အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
“အော်ဂဲနစ်စိုက်ပျိုးရေးကိုစိတ်ပါဝင်စားသော တောင်သူများ နှင့်လူငယ်များအတွက် အထူးသတင်းကောင်း”

“အော်ဂဲနစ်စိုက်ပျိုးရေးကိုစိတ်ပါဝင်စားသော တောင်သူများ နှင့်လူငယ်များအတွက် အထူးသတင်းကောင်း”

Thein Soe Min
Thein Soe Min • 16/02/2019

အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာနှင့် ပတ်သက်ပြီး စိတ်ပါဝင်စားသော စိုက်ပျိုးသူ တောင်သူ များ၊ လူငယ်များနှင့် အခြားသော မည်သူမဆို အခမဲ့ တက် ရောက်လေ့လာနိုင်မည့် အခွင့်အရေး ရောက်ရှိလာပါပြီ။ ကျွန်တော်တို့ Future Organic Farm (အင်းလေး) အဖွဲ့မှ အော်ဂဲနစ် စိုက်ပျိုး ရေးနည်းပညာကို ဒါနပြုသည့်အနေဖြင့် (၃) ရက်တာ ရက်တိုသင်တန်းငယ်လေးကို ပြုလုပ် ပေးမှာဖြစ်ပါသည်။

စာတွေ့၊လက်တွေ့ ပို့ချပေးမည် ဖြစ်သည့်အတွက် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ သင်တန်းသားဦးရေ (၂၀) ဦးသာ ကန့်သက်ထား သည့် အတွက် အမြန်ဆုံးစာရင်းပေးပို့နိုင်ပါသည်။

စာရင်းပေးထားသူများသာ လက်ခံမည်ဖြစ်ပြီး တစ်စုံတစ်ခု သောအကြောင်းကြောင်း ကြောင့် ပျက်ကွက်မည်ဆိုပါလျှင် အနည်းဆုံး တစ် ပတ်ကြိုတင်ပြီး အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (နေရာထိုင်ခင်း၊ အစား အသောက်) စီစဉ်ပေးမည်ဖြစ်ပြီး တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ခရီးစရိတ်ကိုတာဝန်မယူပါ ။

၄.၃.၂၀၁၉ တွင် သင်တန်းတက်ခွင့် ရရှိသူများ ကို ပြန်လည်အကြောင်းကြားမည်ဖြစ်ပါသည်။

လျှောက်ထားသူသည် နာမည်နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်သာ မေးပို့ထားရန် လိုပါသည်။ လျှောက်လွှာ ပုံစံဖြည့်ရန်မလိုပါ။

သင်တန်းပို့ချပေးသူ ။ ။ဆရာ အောင်မိုးဟိန်း

သင်တန်းနေရာ ။ ။ Future Organic Farm (Inlay,NyaungShwe)

တည်းခိုရမည့်နေရာ။ ။ ပေါင်းပိုင်း မွေတော်ဘုန်းကြီးကျောင်း။

သင်တန်းပို့ချမည့်ရက်။ ။ (၇.၃.၂၀၁၉ မှ ၉.၃.၂.၂၀၁၉ ထိ)

လျှောက်လွှာတင်ရန်။ ။ aungmoehein142@gmail.com

လျှောက်လွှာနောက်ဆုံးလက်ခံရက်။ ။ ၂.၃.၂၀၁၉ ရုံးချိန် အထိ။ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုံးနံပါတ် ၀၉-၄၂၀၇၃၈၆၅၁

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 1 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။