အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လယ်ယာဝန်ဆောင်မှုလုပ်ငန်းများအတွက် အသိပေနှိုးဆော်ခြင်း

လယ်ယာဝန်ဆောင်မှုလုပ်ငန်းများအတွက် အသိပေနှိုးဆော်ခြင်း

Green Way
Green Way • Greenovator • 02/05/2020

​ကယားပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၊ တောင်သူလယ်သမားများအနေဖြင့် မိုးရာသီ သီးနှံစိုက်ပျိုးရန်အတွက်ထွန်ယက်ခြင်း၊ မြေလှန်ခြင်း၊ လယ်ယာမြေပြုပြင်ခြင်းတို့ ဆောင်ရွက်ရာတွင်လည်းကောင်း ၊ သီးနှံများရိတ်သိမ်းခြွေလှေ့ခြင်းတို့ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အဆင်ပြေချောမွေ့စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကယားပြည်နယ်သမဝါယမဦးစီးဌာန၏ စီစဉ်ကြပ်မတ်မှုဖြင့် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမအသင်းများတို့မှ သမဝါယမစနစ်ဖြင့်လည်းကောင်း၊ သီးနှံပေါ်ပေးစနစ်ဖြင့်လည်းကောင်း ဝန်ဆောင်မှုစရိတ် စျေးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

​သမဝါယမအသင်းသားတောင်သူများ၊ တောင်သူလယ်သမားဦးကြီးများအနေဖြင့် မိမိတို့၏ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ဒုတိယညွှန်ကြားရေးမှူး​​​ -​၀၉-၄၂၈၁၃၂၆၂၃

လက်ထောက်ညွှန်ကြားရေးမှူး​​​ -​၀၉-၄၂၂၄၆၉၄၁၂

ဦးလှဖေ(ဥက္ကဋ္ဌ)၊ ပြည်နယ်အသင်းစုချုပ်​​​ -​၀၉-၈၉၄၂၄၁၁၀၅

ဦးဝင်းထွန်း(ဥက္ကဋ္ဌ)၊ လွိုင်ကော်မြို့နယ်စု​​​ -​၀၉-၄၁၀၀၇၈၇၁

ဦးမိရယ်မြင့်(ဥက္ကဋ္ဌ)၊ ငွေတောင်ပြည်လယ်ယာဝန်ဆောင်မှု ​-​၀၉-၇၈၀၅၃၆၈၁၁

ဦးအေးသောင်း(ဥက္ကဋ္ဌ)၊ ဒီးမော့ဆိုမြို့နယ်စု ​​​-​၀၉-၇၈၀၇၁၇၅၃၂

ဦးနိုရီစိုး(ဥက္ကဋ္ဌ)၊ ကန္ဒရဝတီလယ်ယာဝန်ဆောင်မှု ​​-​၀၉-၇၈၇၁၉၉၅၄၄

ပြည်နယ်သမဝါယမဦးစီးဌာန

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။