ အခြေခံကောက်ပဲသီးနှံ အမျိုးအစားအနည်းငယ်မျှဖြင့် ဖော်ဆောင်နိုင်မည် မဟုတ်ပါ။ စားသုံးသူများက အာဟာရပြည့်စုံကြွယ်ဝသော အစားအစာအမျိုးအစား အစုံအလင်ကို လက်လှမ်းမီစွာ ဝယ်ယူစားသုံးနိုင်ရန် လိုအပ်ပါသည်။ ထို့အတူ စားနပ်ရိက္ခာစနစ် အတွင်း အချင်းချင်း အပြန်အလှန် ချိတ်ဆက် အမှီသဟဲပြုနေသည့် ကဏ္ဍများ၊ လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများနှင့် ဂေဟစနစ်များ အားလုံး ရေရှည်တည်တံ့နိုင်ရေးမှာလည်း အရေးကြီးပါသည်။ 

✅ သို့ဖြစ်ရာ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးအတွက် ဆောင်ရွက်ရာတွင် သီးနှံတစ်မည်ချင်း စဉ်းစားဆောင်ရွက်၍ မရနိုင်တော့ဘဲ စားနပ်ရိက္ခာစနစ် တစ်ခုလုံးကို ခြုံငုံစဉ်းစားသည့် Food Systems Thinking ဖြင့် ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်သည့်

✅ Food Systems Thinking အား မိတ်ဆက်ပေးနိုင်ရန်အတွက် အစိမ်းရောင်လမ်း၏ ပင်တိုင်ဆောင်းပါးရှင် ဒေါက်တာThet Khaing (Khaing Kyi Thit) က Food Systems Thinking: The Role of Livestock in Myanmar’s Food Systems (စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးအတွက် မွေးမြူရေး၏အခန်းကဏ္ဍအရေးပါမှုအကြောင်း) ခေါင်းစဉ်ဖြင့် အွန်လိုင်းမှ ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။ 

📅 နေ့ရက် : ၁၄-၁-၂၀၂၆ (ဗုဒ္ဓဟူးနေ့)

⏰ အချိန် : ည ၇:၀၀ နာရီ (မြန်မာစံတော်ချိိန်)

စာရင်းပေးသွင်းရန် Link >>>> https://us06web.zoom.us/meeting/register/WiZaAummSauI6mWLyIemow

(emailသို့ ဝင်ရောက်လာသည့် Link ကို အသုံးပြု၍ ဆွေးနွေးပွဲတက်ရောက်ရမည် ဖြစ်ပါသည်။) 

မြန်မာ့စားနပ်ရိက္ခာနှင့် အာဟာရဓာတ် ဖူလုံရေးအတွက် Food Systems Thinking ၏အရေးပါမှု၊ စားနပ်ရိက္ခာစနစ်တွင် ပါဝင်သည့် အစိတ်အပိုင်းများနှင့် မောင်းနှင်အားများ၊ စားနပ်ရိက္ခာစနစ်အတွင်း ဆောင်ရွက်ချက်များ၏ သက်ရောက်မှုများကို လက်ရှိ မြန်မာ့မွေးမြူရးကဏ္ဍမှ အချက်အလက်များနှင့် နှိုင်းယှဉ်ချိန်ထိုးကာ ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါ၍ အစိမ်းရောင်လမ်း၏ မိတ်ဆွေများ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။