ပဲတီစိမ်းတွင်ကျရောက်တတ်သော ဖျက်ပိုးများနှင့် သူတို့ကိုနိုင်သောဆေးအေအိုင်များ
ပဲတီစိမ်းတွင် မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းဆောင်းရာသီ ရာသီမရွေးစိုက်ပျိုးနိုင်သော မျိုးများထွက်ရှိနေပြီဖြစ်သည်။ ရေ၊ မြေ အခြေအနေကောင်းပါက တစ်ဧက တင်း ၃၀ ကျော်ထွက်ရှိနိုင်သည်။ ပဲတီစိမ်း စိုက်ပျိုးရာမှာ ရောဂါကျရောက်မှုကို အထူးဂရုပြုရသလို ဖျက်ပိုးအန္တရာယ်မှလည်း ကြိုတင်ကာကွယ်နှိမ်နင်းမှုများ လုပ်ရပါမည်။ မြေတွင်းအောင်းပိုး၊ ပင်စည်ထိုးယင်တို့ ကျရောက်နိုင်သဖြင့် မြေကြီးကို မြေအောင်းပိုးသတ်ဆေး တစ်ဧက ၃ ကီလိုဂရမ် စိုက်ကြောင်းထဲ၌ ကြိုတင်ထည့်ပြီးမှ စိုက်သင့်သည်။
- အပင်ငယ်စဉ်ကာလတွင် ပင်စည်ထိုးယင်၊ ငမြှောင်တောင်၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ခူမွေးရှည်တို့ကျသည်။
- ပန်းပွင့်ချိန်တွင် ပွင့်ထွေးပိုး၊ ရွက်ထွေးပိုး၊ လှေးပိုး၊ ပျ နှင့် အသီးသီးချိန်တွင် သီးလုံးဖောက်ပိုးများ ကျရောက်တတ်သည်။
(၁) ပင်စည်ထိုးယင်
ပေါင်းမြက်များမှ အဓိက လာရောက်တတ်သည်။ အရွက်ပေါ်ဥပြီး အကောင်ပေါက်လျှင် အရွက်အတွင်းသားထဲဝင်သွားသည်။ ရွက်ညှာအောက်ခြေမှ ပင်စည်ထဲဝင်ပြီး ပင်စည်မှအပင်အောက်ခြေ၊ မြေနှင့်နီးကပ်သောနေရာထိဆင်းသွားပြီး အပင်ခြေတွင် ဖုဖောင်းရောင်ရမ်းလာလျှင် အထဲ၌ပိုးရှိနေပြီဟု သိရသည်။
စိုက်ခင်းကို အဝေးကကြည့်ပါက အဝါရောင်အကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်ပေါ်နေသည်ကို တွေ့ရမည်။
အသုံးပြုရမည့်ဆေး- မျိုးလူးနယ်ဆေး၊ ဖစ်ပရိုနေး၃-ဂျီအာ၊ ကာဘိုဆာလ်ဖန်

ငမြှောင်တောင်
ပိုးလောက်ကောင်ငယ်သည် အရွက်အစိမ်းသားများကို ခြစ်စားသည်။ အကောင်ကြီးများသည် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်သဖြင့် အပင်ငုတ်တိုများသာ တွေ့ရသည်။ နံနက်စောစောနှင့် ညအချိန်တွင်ဖျက်ဆီးသည်။ နေ့တွင် အပင်ခြေရှိ အမှိုက်သရိုက်နှင့် ပေါင်းများတွင် ခိုအောင်းနေသောကြောင့် ပေါင်း၊ အမှိုက်သရိုက်များကို ရှင်းလင်းဖျက်ဆီးပေးပါ။
အသုံးပြုရမည့်ဆေး- -Bt(bacillus thurengensis)၊ အီမာမက်တင်ဘန်ဇိုရိတ်+လမ်ဘဒါ၊ ကလိုရမ်ထရာနီလီပရိုး၊ သိုင်အိုဒီကပ်

ပဲတောင့်ထိုးပိုး/ပင့်ထွေးရွက်ထွေးပိုး
အဖူးအပွင့်ဝင်ချိန်မှ အသီးသီးချိန်ထိ ကျရောက်တတ်သည်။ အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပါးစပ်မှထွက်သော ချည်မျှင်ဖြင့် လုံးထွေးရစ်ပတ်စားသောက်ဖျက်ဆီးသည်။ အသုံးပြုရမည့်ဆေး- အီမာမက်တင်ဘန်ဇိုရိတ်+သိုင်ယာမီသိုဇမ်၊ သိုင်အိုဒီကပ်၊ အဘာမက်တင်+အဆီတာမီပရစ်၊ အက်ဆီဖိတ်+လမ်ဘဒါ

လှေးပိုး
လှေးပိုးမှာ စုပ်စားပိုးဖြစ်၍ ပန်းပွင့်စ၊ အဖူးဝင်စ၊ အဖူးပန်းပွင့်ထဲဝင်ရာမှ ပိုးကျသည်။ ရွက်နုကို စစ်ဆေးရသည်။ အရွက်၊ အညွှန့်၊ အဖူး၊ အပွင့်များမှ သစ်ရည်ကိုစုပ်စားသဖြင့် အရွက်နှင့် အညွှန့်များမှာ တွန့်လိမ်ပြီး အညိုရောင်ပြောင်းသွားသည်။ အပွင့်တွင်ကျပါက အပွင့်ကန်းခြင်းနှင့် အသီးတင်နည်းခြင်းကို ဖြစ်ပေါ်စေသည်။ သီးနုတွင် အဝါကွက်ငယ်များဖြစ်ပြီး အသီးတွင် အမာရွတ်ငယ်များတွေ့ရတတ်သည်။ အသုံးပြုရမည့်ဆေး- ဖစ်ပရိုနေး၊ သိုင်ယာမီသိုဇမ်၊ စပီနိုဆက်၊ ပိုင်ရီဒါဘင်၊ ပရိုပါဂိုက်

ပျ
အရွက်အောက်မျက်နှာပြင်မှနေ၍ ပင်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ တွန့်ကုတ်နေတတ်သည်။ အချိုရည်စစ်ထုတ်သဖြင့် ပုရွက်ဆိတ်များကို တွေ့ရမည်။ ပျပိုးများက အပင်ရောဂါပိုးများကို သယ်ဆောင်လာတတ်သည်။ အရွက်အောက်မျက်နှာပြင်ရှိ ပျပိုးများကိုဆေးနှင့်ထိတွေ့အောင် နှံ့စပ်စွာဆေးဖျန်းပါ။ အသုံးပြုရမည့်ဆေး- အဆီတာမီပရစ်၊ အက်ဆီဖိတ်၊ ပိုင်မက်ထရိုဇင်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပဲတီစိမ်းတွင်ကျရောက်တတ်သောဖျက်ပိုးများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဆက်စပ်မေးခွန်းများ
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ
zaw winnaing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026