ပင်လုံးပြန့် သဘာဝ ပိုးသတ်ဆေး
ဒီတစ်ခါတော့ လွယ်လွယ် ကူကူ ဖျော်စပ် အသုံးပြု နိုင်တဲ့ ပင်လုံးပြန့် သဘာဝ ပိုးသတ်ဆေးတစ်မျိုးကို ဖော်ပြပေး လိုက်ပါတယ်။ Green Way ရဲ့ Facebook Page မှာလည်း စိုက်ပျိုးသူ တစ်ယောက်က မေးထားတာနဲ့ အားလုံး အတွက်လည်း အသုံးဝင်နိုင်မယ်လို့ ယူဆပြီး ရေးသားလိုက်ရပါတယ်။
ပါဝင်သောပစ္စည်း
ကြက်သွန်ဖြူ - ၃ ကျပ်သား
ရေနံဆီ - (၁-၂) ဇွန်း
ငရုပ်သီးစိမ်းအရင့် - ၁ ကျပ်ခွဲသား
ဂျင်း - ၁ ကျပ်ခွဲသား
ရေ - ၃ လီတာ (ရေသန့်ဗူး ၃ ဗူး)
ပြုလုပ်ပုံ နှင့် သုံးစွဲနည်း·
. ကြက်သွန်ဖြူ (၃) ကျပ်သားကို ညက်အောင် ထောင်းပြီး ရေနံဆီ (၁)ဇွန်း နှင့် တစ်ည စိမ်ပါ။
· ငရုပ်သီးစိမ်းရင့် တစ်ကျပ်ခွဲသား နှင့် ဂျင်း တစ်ကျပ်ခွဲသား ကို ညက်အောင် ထောင်းထားပါ။
· ရေ (၁) လီတာ မှာ ရွှေဝါဆပ်ပြာ ကွမ်းသီးလုံးခန့် ကို ရော၍ ဖျော်ပါ။ (အရည်-၁)
· ကြက်သွန်ဖြူ နှင့် ရေနံဆီ အရောကို ရေ (၁)လီတာ နှင့် ရောပြီး အရည်ကို စစ်ယူပါ။ (အရည်-၂)
· ထောင်းပြီးသား ငရုပ်သီးစိမ်း နှင့် ဂျင်း အရောကို ရေ (၁) လီတာ နှင့် ရောပြီး အရည်ကို စစ်ယူပါ။ (အရည်-၃)
· အရည် သုံးမျိုးလုံးကို ရောစပ်၍ ပိုးကျသော စိုက်ခင်းမှာ ပက်ဖျန်း နိုင်ပါသည်။
· ပင်လုံးပြန့် အာနိသင်ရှိ၍ သီးလုံး ဖောက်ပိုး၊ ထွာကောင်၊ ခူကောင် များအတွက် အထူးသင့်တော်သောဆေး ဖြစ်ပါသည်။
မှတ်ချက်။ ။ ရေထပ်ရောစရာမလိုပဲ အသင့်ပက်ဖြန်း နိုင်သည့် အသင့်သုံး ပိုးသတ်ဆေးဖျော်ရည် အမျိုးအစား ဖြစ်ပါသည်။ Green Way အတွေ့အကြုံအရ ခြံကျဉ်းကျဉ်းလေးမှာသာ ပက်ဖြန်းဖူးပါသည်။ အောင်လည်း အောင်မြင်ပါသည်။ ဧက အကျယ် ကြီးများ အတွက် မူ မိမိ ကိုယ်တိုင် စမ်းသပ် ပြုလုပ် နိုင် ပါသည်။ မိမိတို့အတွေ့အကြုံကို လည်း ပြန်လည်ဝေမျှပေးစေလိုပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
ကိုထွန်းမြတ်
လွန်ခဲ့သော ၄ နှစ် ကပေးထားတဲ့နည်း က ရေ၃လီတာ အတွက်ဆိုတော့ လီတာ၂၁ လုပ်ပြီး ထည့်သုံးသင့်တယ် ထင်ပါတယ်
ဇွဲထွဋ်ခေါင်
လွန်ခဲ့သော ၄ နှစ် ကကွမ်းခြံကိုယောဖျန်းလိုရလာ
soenaing
လွန်ခဲ့သော ၄ နှစ် ကရေနံဆီမရရင် ဘာဆီထည့်ရမလဲ ဓာတ်ဆီ ဒီဇယ် စားဆီ အုန်းဆီ ဘယ်ဆီထည့်ရမလဲ ပင်လုံပြန် အာနိသင် အတွက် သိလိုပါတယ်
thet ko
လွန်ခဲ့သော ၄ နှစ် ကဘယ်လောက်ထည့်၇ဖို့လဲ ဆေးဖျန်းတပုံးကို
သဲ၀င့်
လွန်ခဲ့သော ၄ နှစ် ကခုဖော်ြဖူလာ အတိုင်းဆိုလျှင် ဆေးရည် ဘယ်နှစ်လီတာ ရပါသလဲ
ဆက်စပ်မေးခွန်းများ
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
စပါးခင်း ယခုလိုပိုးကျတာဘာဆေးဖျန်းသင့်လဲဗျ
zaw winnaing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....