ချင်း(ဂျင်း) ရောဂါများနှင့် ကာကွယ်နှိမ်နှင်းနည်းများ
ဂျင်းစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးမွှားကျရောက်မှု နည်းပါးပြီး ဘက်တီးရီးယား၊ မှိုနှင့် နီမတုတ် တို့ကြောင့် ဖြစ်ပွားသော ရောဂါကျရောက်မှု ပိုများပါသည်။ ထိုသို့ ကျရောက်တတ်သောရောဂါများမှာ နီမတုတ်မြစ်ဖုရောဂါ၊ ဘတ်တီးရီးယားပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ၊ နှင့် ဖျူဆေရီယမ်ပင်ညှိုးရောဂါ/ ဥပုပ်ရောဂါတို့ ဖြစ်သည်။ ဂျင်းတက်များဖွံ့ဖြိုးနေချိန်တွင် မိုးအလွန်အကျွံရွာခြင်း၊ ရေဝပ်ခြင်းများကြောင့်လည်း ဂျင်းဥပုပ် ရောဂါများ ဖြစ်ပွားနိုင်သည်။
(က) ဂျင်းတွင်ကျရောက်သောရောဂါများ
နီမတုတ်မြစ်ဖုရောဂါ

ပုံ (၁) နီမတုတ်ရောဂါဖြစ်ထားသော ဂျင်းတက်
နီမတုတ်မြစ်ဖုရောဂါကျရောက်ပါက ဘတ်တီးရီယား၊ မှိုနှင့် အခြားအဆွေးစားကပ်ပါးပိုးမွှားများဝင်ရောက်ရန် လွယ်ကူစေသောကြောင့် ဥတက်များ၏ အပင်ပေါက်နှုန်းကို သိသာစွာလျော့ကျစေသည်။
ဘတ်တီးရီးယား ပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ

ပုံ(၂) ဘတ်တီးရီးယားပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ
ရောဂါဖြစ်ပေါ်ပါက ရုတ်တရက်အပင်ညှိုးသွားပြီး အပင်အောက်ခြေမှစတင်ဝါကာ ခြောက်လာမည်။ ထို့နောက် အမြစ်နှင့် မိခင်မျိုးတက်များ အညိုရောင်ပြောင်း၍ပုပ်သွားပြီး ရောဂါစဖြစ်သောနေရာတစ်ဝိုက်တွင် ရေစိုနာအရစ်ဖြစ်ပေါ်ခြင်း၊ အနံ့စူးရှခြင်း၊ ဆွဲနုတ်ပါက အပင်အလွယ်တကူပါလာခြင်းများကို တွေ့ရမည်။ အပင်များ လျင်မြန်စွာခြောက်သွေ့သွားပြီး အရွက်များသည် အဝါရောင်မှ အညိုရောင်သို့ ၃ ရက်မှ ၄ ရက်အတွင်း ပြောင်းသွားမည်။
ဖျူဆေရီယမ်ပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ
အပင်တွင် အစိမ်းရောင်အရွက်များရှိနေသော်လည်း အပင်ပု၍ဝါနေခြင်း၊ ရွက်ဖျားများခြောက်နေခြင်းတို့ ဖြစ်ပေါ်ပြီး အောက်ခြေတွင်ရှိသော အရွက်များ တဖြည်းဖြည်း အဝါရောင်ပြောင်းလာသည်ကို တွေ့ရမည်။

ပုံ (၃) ဖျူဆေရီယမ်ပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ
(ခ) ကာကွယ်နှိမ်နင်းနည်းများ
ဂျင်းဥပုပ်ရောဂါများကို မည်သည့်ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့်မှ မနှိမ်နင်းနိုင်ပါ။ ရောဂါမကျရောက်စေရန်သာ ကာကွယ်ထိန်းချုပ်ခြင်းများ ပြုလုပ်ရမည်။
- ဂျင်းဥပုပ်ရောဂါကို ကာကွယ်ရန်အတွက် ရောဂါကင်း၍ ကျန်းမာသော ဂျင်းမျိုးတက်များကိုသာ ရွေးချယ်စိုက်ပျိုးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
- ဂျင်းစိုက်မည့်မြေသည်လည်း ရောဂါကျရောက်ဖူးသော မြေ၊ ဂျင်းတစ်မျိုးတည်းကိုသာ အကြိမ်ကြိမ် စိုက်ပျိုးထားသောမြေ မဖြစ်ရပါ။
- ဘက်တီးရီးယားရောဂါ အလွန်ကူးစက်လွယ်သည့် အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ခရမ်းနှင့် ဂေါ်ဖီထုပ်များနှင့် သီးညှပ်/ သီးထပ် မစိုက်ပျိုးသင့်ပါ။
- စိုက်ပျိုးပြီးချိန်တွင် ပေါင်းရှင်းခြင်း၊ ရေဝပ်ရေအောင်းခြင်းများမရှိစေရန် ရေနုတ်မြောင်းများကိုလည်း စနစ် တကျဖော်ထားရမည်။ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများသည် ရောဂါကျရောက်မှုကို မနှိမ်နင်းနိုင်သောကြောင့် ရောဂါကျရောက်ချိန်တွင် အလွန်အကျွံ သုံးစွဲခြင်းနှင့် ရောဂါမကျရောက်ခင် ကြိုတင်သုံးစွဲခြင်းများကို မပြုလုပ်သင့်ပါ။
- ထရိုင်ကိုဒါးမား၊ တမာပိုးသတ်ဆေးတို့ကိုအသုံးပြုကာ လူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးမြေကို အန္တရာယ်မဖြစ်စေဘဲ ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်သော ကာကွယ်နှိမ်နင်းနည်းများ ပြုလုပ်နိုင်သည်။
အပိုင်း(၂) တွင် သဘာဝနည်းများဖြစ်သည့် ထရိုင်ကိုဒါးမားမှိုဖြင့် ဂျင်းဥပုပ်ရောဂါကို ကာကွယ် ခြင်း၊ တမာဆီဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ အီးအမ်-၅ ဖျော်ရည်အသုံးပြု၍ ဖျက်ပိုးများနှင့် အပင်ရောဂါများ ကာကွယ်နှိမ်နင်းခြင်း စသည့်အကြောင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Sayadul Islam
လွန်ခဲ့သော ၂ နှစ် ကဂျင်းကို ဘယ်လိုမျိူးနေရာတွင်စိုက်သင့်ပါသလဲ
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026