တောင်သူများအတွက် ဈေးကွက်နဲ့ အရောင်းပညာ အွန်လိုင်းအခမဲ့ဆွေးနွေးပုံ
စိုက်သာစိုက်တယ် အမြတ်မကျန်တဲ့ပြဿနာတွေနဲ့
👉 အမြဲပြောင်းလဲရွေ့လျားနေတဲ့ ဈေးကွက်လမ်းကြောင်းသဘောအရ စိုက်သမျှသီးနှံ အမြတ်ပိုကျန်လာအောင် မီးစင်ကြည့်ကတတ်တဲ့ပညာရပ် အွန်လိုင်းဆွေးနွေးပွဲကို
🤝 အစိမ်းရောင်လမ်းနဲ့ Primer international company (ပရိုင်မာအင်တာနေရှင်နယ်) ကုမ္ပဏီတို့က ပူးပေါင်းဖန်တီးပြီး အစိမ်းရောင်လမ်းရဲ့ ဦးကြီးဒေါ်ကြီးတို့ ရှေ့မှောက်ကို အခုပဲ ယူဆောင်လို့ လာပါပြီ
ဒီဆွေးနွေးပွဲမှာဆိုရင် ပရိုင်မာအင်တာနေရှင်နယ်ကုမ္ပဏီရဲ့ တည်ထောင်သူဖြစ်တဲ့ ကိုစိုင်းဟန်လင်းက 👨💼
📊 သီးနှံရိတ်သိမ်းပြီးတာကစလို့ စားသုံးသူလက်ထဲထိ ရောက်ရှိအောင် အဆင့်ဆင့်ဖြတ်ကျော်ကြတဲ့ ဈေးကွက်လမ်းကြောင်းထဲမှာ
တောင်သူတွေက ဈေးထဲမှာပဲ ကိုယ်တိုင်ချရောင်းမှာလား
ပွဲစားဆီ ရောင်းချမှာလား
မြို့ပေါ်ကပွဲရုံဒိုင်ကိုပဲ သွားရောင်းချလိုက်မှာလား
သီးနှံထွက်ကုန်တွေကို ကြိတ်ခွဲပြုပြီး ဈေးကောင်းရအောင် ကုန်တိုက်တွေထိ ကိုယ်တိုင်ချိတ်ဆက်သွားရောက်မှာလားစတဲ့ ကိုယ်အားအသာဆုံးနေရာကနေ ဈေးကွက်သဘောတရားကို နားလည်ပြီး အကျိုးအမြတ်ရမယ့် ဝင်ငွေလမ်းကြောင်းဖန်တီးနည်းလမ်းတွေပါ သိရှိသွားအောင် ပြောပြဆွေးနွေးသွားမှာဖြစ်ပါတယ်။
👨💼 ကိုစိုင်းဟန်လင်းဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းစိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီတွေဖြစ်တဲ့ မာလာမြိုင် ၊ ရေတံခွန် (Proximity Designs)၊ Agro Solar၊ Greenovator ၊ Buhler ဆန် နဲ့ ဂျုံစက်လုပ်ငန်းတွေအပြင် အခြား စိုက်ပျိုးရေးလုပ်ငန်း တော်တော်များများမှ စျေးကွက်နဲ့ အရောင်း အကြံပေးအဖြစ် လုပ်ဆောင်နေသူဖြစ်တဲ့အတွက်ကြောင့်
တို့တောင်သူဦးကြီးတို့ သိဖို့လိုနေတဲ့ ဈေးကွက်သဘောတရားတွေကို မြင်သာအောင်ဆွေးနွေးသွားနိုင်မယ့်သူဆိုလည်း မှားမယ်မထင်ပါဘူးရှင်
⏰ ဒီအွန်လိုင်းဆွေးနွေးပွဲဟာဆိုရင် ဇူလိုင်လ ၂၅ ရက် မြန်မာစံတော်ချိန် ည ၇-၉ နာရီမှာ ၁၀၀ ရာခိုင်နှုန်းအခမဲ့ဖြင့် သင်ကြားဆွေးနွေးပေးသွားမှာမို့လို့ ဝင်ရောက်ဆွေးနွေးနားထောင်လိုတဲ့ မိတ်ဆွေတွေအနေနဲ့ ဖော်ပြပါလင့်ခ်ကနေ အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အခွင့်အလမ်းနှင့် အခြားမေးခွန်းများ
ဦးသီဟကျော်
လွန်ခဲ့သော ၃ လ ကကျေးဇူးတင်ပါတယ်ဗျ
si thu kyaw
လွန်ခဲ့သော ၁ နှစ် ကမျိုးဈေးကွက်အကြောင်းသိချင်းပါတယါ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကဟုတ်ကဲပါကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026