အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပညာသင်ဆု လျှောက်ထားနိုင်ပါပြီ..

ပညာသင်ဆု လျှောက်ထားနိုင်ပါပြီ..

Green Way
Green Way • 29/05/2025

အစိမ်းရောင်လမ်းရဲ့ ပညာရှင်တွေနဲ့  ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ မိုးစပါးအတူစိုက်ပျိုးကြမယ့်  သင်တန်း+ ကြီးကြပ် ပရိုဂရမ်ရဲ့ 

ပထဦးဆုံး သင်ခန်းစာဖြစ်တဲ့  မြေဆီလွှာစီမံခန့်ခွဲနည်းနဲ့  စက်ပစ္စည်းရွေးချယ်ဝယ်ယူနည်း သင်တန်းကို 

မိုးစပါးစိုက်ပျိုးမယ့် တောင်သူဦးကြီးဒေါ်ကြီးတို့ အခုပဲ ပညာသင်ဆု စတင်လျှောက်ထားနိုင်ပါပြီ 

👩‍🎓 ပညာသင်ဆုဟာဆိုရင် ၁၉၈၃ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းဆင်းဘွဲ့ရတဲ့ ဆရာမ ဒေါ်သိန်းသိန်းအောင် (Crops Value Chain Advisor) က မိခင်ကြီး ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အတွက် ရည်စူးပြီး ပညာသင်ဆု (၁၀) ဆု ပေးအပ်လိုက်ခြင်းဖြစ်ပါတယ်။ 

ဆိုတော့ မိုးစပါးစိုက်ပျိုးရန် နည်းပညာလိုအပ်နေတဲ့ တောင်သူများအနေဖြင့် အောက်ဖော်ပြပါလင့်ခ်ကနေ  ၃၀ ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထားပြီး ပညာသင်ဆု တောင်းခံနိုင်ပါတယ်။ 

https://docs.google.com/forms/d/1V6NiL6Fvel47dWLR9kJ4PAYTLBVAu2jM8c67kr7_swY/edit?ts=683805df

ပညာသင်ဆု ရရှိသူများကို ၃၁ ရက်နေ့တွင် အစိမ်းရောင်လမ်းက ဆက်သွယ်အကြောင်းကြားမှာ ဖြစ်ပြီးတော့ သင်တန်းအချိန်ကတော့ ၃၁ ရက်နေ့ ည ၇ နာရီမှာ စတင်မှာပဲ ဖြစ်ပါတယ်ရှင့်

4
ဦးကျော်ရဲအောင်

ဦးကျော်ရဲအောင်

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးတင်ပ့တယ်

ရာစီး

ရာစီး

လွန်ခဲ့သော ၁ နှစ် က

တကယ်စိုက်တောင်သူမဖြစ်သေးပဲလေ့လာနေသူမို့မလျှေက်သေးပါဘူးဗျာ

မောင်ဖြိုး

မောင်ဖြိုး

လွန်ခဲ့သော ၁ နှစ် က

java script. ဘလိုလုပ်ရမှာလဲခင်ဗျာ

U Saw

U Saw

လွန်ခဲ့သော ၁ နှစ် က

အများကြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ ဆရာမ မိခင်ကြီး က မြင့်မြတ်ရာ ဘုံမှ ဂုဏ်ယူကြည်နူးဖွယ်ရာပါ။ ဆရာမ ပညာဒါနအကျိုးများပြည့်ဝချမ်းသာစွာ စံစားရပါမည် 🙏🏽🙏🏽🙏🏽

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။