အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဘွဲကြို ပထမနှစ်ဝင်ခွင့်လျောက်လွှာ ခေါ်ယူခြင်း

သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ဘွဲကြို ပထမနှစ်ဝင်ခွင့်လျောက်လွှာ ခေါ်ယူခြင်း

Green Way
Green Way • Greenovator • 10/07/2018

 

၁။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ သိပ္ပံ(သစ်တောပညာဘွဲ့)၊ (၅)နှစ်သင်တန်းသို့ ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ လျှောက်ထားနိုင်သည်။

 

၂။ အမျိုးသားနှင့် အမျိုးသမီး(၈:၂၀)ဖြင့် စုစုပေါင်းဦးရေ ၁၀၀ လက်ခံမည်။

 

၃။ လျှောက်ထားသူသည်-

 

(က) ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသောနိုင်ငံသားဖြစ်ရမည်။

 

(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

 

(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၃၆၀နှင့် အထက် ရရှိရမည်။

 

(ဃ) တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး (က)အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူဖြစ်ရမည်။

 

(င) မိုင်(၂၀)လမ်းလျှောက်စွမ်းရည်စစ်ဆေးမှု အောင်မြင်ရမည်။

 

၄။ ဝင်ခွင့်လျှောက်လွှာကို အောက်ဖော်ပြပါ သတ်မှတ်ပုံစံအတိုင်း (A4 size) အရွယ် စာရွက်တွင် မိမ်အစီအစဉ်ဖြင့် ကွန်ပြူတာစာစီရိုက်နှိပ်ပြီး လိုင်စင်အရွယ်ဓာတ်ပုံကပ်၍ လျှောက်ထားရန်ဖြစ်သည်။

 

၅။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများပူးတွဲတင်ပြရမည်-

 

(က) သက်ဆိုင်ရာအခြေခံပညာအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၏ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက်(မိတ္တူ)၊

 

(ခ) မြန်မာနိုင်ငံစာစစ်အဖွဲ့က ထုတ်ပေးသော ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် အမှတ်စာရင်းမိတ္တူ၊

 

(ဂ) လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးတို့၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)၊

 

(ဃ) သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ တို့မှ ကျန်းမာကြောင်း ဆေးစစ်ချက် (မူရင်း) နှင့် မျက်စိ အရောင်ခွဲခြားနိုင်ခြင်း (colour blind) ဆေးစစ်ချက်(မူရင်း)

 

(င) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရရာ ရဲစခန်း၊ ကျေးရွာ/ရက်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)

 

(စ) လိုင်စင်အရွယ် ဓာတ်ပုံ (၃)ပုံ (ပူးတွဲ)

 

၆။ လျှောက်လွှာများကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၊ သို့ ၃၁-၈-၂၀၁၈ ရက် (သောကြာနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ အရောက်ပို့ပေးရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော၊ အထောက်အထားမပြည့်စုံသော လျှောက်လွှာများကို ရွေးချယ်ရာတွင်ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ အချက်အလက်များမမှန်မကန် ဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမူ ပယ်ဖျက်ခြင်း၊ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရမည်။

 

၇။ ပဏာမရွေးချယ်ခံရသူများစာရင်းကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၌ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး တစ်ဦးချင်းထံသို့ အကြောင်းကြားမည် မဟုတ်ပါ။

 

၈။ မိုင်(၂၀) လမ်းလျှောက်စွမ်းရည် စစ်ဆေးချင်းကို သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပါ၍ ပဏာမရွေးချယ်ခံရသူများစာရင်း ထုတ်ပြန်ကြေညာချိန်တွင် စစ်ဆေးမည့်နေ့ရက်ကို တစ်ပါတည်း ထည့်သွင်းကြေညာမည်။ အစစ်ဆေးခံရန်လာရောက်သည့်အခါ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင့်ကြောင်း ထောက်ခံချက်မူရင်း၊ အမှတ်စာရင်းမူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်တို့ကို မပျက်မကွက် ယူဆောင်လာရမည်။

 

၉။ အသေးစိတ်သိရှိလိုပါက သစ်တောနှင့် ပတ်ဝန်းကျင်းဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၆၅၁၉သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

 

(မောင်မောင်လွင်)

 

ဒုတိယဦးစီး-စီမံ

 

 

 

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။