တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်
လတစ်လရဲ့ ၂၅ ရက်နေ့ဝန်းကျင်မှာ TOCOM လို့ အတိုကောက်ခေါ်တဲ့ Tokyo Commodity Exchange မှာ ကန်ထရိုက်လအသစ် ပြောင်းလေ့ရှိပါတယ်။ ဒီလမှ နောက် ၆ လ မြောက်လကို စံအဖြစ်ထားပါတယ်။ ဇူလိုင်ရောက် တော့မယ်ဆိုတော့ ဇူလိုင်လမှစ၍ နောင် ၆ လမြောက်ဖြစ်တဲ့ ဒီဇင်ဘာကို ပြောင်းပါတယ်။ အခုလတ်တလော ရောင်းဝယ် နေကြတာက ကန်ထရိုက်စာချုပ်ကို ရောင်းဝယ်တာသာဖြစ်ပြီး ရော်ဘာကိုတော့ ဒီဇင်ဘာလမှ ပေးအပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဈေးကွက်ကို Future ဈေးကွက်လို့ခေါ်ကြတယ်။
တိုကျိုရဲ့ စံဖြစ်တဲ့ ကန်ထရိုက်လအသစ်အစ ရော်ဘာဈေးဟာ အင်္ဂါနေ့မှာ အတက်နဲ့ပိတ်သွားတယ်။ တနင်္လာနေ့တုန်းက ရော်ဘာဈေးက ၂၀၁၆ အောက်တိုဘာလကစတွက်ရင် အနိမ့်ဆုံးကိုရောက်သွားတော့ ရင်းနှီးမြှုပ်နှံ့သူတွေက ဈေးအနိမ့်နဲ့ ဝယ်ကြတယ်လေ။ အဝယ်လိုက်တော့ ဈေးတက်ပြီပေါ့။ ဒါပေမယ့် အထွက်ကောင်းတဲ့အချိန်မို့ ရော်ဘာရောင်းလိုအား များနေခြင်းက စိုးရိမ်စရာဖြစ်နေတော့ ဈေးကသိပ်မရနိုင်ဖြစ်နေတယ်။
တိုကျိုရဲ့ TOCOM မှာ ဒီနေ့ ကန်ထရိုက်လဟာ ဒီဇင်ဘာကို စပြောင်းတယ်။ ဈေးအပိတ်မှာ အဖွင့်ဈေး ၁၇၁.၆ ယန်း ထက် ဝ.၉ ယန်းတက်ပြီး ၁၇၂.၅ ယန်း($၁.၅၇)/ကီလိုဂရမ်ဈေးကို ရောက်သွားတယ်။
အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ထင်ဟပ်တဲ့ TOCOM ရော်ဘာဈေးဟာ မနေ့ တနင်္လာနေ့က ၂၀၁၆ ခု အောက်တို ဘာလ ၇ ရက်နေ့ကစတွက်ရင် အနိမ့်ဆုံးဖြစ်တဲ့ ၁၇၁ ယန်းဈေးကို ရောက်သွားတယ်။ အကြောင်းက အာရှဘက်မှာ ရော်ဘာအထွက်တွေ များလာခြင်းနဲ့ အရန်ရော်ဘာတွေ များနေခြင်းကြောင့်ပါ။
"အခြေခံအားဖြင့် ဈေးကွက်က အားနည်းနေပုံရတယ်။ တရုတ်ရဲ့ အရန်ရော်ဘာများနေသလို TOCOM ရဲ့ စတော့ ကလည်း များနေလို့ပါပဲ" တဲ့ ယုတက ရှိုးဂျိမှ ဈေးကွက်ဆန်းစစ်သူ Jiong Gu ကပြောပြပါတယ်။
"ဒါပေမယ့် ရော်ဘာဈေး ပြန်ခုန်တက်ကောင်း တက်နိုင်တယ်။ short position ကိုတည်ဆောက်နေတဲ့ ဈေးကစားသူ အရေအတွက်က များလာနေတာကိုး" လို့သူကပြောပြပါတယ်။
သူ့စကားမှာပါတဲ့ short position ဆိုတဲ့ သဘောကိုပြောပြရဦးမယ်။ လွန်ခဲ့တဲ့ တစ်လခွဲလောက်ကဈေးက အခု ဈေးထက်မြင့်နေသေးတယ်။ အဲဒီအချိန်က ကုန်သည်တွေက ရော်ဘာဈေးဟာ ကျဦးမယ်လို့ ယူဆထားတယ်။ ဒါနဲ့ ဒီဈေး အကျမှာ အမြတ်ရအောင်လုပ်တဲ့နည်းဖြစ်တဲ့ Short position ကိုလုပ်ကြတယ်။ လုပ်တဲ့နည်းက ဈေးကစားမယ့် ကုန်သည်ပွဲစားဟာ ရော်ဘာစတော့တွေ ကိုင်ထားတဲ့သူတစ်ဦးစီက သူလိုသလောက် ခနချေးလိုက်တယ်။ ချေးလိုက်တဲ့ ကန်ထရိုက်စာချုပ်ကို ချက်ချင်း သူရောင်းချလိုက်တယ်။ ဆိုပါတော့ အဲဒီတုန်းက ၁ ကီလိုကို ၁၈၁ ယန်းဈေးနဲ့ ရောင်း လိုက်တယ်။ ဒီရောင်းရငွေကို ကိုင်ထားပြီး ဈေးထပ်အကျကို စောင့်နေတော့တယ်။ အဲ... ခုလိုဒီအပတ်အစ တနင်္လာနေ့မှာ သူမှန်းထားတဲ့ဈေး ၁၇၁ ယန်းဈေးကို ကျလာတော့တယ်။ ဒီတော့မှ သူချေးထားတဲ့ ပမာဏအတိုင်း ၁၇၁ ယန်းဈေးနဲ့ ပြန်ဝယ်ပြီး အကြွေးဆပ်လိုက်တယ်။ သူက ၁ ကီလိုကို ၁၀ ယန်း မြတ်သွားပြီပေါ့။
ယုတက မှန်းတဲ့ ပြန်တက်မယ်ဆိုတာ Short သမားတွေ ပြန်ဝယ်တဲ့အချိန်ရောက်လို့ပဲ။ သူတို့က သူတို့ဈေးကြိုက်တဲ့ အချိန်ကို ချက်ချင်းဝယ်မှ။ နို့မဟုတ်ပဲ ဈေးတက်သွားရင် ရှုံးမှာကိုး။ အဲလို short သမားအများအပြားက စုပြုံဝယ်တဲ့အခါ ဈေးပြန်လိုက်ပြီး ပြန်တက်ပါတယ်။
တစ်ခါ အချို့ကုန်သည်ကလည်း ဈေးအကျကို စောင့်ပြီးဝယ်ကြတာရှိတော့ ၂ ခုပေါင်းပြီး ပိုအဝယ်လိုက်လာတယ်။ ဈေးပို တက်ဖို့အကြောင်းဖြစ်တယ်။ ရေနံဈေးတက်လာတဲ့အကြောင်းကလည်း ကုန်သည်တွေရဲ့ ဝယ်လိုစိတ်ကို နှိုးဆွတယ်။ ရေနံဈေးတက်ရင် ရော်ဘာဈေးလည်း လိုက်တက်မယ်လေ။ ဒါကအခြေခံအချက်ပဲ။ ကျနော်တို့ရော်ဘာကို တိုင်ယာ လုပ်ရာမှာ အဓိကသုံးတယ်။ ထွက်သမျှရော်ဘာရဲ့ ထက်ဝက်ကျော်ဟာ တိုင်ယာထဲရောက်ကုန်တာ။ တိုင်ယာမှာက သဘာဝရော်ဘာချည်း သုံးလို့မရဘူး။ ရော်ဘာတု ရောရတယ်။ သူကတောင် အချိုးများသေးတယ်။ ရော်ဘာတုက ရေနံ ထွက်ပစ္စည်းဖြစ်တယ်။ ရေနံဈေးတက်ရင် ရော်ဘာတုဈေးတက်မယ်။ ဒီတော့ သူနဲ့အတူပါဝင်ဘက်ဖြစ်တဲ့ သဘာဝ ရော်ဘာလည်း ဈေးလိုက်တက်မယ်။
ရေနံဈေးတက်ရတဲ့အကြောင်းတွေက ကနေဒါမှာ ရေနံအထွက်လျော့တယ်။ အမေရိကန်ရဲ့ ရေနံစိမ်းစတော့က နည်းနေ တယ်။ လစ်ဗျားရဲ့ ရေနံအိတ်စပို့က မသေချာဘူး။ ပြီးတော့ ယူအက်စ်က အီရန်ရဲ့ နိုဝင်ဘာကန်ထရိုက်လ ရေနံကို အဝယ် ရပ်ဘို့ သူ့ရဲ့ မဟာမိတ်တွေကို တားထားတယ်။ ဒီတော့ဈေးကွက်မှာ ရေနံရောင်းလိုအားနည်းလာတယ်။ ရောင်းအားနည်း တော့ ဈေးတက်လာတယ်။
ဒါကြောင့်မို့ ဒီအပတ်မှာ TOCOM ဈေးကွက်မှာ အင်္ဂါနေ့ကစလို့ ဈေးတက်လာတာ ၃ ရက်ဆက်တိုက်ပဲ။ ကြာသပတေး နေ့ အထိပဲ။ အင်္ဂါနေ့မှာ ၁၇၂.၅ ယန်း/ကီလိုဂရမ်၊ ဗုဒ္ဓဟူးနေ့မှာ ၁၇၃.၈ ယန်း/ကီလိုဂရမ်၊ ကြာသပတေးနေ့မှာ ၁၇၅.၂ ယန်း/ကီလိုဂရမ် ဈေးနဲ့ အသီးသီးဈေးပိတ်ခဲ့တယ်။ ခုစာရေးနေတုန်း သောကြာနေ့မှာလည်း ၁၇၆.၃ ယန်းနဲ့ ပိတ်တယ်ဆိုတော့ ၄ ရက်ဆက်တိုက် တက်တယ်ဖြစ်သွားပြီပေါ့။
တနင်္လာနေ့က အနိမ့်ဆုံးဈေး ၁၇၁ ယန်းနဲ့ယှဉ်ရင် ၅.၃ ယန်း တက်သွားတာပါ။ ၁ တန်ဆိုရင် ယန်း ၅၃၀၀ ပေါ့။
ညီသွေး
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Nyi Thway
အားလုံး