မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပထမနှစ် ဝင်ခွင့်လျောက်လွှာများ ခေါ်ယူ
၁။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တိရစ္ဆာန်ဆေးပညာဘွဲ့(DVM) (၆)နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ့(BASc) ၄နှစ်သင်တန်းသို့ တက်ရောက်ပညာသင်ကြးခွင့် ရရှိစေရန်အတွက် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများလျှောက်ထားနိုင်သည်။
၂။(က) တိရစ္ဆာန်ဆေးပညာဘွဲ့(DVM) ၆နှစ်သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင်စုစုပေါင်းရမှတ်(၄၂၀)မှတ်နှင့်အထက်ရရှိသူ အမျိုးသားဦးရေ(၅၀)ဦးနှင့် အမျိုးသမီးဦးရေ (၅၀) ဦးစုစုပေါင်း (၁၀၀)ဦးလက်ခံသွားမည်။
(ခ) မွေးမြူရေးပညာဘွဲ့(BASc) ၄နှစ်သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင်စုစုပေါင်းရမှတ် (၃၇၀) မှတ်နှင့်အထက်ရရှိသူ အမျိုးသားဦးရေး (၇၅) ဦးနှင့် အမျိုးသမီးဦးရေ (၇၅) ဦးစုစုပေါင်း(၁၅၀)ဦး လက်ခံသွားမည်။
၃။ ဝင်ခွင့်လျှောက်ထားသူသည်-
(က) တက္ကသိုလ်ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်သား ဖြစ်မှုဥပဒေနှင့် ကိုက်ညီသောနိုင်ငံသားဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။
(ဂ)၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၉ရက်တွင် အသက် နှစ်ထက် မကြီးစေရ။
(ဃ) ကျန်းမာရေးနှင့်ပြည့်စံုသူ ဖြစ်ရမည်။
၄။ ပထမနှစ်ဝင်ခွင့် လျှောက်လွှာသတ်မှတ်ပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး မိမိအစီအစဉ်နှင့်(A4 size စာရွက်ဖြင့်ကွန်ပြူတာ စာစီ၍ သတ်မှတ်ရက် အတွင်း တိုက်ရိုက်လျှောက်ထားရန်ဖြစ်ပါသည်။
၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်-
(က) တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မူရင်း)
(ခ) တက္ကသိုလ်ဝင် အမှတ်စာရင်း (မူရင်း)
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ/ရက်ကွက်အုပ်ချုပ်ရေးမှူး
/ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ထောက်ခံချက်(မူရင်း)
(ဃ) ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ် ဆရာဝန်၏ ထောက်ခံချက်(မူရင်း)
(င) လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏နိုင်ငံသားစိစစ်ရေးကဒ်
(စ) လိုင်စင်ဓာတ်ပံု၃ပံု
၆။ လျှောက်လွှာကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ကျောင်သားရေးရာဌာန၊ (ရေဆင်း) သို့လိပ်မူ၍ ၃၁-၈-၂၀၁၈ (သောကြာနေ့) နောက်ဆံုးထား၍ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။ သက်မှတ်ရက်ထက်နောက်ကျသောလျှာက်လွှာများ၊ မပြည့်စံုသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မမှန်မကန်ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမူပယ်ဖျက်ခြင်း၊ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရမည်။
(၇) အကယ်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆံုးရှံုးမှုမဖြစ် စေရန်အတွက် တက္ကသိုလ်ဝင်ခွင့်စီစစ်ရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသ ိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည်ဖြစ်သည်။
(၈) အသေးစိတ်သိရှိလိုပါက မွေးမြူးရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ကျောင်သားရေးရာဌနဖုန်း ၀၆၇-၄၃၁၆၆၅၉၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဖုန်း ၀၆၇-၃၄၁၆၅၂၆ တို့ကို ရံုးချိန်အတွင်း ဆက်သွယ်စံုစမ်းနိုင်ပါကြောင်းနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ website ဖြစ်သော www.uvsyezin.edu.mm တွင် ကြည့်ရှုရယူနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026