အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လူငယ် ပတ်ဝန်းကျင်ဆိုင်ရာ ခေါင်းဆောင်မှု စွမ်းရည်မြှင့် သင်တန်း Young Environmental Leadership Training Young Environmental Leadership

လူငယ် ပတ်ဝန်းကျင်ဆိုင်ရာ ခေါင်းဆောင်မှု စွမ်းရည်မြှင့် သင်တန်း Young Environmental Leadership Training Young Environmental Leadership

Green Way
Green Way • Greenovator • 25/06/2014

ကလျာဏ မိတ္တဖောင်ဒေးရှင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်လျက် ရှိနေသော မြန်မာနိုင်ငံ အနှံ့အပြားမှ လူငယ်များအတွက် ပတ်ဝန်းကျင် ထိန်ုးသိမ်းရေး ဆိုင်ရာ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင် ခြင်း (Young Environmental Leadership Training) ကို ပြုလုပ်ရန် ရှိပါသည်။ အဓိကအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်နေသော ၊ ဆက်လက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ကိုင်လိုသော ၊ အခြေခံ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ဗဟုသုတ ရှိသော ၊ မိမိတို့ ဒေသတွင် ဦးဆောင် လုပ်ကိုင်နေသော အနယ်နယ် အရပ်ရပ်မှ လူငယ်များအား အထူးရည်ရွယ်၍ ဤသင်တန်းကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။

သင်တန်းပြုလုပ်မည့် ကာလ ။        ။  ၇.၇.၂၀၁၄ မှ ၂၆.၇.၂၀၁၄ အထိ (၂၀ ရက်)

သင်တန်းပြုလုပ်မည့်နေရာ   ။        ။  ရန်ကုန် ၊ ပြင်ဦးလွင်။

သင်တန်းသားသတ်မှတ်ချက်များ

 

v  အခြေခံပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ကို သိရှိ နားလည် ပြီး ဖြစ်သူ။

v  လက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၊ ရေရှည် လုပ်ဆောင်ရန် ရည်ရွယ်ထားသူ။

v  အချိန်ပေးနိုင်သူ။

v  ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ

o   အသိပညာပေးခြင်း

o   မီဒီယာကို အသုံးပြု၍ အသိပညာပေး လှုံ့ဆော်ခြင်း၊

o   ပတ်ဝန်းကျင် ဆိုင်ရာ တရားမျှတမှု အတွက် လူထုအင်အားပါဝင်လာစေသည့် လှုပ်ရှားမှု ပြုလုပ်ခြင်း) စသည်တို့မှ နယ်ပယ် တစ်ခုခု ကို စိတ်ပါဝင်စားသူ။

သင်တန်းတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ  

§  နက်ရှိုင်းဂေဟဗေဒ (Deep Ecology)

§  သဘာဝအရင်းအမြစ်စီမံခန့်ခွဲခြင်းအတွက် ဂေဟစည်းမျဉ်းများ (Ecological principles for Natural Resource Management)

§  ဇီဝမျိုးစိတ်မျိုးကွဲ ကြွယ်ဝခြင်း (Biodiversity)

§  ရာသီဥတု ပြောင်းလဲမှု နှင့် သင့်လျော်သော နေထိုင်ခြင်း (Climate Change Adaptation)

§  REDD+

§  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း (Waste Management)

§  ပတ်ဝန်းကျင်ထိန်းသိမ်းရေး Vs စီးပွားရေး ဖွံ့ဖြိုးမှု - အစိမ်းရောင်စီးပွားရေး (Environmental Conservation Vs Economic Development-Green Economy)

§  ဆန်းစစ်လေ့လာခြင်းဆိုင်ရာ နည်းလမ်းများ  (Assessment Tools)

§  မြေယာအသုံးပြုမှု ၊ ရေချိုအရင်းအမြစ်များ၊ (Land Use , Water Resources)

§  ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ  နှင့် ဥပဒေ များ (Environmental Laws and Policy)

§  မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား လေ့လာခြင်း (Environmental Issues and Myanmar Perspectives)

§  နိုင်ငံသားကောင်း၏ တာဝန် နှင့် ၀တ္တရား (Good Citizenship)

§  နိုင်ငံရေး စနစ်များ နှင့် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု ပုံစံများအားလေ့လာခြင်း (Political System and NRM)

§  လူ့ကျင့်ဝတ် နှင့် ဆိုင်သော ခေါင်းဆောင်မှုပုံစံ (Ethical Leadership)

§  လူမှုဆက်နွယ် ဝိညာဉ်ပိုင်းဆိုင်ရာ သဘောတရား (Socially Engaged Spirituality)

§  လေ့လာရေး ခရီးစဉ်များ

သင်တန်းတက်ရောက်သူများ အနေဖြင့် အထက်ပါ ကိစ္စရပ်များအား လေ့လာခွင့် ရရှိမည် ဖြစ်ပါသည်။

                  သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ပူးတွဲပါ သင်တန်းတက်ရောက်ခွင့် လျှောက်လွှာ ပုံစံ ကို ဖြည့်စွက်ပေးပို့ ရမည် ဖြစ်ပါသည်။ သင်တန်းလျှောက်လွှာများကို (၂၇.၆.၂၀၁၄) ညနေ (၅းဝဝ) ထက် နောက်မကျ စေပဲ ဆက်သွယ်ရန်လိပ်စာသို့ email ပေးပို့ပေးရမည် ဖြစ်ပါသည်။ တက်ရောက်ခွင့် ရရှိသူများအား ပြန်လည် အကြောင်းပြန် ကြားပေးမည် ဖြစ်ပါသည်။

သင်တန်းလျှောက်လွှာများအား ပေးပို့ရန်

မဖူးပွင့်သဥ္ဇာဖြိုး

စီမံချက် ညှိနှိုင်းရေးမှူး

  ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ

ကလျာဏမိတ္တဖောင်ဒေးရှင်း

  ppthinzar@gmail.com

  Ph: 09-2220675

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။