အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သရက် မှဲ့ပြောက်စွန်းရောဂါ

သရက် မှဲ့ပြောက်စွန်းရောဂါ

သရက်စိုက်ပျိုးသော ဒေသတိုင်းတွင် ကျရောက်သော မှိုရောဂါတစ်မျိုးဖြစ်ပါသည်။ သရက်ပင်၏ အစိတ်အပိုင်းအားလုံးနီးပါး ကျရောက်တတ်သည်။ အရွက်နု၊ အရွက်ရင့်၊ အပွင့်၊ အသီး အားလုံးကျရောက် တိုက်ခိုက်ခံရသည်။ စွတ်စိုထိုင်းမှိုင်းသော ရာသီတွင် ပြင်းပြင်းထန်ထန် ကျရောက်ဖျက်ဆီးလေ့ရှိသည်။

အရွက်နုများပေါ်တွင် ကျရောက်ပါက သေးငယ်သော အနက်၊ အစက်အပြောက်များ ဖြစ်ပေါ်လာသည်။ ရောဂါရင့်လာပါက အညိုရောင်များအဖြစ် ကျယ်ပြန့်လာကာ အရွက်များ တွန့်လိမ်သွားသည်။

အရွက်ရင့်သည်အထိ ရောဂါများ ဆက်လက်တိုက်ခိုက်နေပါက ညိုနက်ရောင်၊ အနက်ရောင် စက်ဝိုင်းပုံ၊ ဒေါင့်များ ပါသော အပြောက်များ ဖြစ်ပေါ်လာကာ အပြောက်များ ကျယ်ပြန့်လာပြီး အရွက်များ ကြွေကျသွားသည်။

ပန်းခိုင်များတွင် ရောဂါကျပါက ပင်အပ်ခေါင်းအရွယ် အစက်အပြောက်များ အသီးခွံပေါ်တွင် စတင်ဖြစ်ပေါ်လာသည်။ အသီးငယ်စဉ်ရောဂါပြင်းထန်ပါက အသီးများ စောစောကြွေကျသွားသည်။ မကြွေကျသေးပါက အနက်ပြောက်များသည် အသီးများ ကြီးထွားမှုနှင့်အတူ ကြီးထွားကျယ်ပြန့်လာသည်။ အသီးများ မှည့်သည့်အချိန်တွင် ရောဂါလက္ခဏာပိုမိုကြီးထွားကျယ်ပြန့်လာပြီး ပုပ်၍ ကြွေကျသွားသည်။ တစ်ခါတစ်ရံ အသီးတစ်ခုလုံး ကျရောက်ခြင်းမရှိဘဲ အသီးထိပ်ဖျားတွင်သာ ပြင်းထန်စွာ ကျရောက်တတ်သည်။

ကာကွယ်နှိမ်နင်းခြင်း

၁။ ဘော်ဒိုဆေးရည် ( Bordeaux Mixture) ၅း၅း၅၀ ကို ပန်းမပွင့်မီ တစ်ပတ်ခြားနှင့် ၂ ကြိမ် နှံ့စပ်စွာ ပက်ဖျန်းပေးရမည်။ နောက်ပိုင်းတွင် လိုအပ်သော နေရာများကိုသာ ရွေးချယ်၍ တစ်လခြားတစ်ခါ ပက်ဖျန်းပေးရမည်။

၂။ Benomile ဆေး ၆ – ၁၂ ဂရမ်ကို ရေ ၂၀ လီတာနှင့်ဖျော်စပ်၍ လည်းကောင်း၊ Mancozeb (Dithane z – 28) ဆေး ၄၀ ဂရမ်ကို ရေ ၂၀ လီတာနှင့် ဖျော်စပ်၍လည်းကောင်း၊ ရွက်နုထွက်ချိန်၊ သီးကင်းဝင်ချိန် များတွင် တစ်ပင်လုံး နှံ့စပ်အောင် ပက်ဖျန်းပေးရသည်။

၃။ Basvistin ( Carbendazin) ၂၀ ဂရမ်ကို ရေ ၁၀ လီတာတွင် ဖျော်၍ ၁၅ ရက်ခြား ပက်ဖျန်းပါ။

စိုက်ပျိုးရေးဦးစီးဌာန

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ

မင်းမင်း • ဖြေကြားချက် 2 ခု

ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 5 ခု

ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ

kyaw kyaw • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။