တောင်သူအကျိုးပြု ဝံပုလွေပင့်ကူ
တောင်သူအကျိုးပြု ဝံပုလွေပင့်ကူ
စိုက်ပျိုးရေးတွင် အထွက်နှုန်းလျော့နည်းစေသော ဖျက်ပိုးများရှိသကဲ့သို့ အကျိုးပြုမိတ်ဆွေပိုးများလည်း ရှိပါတယ်။ ဥပမာ - လိပ်ခုံးကျိုင်း၊ ပုဇဉ်း၊ ပုရွတ်ဆိပ်၊ နဂျယ်၊ ကပ်ပါးနဂျယ်ကောင်များ ( ထရှိင်ဂိုဂရားများ ) ၊ ဝံပုလွေပင့်ကူ စသဖြင့် မိတ်ဆွေပိုးများ စွာရှိသည်။ ယခင်ရာစုနှစ်ကပင် ပိုးသတ်ဆေးများအသုံးပြုလာမှုကြောင့် ပတ်ဝန်းကျင် နှင့် လူသားတို့၏ ကျန်းမားရေးကိုထိခိုက်စေခြင်း၊ မြေဇီလွှာရှိ အာဟာရဒဏ်များဆုံးရှုံး ရခြင်း၊ ရေထုကိုညစ်ညမ်းစေခြင်း၊ ဖျက်ပိုးများသည် ဆေးဒဏ်ကိုခံနိုင်ရည်ရှိလာပြီး အရေအတွက်ပိုမိုများပြားလာခြင်း၊ သီးနှံအရည်အသွေးကျဆင်းခြင်းတို့ ဖြစ်စေသည်။
ထိုကြောင့် စိုက်ပျိုးရေးပညာရှင်များသည် ပိုးသတ်ဆေးလျော့သုံးစေရန် သဘာဝ မိတ်ဆွေပိုးများအသုံးပြု၍ ဖျက်ပိုးများ ကာကွယ်နှိမ်နင်းနိုင်မည့်နည်းလမ်းများကို စမ်းသပ်ပြုလုပ်လာကြသည်။ သဘာဝမိတ်ဆွေပိုးများမှ ဝံပုလွေပင့်ကူ အကြောင်း အနည်းငယ်ရှင်းပြပေးပါမည်။
နေထိုင်ကျက်စားပုံ
ဝံပုလွေပင့်ကူသည် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ နေထိုင်နိုင်ပြီး အလွယ်တကူတွေ့မြင်နိုင်သည်။ အင်းဆက်ဖျက်ပိုးများ စားသောက်ရန် စိုက်ခင်းအတွင်းနှင့်ကန်သင်းများ၊ အမှိုက်ပုံများ ၊ ရေမစိုမခြောက်ရှိသောနေရာများ၊ စမ်းချောင်းတစ်လျောက် နှင့် ရေကန်ရွံ့ တို့တွင်လည်းတွေ့ရသည်။ အေးသောအခြေအနေများတွင် တွင်းတူး၍နေ ထိုင်ကြသည်။
မျိုးပွားခြင်း
မျိုးပွားခြင်းတွင် ဝံပုလွေပင့်ကူ၏ ထူးခြားသောလက္ခဏာများရှိသည်။ ပင့်ကူအမများသည် ဥပေါင်း (၁၀၀) သို့မဟုတ် အများအပြား ဥနိုင်သည်။ ပင့်ကူအမ များသည် မိတ်လိုက်၍ မျိုးပွားပြီးချိန်တွင် ၎င်း၏သားလောင်းများအား ကျောပေါ်တွင် ထားရှိစေပါသည်။ အကောင်ကြီးအဆင့်ရောက်မှသာလျှင် ကျောမှကွာချလေသည်။
ဝံပုလွေပင့်ကူ၏ နှိမ်နင်းနိုင်သောဖျက်ပိုးများ
ဝံပုလွေပင့်ကူသည် ပုရစ်၊ ပိုးဟတ်၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ နှာတံရှည်/ တိုကျိုင်း ကောင်များ၊ ပုရွတ်ဆိတ်၊တစ်ခြားသော ပင့်ကူမျိုးစိတ်များ၊ လှေပိုး၊ နှာဖာချေးပိုး၊ တစ်ခြားသော ကျောရိုးမဲ့အင်းဆက်ဖျက်ပိုးများကို ကာကွယ်ဟန့်တားနိုင်သည်။
ဖျက်ပိုးများ ကာကွယ်နှိမ်နင်းရာတွင် ဝံပုလွေပင့်ကူသည် အမှန်တစ်ကယ်ကောင်းမွန်စွာနှိမ်နင်းနိုင်သော သဘာဝမိတ်ဆွေပိုး ဖြစ်ပါသည်။ ကွင်းထဲတွင် ဝံပုလွေပင့်ကူအရေအတွက်များစွာ ရှိနေပါက ထိန်းသိမ်းထားခြင်းဖြင့် ဖျက်ပိုးများကို အထိရောက်ဆုံး ကာကွယ်နှိမ်နင်းနိုင်မည်။ ဝံပုလွေပင့်ကူသည် တစ်ခြားသောပင့်ကူများထက် စီးပွားရေးအရ အဖိုးတန်သော မိတ်ဆွေရတနာပိုးတစ်မျိုးဖြစ်သည်။ သဘာဝတွင်ဝံပုလွေပင့်ကူရှိနေခြင်းသည် ပတ်ဝန်းကျင်ရှိ အဆိပ်အတောက် များကိုလည်း လျော့နည်းစေသည်။
လင်းလင်းထွန်း
Reference
https://sciencing.com predators-wo…
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from လင်းလင်းထွန်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....