ဝါးနှင့်ပတ်သက်သည့်ထုတ်ကုန်များ ပိုမိုတိုးတက်လာစေရန် သင်တန်းကျောင်းဖွင့်လှစ်မည်
ဧပြီလ 8, 2019
ပြည်တွင်းရှိ စိုက်ပျိုးရေး ထွက်ကုန်တစ်ခုဖြစ်သော ဝါးစိုက်ပျိုးရေးကဏ္ဍ ပိုမိုမြင့်တက်လာစေရန်နှင့် ဝါးမှတစ်ဆင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးပိုင်းများ တိုးတက်လာစေရန် ရန်ကုန်တိုင်းဒေသကြီးတွင် သင်တန်းကျောင်း ဖွင့်လှစ်သွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝါးစိုက်ပျိုး ရေးအသင်းအနေဖြင့် ဝါးနှင့်ပတ်သက်သောသင်တန်းများ ဖွင့်လှစ်ပေးရန် ယခုနှစ်၊ ဖေဖော်ဝါရီလပိုင်းက တွံတေးမြို့နယ်တွင် မြေနေရာလျှောက်ထားပြီးဖြစ်ကာ ဝါးသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက ဝါးနှင့်ပတ်သက်သည့် ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရန် သင်ကြားပေးမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးရာဇာသန်းနိုင်မြင့်က ပြောသည်။ “ဝါးနဲ့ပတ်သက်တဲ့ လက်မှုပစ္စည်းတွေ တွင်တွင်ကျယ်ကျယ်သုံးလာဖို့ ရည်ရွယ်ပြီး လုပ် ငန်းတွေလုပ်ဖြစ်တယ်။ ဝါးနဲ့ထုတ်လုပ်တဲ့ ထုတ်ကုန်တွေက ကြာရှည်ခံပြီး လူကြိုက်များတဲ့ ထုတ်ကုန်တွေ ဖြစ်လာစေဖို့ သင်တန်းတွေပေးတယ်”ဟု မြန်မာနိုင်ငံ၊ ဝါးစိုက်ပျိုးရေးမှ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံလည်းဖြစ်သူ ၎င်းကပြောသည်။ အဆိုပါအသင်းကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အသင်းသား ၁၀၀၀ ကျော်ရှိကာ လက်ရှိတွင် ဝါးလက်ကောက်၊ ပေတံ၊ ဝါးမီးသွေးဆပ်ပြာ၊ ဝါးအအေးသောက်ပိုက်၊ အိမ်အလှဆင် ဝါးမီးအိမ်နှင့် တစ်ရှူးဘူးများကို အသင်းသားများမှ ထုတ်လုပ်လျက်ရှိကာ လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်နိုင်ရန်အတွက် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကြိုးစားလျက်ရှိကြောင်း ဝါးလက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ပြည်ပနဲ့ ချိတ်ဆက်လုပ်မယ်ဆိုရင် ထုတ်ကုန်တစ်ခုကို အများကြီးလုပ်နိုင်မှ ဈေးကွက်ခိုင်မှာ။ ကိုယ့်ဘက်က ဒီလိုမလုပ်နိုင်သေးဘဲနဲ့ ပြည်ပကိုဖိတ်ခေါ်လည်း ဘာမှအကျိုးမရှိနိုင်ဘူး။ ကိုယ့်ဘက်က အရင်ပြင်ဆင်ရမယ်”ဟု ၎င်းက ပြောသည်။ ဝါးစိုက်ပျိုးရေးလုပ်ငန်းကို အစေ့စိုက်ပျိုးနည်းစနစ်ဖြင့်လည်းကောင်း၊ ပျိုးပင်စနစ်ဖြင့်လည်းကောင်း အစေ့ဖြင့် စိုက်ပျိုးရေးနည်းစနစ်သည် ဝါးအမျိုးအစားလိုက်၍ သက်တမ်းခြောက်နှစ်ကျော်မှ စတင်ကာ ဈေးကွက်တင်ရောင်းချရကြောင်း သိရသည်။
အသင်းအနေဖြင့် ထုတ်ကုန်လုပ်ငန်းများ ပိုမိုမြှင့်တင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မြိုင်ကြိုးဝိုင်းတွင် ဝါးစိုက်ပျိုး ရေး ဧက ၁၀၀၀ ကိုပါ တွဲဖက်လုပ်ကိုင်နေကြောင်း၊ ဝါးစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ လျှောက် ထားပြီး အစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဝါးစိုက်ပျိုးရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ မိုးကာလတွင် စတင်လုပ်ကိုင်ခဲ့ကာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် သစ်တောဦးစီးဌာနသို့ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးလျှင် ဧက ၅၀ ခန့် လျှောက်ထားနိုင်ပြီး ဧက ၁၀၀ အထက် လျှောက်ထားလိုပါက နေပြည်တော်တွင် သွားရောက်လျှောက်ထားရကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်ဧပြီလပိုင်းမှ စတင်ကာ ဝါးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းများစတင်မည်ဆိုပါက သစ်တောဦးစီးဌာနသို့ တစ်ဧကလျှင် ငွေကျပ်သုံးသောင်း အာမခံငွေအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး အပြည့်အ၀ စိုက်ပျိုးပြီးချိန်တွင် ၎င်းငွေများကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခင်က သစ်မာစိုက်ပျိုးရေး လုပ် ငန်းများအတွက်သာ အာမခံငွေ ငွေကျပ်ငါးသောင်း ပေး ချေရပြီး ဝါးစိုက်ပျိုးရေးလုပ်ငန်းများအတွက်အာမခံငွေပေးချေရခြင်းကို ယခုနှစ်၊ မတ်လလယ်ပိုင်းမှ စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026