မြေဆီလွှာအတွင်း ရေစိမ့်ဝင်ခြင်း
မြေလက္ခဏာ တစ်ရပ် - စိမ့်ဝင်အား
စိမ့်ဝင်တယ် ဆိုတာက ရေကိုပြောတာပါ။ မြေကြီးကို ရေလောင်းလိုက်မယ် ဒါမှ မဟုတ် မိုးရွာမယ်။ မြေကြီးပေါ်ကရေ က စိမ့်ဝင်သွားမယ်။ မယုံရင် ရေထလောင်းကြည့်။ ဟဲဟဲ ကလေးတွေတောင် အဲ့ဒါ သိတယ် လို့နော်။ အဲ့ဒါတို ကလေးတွေး မတွေးပဲ တစ်ခြားဖက်ကနေ ကြည့်ရအောင်။
စိမ့်ဝင်ခြင်း
မြေပေါ်ကရေတွေ အောက်ဖက်ကို စိမ့်ပြီး ကျလာတာကို စိမ့်ဝင်တယ်လို့ ဆိုပါတယ်။ အပေါ်ကနေ အောက်ကို ဆင်းလာတဲ့ အရှိန်၊ ဆင်းအားကို တစ်နာရီကို ဘယ်နလက်မ ဆင်းသလဲ ဆိုပြီး တိုင်းတာပါတယ်။ မိုးရွာပြီး ရေသွင်းပြီးချိန်မှာ တိုင်းတာကြပါတယ်။
အရေးကြီးသလား
မြေကြီးရဲ့ ရေထိန်းအားကို ပြနိုင်တဲ့ လက္ခဏာတစ်ရပ်ဖြစ်တာမို့ အရေးကြီးပါတယ်။ ရေ က ဘယ်လောက်ကြာကြာနေသလဲ လုံးဝ မနေဘူးလား ဆိုတာကို ဆုံးဖြတ်တဲ့ အခါမှာ အလွန်အရေးကြီးပါတယ်။ ခဏပဲ ရေကို လက်ခံတဲ့ မြေမျိုးဆို ဘာကိုစိုက်ရမလဲ။ အကြာကြီးခံနေတယ်ဆိုရင် ဘာပင်တွေစိုက်ရမလဲ ဆိုပြီးတော့ စိုက်ပျိုးရေးမှာလည်း အရေးပါတာပေါ့။
စိမ့်ဝင်အား နဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေ
မြေပေါ်ရေရောက်လာတယ်။ ရေ က မြေထဲကို တစ်နာရီမှာ ဘယ်လောက်စီးသလဲ ဆိုတာနဲ့ ပြန်ချိန်ကြည့်မယ်။ မြေကြီးရဲ့ စိမ့်ဝင်အားထက်ပိုပြီးတော့ ရေတွေက ရှိနေမယ်ဆို ရေတွေက မြေထဲကို မဝင်တော့ပဲနဲ့ အပေါ်မှာ ဖြတ်စီးသွားမှာပါ။ အဲ့လိုဆိုရင် အပေါ်ယံက မြေတိုက်စားမှုတွေကို ခံရမှာပါ။ တောင်ကုန်း တောင်စောင်းတွေက မြေပြိုတယ် ဆိုတာ အဲ့လို သဘောကြောင့်ပါ။ ဒါက ရေကြောင့်ချည်းပဲ မဟုတ်သလို မြေကြောင့်ချည်းပဲလို့လည်း ပြောလို့မရပါဘူး။
စိုက်ပျိုးရေးမှာ ဒီပြဿနာက အရေးကြီးပါတယ်။ သဘာဝ အတိုင်း မိုးကြီးတတ်တဲ့ ဒေသ မှာ ကိုယ်က မြေစစ်ပြီး ဘယ်လိုပြုပြင်သင့်တယ်။ ဘယ်လိုရေသွင်းသင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
စိုက်ပျိုးရေးကြောင့်ပဲဖြစ်ဖြစ် ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်မြေရဲ့ စိမ့်ဝင်အား ထက်ပိုတဲ့ ရေပမာဏကို လက်ခံရပြီဆိုရင် အပေါ်ယံမြေသားတွေက ရေနဲ့ တိုက်စားခံရပြီး နိမ့်ရာကို ဆင်းတဲ့အတွက် ကန်တွေ ချောင်းတွေမှာ အနယ်အနှစ်တွေ သွားစုပြီး ရေကြီးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ စိမ့်ဝင်အား နည်းတဲ့ မြေတွေမှာ အဲ့လိုတွေဖြစ်တတ်တာပါ။
ဒါဆိုရင် စိမ့်ဝင်အား ကောင်းတဲ့ မြေမျိုးတွေကျတော့ရောဆိုတော့ တစ်နာရီအတွင်းမှာ လက်မ များများကို စိမ့်ဝင်နိုင်ပါတယ်။ အဲ့လိုမြေမျိုးကျပြန်တော့လည်း အပင်တွေစိုက်လို့ ရေလောင်းလိုက်တယ် ရေက မနေဘူးဆိုပြန်တော့လည်း အဆင်မပြေပြန်ပါဘူး။
စိမ့်ဝင်အား အရမ်းကောင်းတယ် ဆိုတာ မြန်မြန် အောက်ကို စီးတာကို ပြောတာပါ။ အဲ့လို လက္ခဏာမျိုး ရှိတဲ့ မြေဆိုရင် သဲမြေပါပဲ။ ဒါဆို စိမ့်ဝင်အား မကောင်းဘူးဆိုတာကျတော့ ကြပ်နေတဲ့ ရွံ့စေးမြေပါ။ မြေအမျိုးအစားအလိုက် သဲတောကြီးမှာလည်း အပင်စိုက်လို့ အောင်မြင်မှု နည်းသလို ကြပ်နေတဲ့ မြေစေးမှာလည်း အပင်စိုက်ဖို့ ခက်ခဲမှာပါ။ အဲ့တော့ စိမ့်ဝင်အား များရင်လည်း မကောင်းပါဘူး။ နည်းရင်လည်း မကောင်းပါဘူး။ မနည်း မများလေးကပဲ ကောင်းပါတယ်။ အကောင်းဆုံး လိုချင်တယ် ဆိုရင်တော့ ကိုယ်စိုက်တဲ့ သီးနှံအပေါ်မှာ မူတည်ပြီးတော့ ကွာသွားမှာပါ။ ရေလိုအပ်ချက်တွေမှ မတူကြတာကိုး။
ဘာကြောင့် ဖြစ်သလဲ
ပုံမှန်ကတော့ သူ့မြေကြီး အမျိုးအစားအလိုက် သူ့စိမ့်ဝင်အားနဲ့ ရှိနေပြီးသားဖြစ်ပါတယ်။ စိုက်ရေးပျိုးရေး မွေးရေးမြူရေး လုပ်ကြရင်းနဲ့ စိမ့်ဝင်အားကို ပြောင်းလဲ စေနိုင်တာမျိုးရှိသလား။ ရှိရင်တော့ ဘာတွေမလုပ်ရဘူး ဘာတွေလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်တာပေါ့။ သတင်းကောင်းက ရှိပါတယ်တဲ့။ ဘယ်အချက်တွေဖြစ်မလဲ ကြည့်ရအောင်
(၁) အပြောင်ရှင်း၊ မီးရှို့တာ၊ ရိတ်ပြီး သီးနှံကို အကြွင်းအကျန်နည်းနည်းမချန်တာ
(၂) မြေကို အရမ်းမွနေအောင်ထွန်တာ၊ မြေမျက်နှာပြင် ပျက်စီးသည်ထိ အောင်ထွန်တာမျိုး၊ အော်ဂဲနစ် အဆွေးပစ္စည်းတွေ ပြန်မထည့်ပေးတာမျိုး၊
(၃) မွေးမြူရေးမှာဆိုရင်လည်း ခြံအောက်ခံမြေက စိုစွတ်စွတ်ဖြစ်နေတာမျိုး ဆို မြေကြီးထဲက လေရှုပေါက်လေးတွေ ပိတ်သွားနိုင်ပါတယ်။ မစိုနေတဲ့မြေဆိုလည်း ပိတ်တာပါပဲ။ စိုတဲ့မြေက ပိုဆိုးတတ်တာပါ။
အဲ့လို အကြောင်းအချက်တွေကြောင့် အဓိက မြေစိမ့်ဝင်အားကို ပြောင်းလဲစေနိုင်ပါတယ်။
ဘာတွေလုပ်လို့ရသလဲ
အားတက်စရာကတော့ နည်းလမ်းတွေ အများကြီးရှိနေတာပါပဲ။
ရေတိုအနေနဲ့ စိုက်ချင်ပျိုးချင်ပါတယ်ဆိုရင်တော့ မြေစိမ့်ဝင်အား နည်းတဲ့၊ ရေက တော်တော်နဲ့ မဝင်နိုင်တဲ့ မြေမျိုးမှာဆိုရင် အနက် ထွန်လိုက်ပြီးတော့ အပေါ်မြေသားက မြေစိုင် မြေခဲတွေကို ချေပေးလို့ရပါတယ်။
ရေရှည်အတွက် ပြုပြင်ချင်တယ်ဆိုရင်တော့ အော်ဂဲနစ်ပစ္စည်းတွေနဲ့ မြေကြီးရဲ့ လေဝင်လေထွက်ကို ကောင်းအောင်ပြုပြင်ပေးရမှာပါ။ ပြီးတော့ မြေသားကို ပျက်စီး ပြီး မွနေအာင်အထိ ထွန်စရာမလိုသလို ကြပ်သိပ်သွားအောင် မဖိမိစေဖို့ လည်း သတိထားရမှာပါ။ အကြွင်းအကျန်များတဲ့ သီးနှံတွေ (ပြောင်း၊ သစ်စိမ်းမြေသြဇာလို၊ ပဲပင်တွေလို စတဲ့) ကို စိုက်ပြီးတော့ အကျန်တွေနဲ့ မြေပြန်ထွန်စေပြီး မြေထဲမှာ အော်ဂဲနစ်ပစ္စည်းတွေများအောင်လုပ်ပေးရမှာပါ။ တိရိစ္ဆာန်တွေကထွက်တဲ့ နွားချေးလိုမျိုး ကြက်ချေးလိုမျိုးကိုလည်း သုံးလို့ရပါတယ်။ ပြီးတော့ မြေထွန်တာကိုလည်း ပုံမှန်အောက်ကို လျော့ချပေးရမှာပါ။
ရေတိုရော ရေရှည်အတွက်ရော အရှည်ကြည့်ပြီး (၂)မျိုးစလုံးတွဲလုပ်ကြရင်း မြေလည်းပြင် အပင်လည်းစိုက် တောင်သူဦးကြီးတွေလည်း ခပ်မိုက်မိုက်ဖြစ်ကြပါစေ....
ထွန်းဝင်းကျော်
Reference
http://soilquality.org/indicators/infiltration.html
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
win zaw
လွန်ခဲ့သော ၅ နှစ် ကtttt
ဇော််ကြီး
လွန်ခဲ့သော ၅ နှစ် ကသဲဆန်သောမြေအား ဘယ်လိုသီးနှံစိုက်သင့်ပါသလဲ ခင်ဗျ
ကိုသန့်ဇင်
လွန်ခဲ့သော ၅ နှစ် ကကုန်းစောင်းမြေဆိုဘယ်လိုစိုက်သင့်ပါသလဲ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026