ဘက်တီးရီးယား ပျော့ပုပ်ရောဂါကို ဘယ်လိုကာကွယ်မလဲ
ဘက်တီးရီးယား ပျော့ပုပ်ရောဂါဟာ အခြားဘက်တီးရီးယားရောဂါများထက် ကမ္ဘာတစ်ဝန်းမှာ သီးနှံဆုံးရှုံးမှု ပိုမိုဖြစ်ပွားစေတဲ့ ရောဂါအုပ်စုတစ်ခုပါ။ ဘက်တီးရီးယား ပျော့ပုပ်ရောဂါဟာ အပင်မျိုးစိတ်တိုင်းနီးပါးမှာ ကျရောက်တတ်တာဖြစ်ပြီး အထူးသဖြင့် အသီး၊ မြေအောက် ပင်စည်ဥနဲ့ ပင်စည်ကဲ့သို့ အရည်ရွှမ်းတဲ့ အပင်အစိတ်အပိုင်းများမှာ အဓိကကျရောက်ပျက်စီးစေတာ ဖြစ်ပါတယ်။ ပျော့ပုပ်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ အပင်ဆဲလ်တွေကို ပေါင်းစည်းထားတဲ့ pectate မော်လီကျူးများကို ပြိုကွဲစေပြီး အပင်ဖွဲ့စည်းပုံကို ထိခိုက်စေတာဖြစ်ပါတယ်။
ရောဂါလက္ခဏာနှင့် ဖြစ်ပွားမှုအခြေအနေ
ဘက်တီးရီးယားပျော့ပုပ်ရောဂါဟာ အာလူးပင်တွေကို တိုက်ခိုက်ဖျက်ဆီးခြင်းကြောင့် လူသိများပြီး ငရုတ်၊ ဆလပ်၊ ကြက်သွန်နီ၊ ဖရဲ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်နဲ့ သခွားကဲ့သို့သော အသီးအနှံများမှာပါ ကျရောက်ဖျက်ဆီးနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပျော့ပုပ်ရောဂါကို အထက်ဖော်ပြပါ ဟင်းသီးဟင်းရွက်များပေါ်မှာ ပျော့ပျောင်းစိုစွတ်ပြီး ခရင်မ်အရောင်မှ ဝါညိုရောင်ရှိသော အနာကွက်များကို အညိုရင့်ရောင် (သို့မဟုတ်) အမည်းရောင်ရှိတဲ့ ကွင်းများဖြင့်ဝန်းရံထားတဲ့ ပုံစံကို တွေ့ရှိရမှာဖြစ်ပြီး အလွယ်တကူမှတ်မိနိုင်ပါတယ်။ ရောဂါဖြစ်ပွားဖို့အတွက် အခြေအနေအရပ်ရပ်က ထောက်ပံ့ပေးထားတဲ့အခါမှာ necrotic လို့ခေါ်တဲ့ အနာအစက်အပြောက်တွေဟာ အာလူးရဲ့အပြင်ဘက် (သို့မဟုတ်) အရေပြားပေါ်မှာ စတင်ဖြစ်ပွားကာ အာလူးအတွင်းပိုင်းအထိ ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ်။ ရောဂါကျရောက်တဲ့နေရာဟာ အစပိုင်းမှာတော့ အနံ့အသက်မရှိပေမဲ့လည်း ပျော့ပုပ်ရောဂါ တိုးလာတာနဲ့အမျှ နောက်ဆက်တွဲ ရောဂါပိုးများပါ ဝင်ရောက်လာပြီး မည်းနေတဲ့အာလူးကနေ အနံ့အသက်ဆိုးများပါ ထွက်လာမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ အရွက်၊ ပင်စည်နဲ့ မြေအောက် အပင်အစိတ်အပိုင်းများပေါ်မှာ သေးငယ်ပြီး ဖောက်ထွင်းမြင်နိုင်တဲ့ ရေစိုနာကွက်တွေကို တွေ့ရှိရမှာဖြစ်ပြီး အခြားထိခိုက်ခံရတဲ့ အပင်အများစုမှာလည်း အလားတူလက္ခဏာများကို တွေ့ရှိရမှာဖြစ်ပါတယ်။

ပျော့ပုပ်ရောဂါဟာ အမျိုးမျိုးသော ဘက်တီးရီးယားမျိုးစိတ်တွေကြောင့် ဖြစ်ပွားရတာပါ။ Erwinia၊ Pectobacterium နဲ့ Pseudomonas စတဲ့ ဘက်တီးရီးတွေကြောင့် ရောဂါဖြစ်ပွားပြီး ကံမကောင်းစွာနဲ့ပဲ ၎င်းတို့ကိုနေရာတိုင်းမှာ တွေ့ရှိရတတ်တာ ဖြစ်ပါတယ်။ ဒီရောဂါဟာ မြေဆီလွှာနဲ့ ရေအရင်းအမြစ်များမှာသာမက သမုဒ္ဒရာတွေထဲမှာပါ ရှင်သန်နိုင်ပြီး ကမ္ဘာတစ်ဝန်းမှာ တွေ့ရှိရတတ်တာ ဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတဲ့ သီးနှံအားလုံးနီးပါးဟာ ပျော့ပုပ်ရောဂါကြောင့် အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးနိုင်တာ ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဟာ အင်းဆက်ပိုးမွှားများ၊ လေပြင်းနဲ့အတူ မိုးရွာသွန်းမှုများနဲ့ ယခင်စိုက်ပျိုးရာသီမှ ကျန်ရှိခဲ့တဲ့သီးနှံ အကြွင်းအကျန်များကနေတဆင့် ဥယျာဥ်စိုက်ခင်းတွေမှာ ပျံ့နှံ့နိုင်တာဖြစ်ပါတယ်။ ထို့အပြင် ရာသီဥတုစိုစွတ်နေချိန်မှာ ရောဂါပိုမိုကျရောက်နိုင်ပြီး အပင်မှာ ကယ်လ်စီယမ်ဓာတ် ချို့တဲ့နေမယ်ဆိုရင်တော့ ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်နိုင်ပါတယ်။ အာလူးမှာ ပျော့ပုပ်ရောဂါဖြစ်စေနိုင်တဲ့ အဓိကတရားခံကတော့ မျိုးအာလူး (seed potato) ဖြစ်ပါတယ်။ ပျော့ပုပ်ရောဂါကို ဥစား သီးနှံအားလုံးနီးပါးမှာ တွေ့ရှိနိုင်ပေမဲ့ အာလူးမှာတော့ ထိခိုက်မှုအများဆုံး ဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးဟာ ကြီးထွားအက်ကွဲခြင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာကြောင့် အရေပြားကိုပျက်စီးစေပြီး မြင့်မားသော မြေဆီလွှာအပူချိန်နဲ့ ပိုလျှံသော ရေတို့ ပေါင်းစပ်ကာ ရောဂါပိုမိုကြီးထွားလာဖို့ ထောက်ပံ့နိုင်တာဖြစ်ပါတယ်။ ဒီရောဂါဟာ မကြာခဏဆိုသလို သီးနှံခူးဆွတ်ရိတ်သိမ်းပြီးတဲ့အထိ ရောဂါလက္ခဏာတွေကို ပြလေ့မရှိပါဘူး။ ထို့အပြင် ရိတ်သိမ်းပြီးခါစ အာလူးများကို မှားယွင်းစွာကိုင်တွယ်ခြင်း အပေါ်မှာလည်း ရောဂါလက္ခဏာပြသမှုက မူတည်တာဖြစ်ပါတယ်။ ပျော့ပုပ်ရောဂါကို လုံးဝထိရောက်အောင် ကုသနိုင်တာမျိုးမရှိပေမဲ့လည်း ပျက်စီးမှုအနည်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်နိုင်တဲ့ အရာတွေရှိပါတယ်။
ကာကွယ်နည်း
စိုစွတ်တဲ့အခြေအနေများကို ရှောင်ကြဉ်ခြင်းဟာ ပျော့ပုပ်ရောဂါကို ကာကွယ်ဖို့ရာ အဓိကသော့ချက် ဖြစ်ပါတယ်။ ထို့ကြောင့် သီးနှံပင်တွေကို ရေစိမ့်ဝင်မှုအားကောင်းတဲ့ မြေမှာ စိုက်ပျိုးသင့်ပြီး ရေလောင်းတဲ့အချိန်နဲ့ ပမာဏကိုထိန်းညှိကာ အပင်များကို လုံလုံလောက်လောက်နဲ့ အညီအမျှ ရေလောင်းပေးသင့်ပါတယ်။ ထို့အပြင် အပင်များကို ကျပ်သိပ်စွာမစိုက်ပျိုးသင့်ဘဲ ပင်ကြား တန်းကြားကို သင့်တော်အောင်ပြုလုပ်သင့်ပါတယ်။ အပင်များကြား ကျယ်ပြန့်တဲ့အကွာအဝေး ထားရှိခြင်းဟာ လေဝင်လေထွက်ကောင်းစေပြီး အပင်နဲ့ မြေဆီလွှာစိုစွတ်မှုကို ပိုမိုလျင်မြန်စွာ ခြောက်သွေ့စေပါတယ်။ မြေဆီလွှာအာဟာရဓာတ် စမ်းသပ်မှုအပေါ်အခြေခံပြီး မိမိစိုက်ပျိုးနေတဲ့ မြေဆီလွှာဟာ မြေဆီဩဇာကောင်းမွန်မှု (အထူးသဖြင့် ကယ်လ်စီယမ်ဓာတ်ရှိနေဖို့) လိုအပ်ပါတယ်။
ပျော့ပုပ်ရောဂါဒဏ် ခံနိုင်ရည်မရှိတဲ့အပင်များကို တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်စိုက်ပျိုးတာမျိုး မပြုလုပ်ဘဲ ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ အပင်များနဲ့ သီးလှည့်စိုက်ပျိုးသင့်ပါတယ်။ ဥပမာ - ပြောင်း၊ snap bean နဲ့ မုန်လာ
ထို့အပြင် စိုက်ပျိုးချိန်၊ ပေါင်းရှင်းချိန်နဲ့ သီးနှံရိတ်သိမ်းချိန်မှာ အပင်နဲ့အသီးအနှံများ ထိခိုက်ပျက်စီးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဘက်တီးရီးယားရောဂါတွေဟာ ထိခိုက်ဒဏ်ရာတွေကနေတဆင့် ဝင်ရောက်ပြီး ကူးစက်ပြန့်ပွားနိုင်တာ ဖြစ်ပါတယ်။ နောက်တချက်က ရောဂါရနေတဲ့ အပင်တွေကို စိုက်ခင်းထဲကနေ ထုတ်ပယ်ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ မြေထဲမှာလည်းရှင်သန်နိုင်တာကြောင့် အပင်အကြွင်းအကျန်တွေကို မြေမြှပ်တာမျိုး မပြုလုပ်သင့်ဘဲ မီးရှို့ဖျက်ဆီးသင့်တာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ခွန်သူရ
လွန်ခဲ့သော ၁ နှစ် က1
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026