မြေတိုက်စားခြင်း
တိုက်လည်းတိုက်တယ်။ စားလည်းစားသွားတယ်။ မြေတိုက်စားခံရတာကို ပြောပါတယ်။ တိုက်စားတယ်ဆိုတာ တစ်နေရာကဟာကို ဖဲ့ယူပြီးတော့ တစ်နေရာကို ပို့ပစ်တာလို့လည်း ဆိုနိုင်ပါတယ်။ မြေကြီးကလည်း အဲ့လို အပို့ခံရတာပါပဲ။ သဲတစ်ဆုပ်လောက်ကို လေထဲ မြှောက်ကြည့်လိုက်။ ဖုန်ထလို့ လူကြီးတွေအော်လိမ့်မယ်။ အဲ့လို ဖုန်ထပြီး လေထဲလွှင့်တယ်။ မူလနေရာကိုမဟုတ်ပဲ တစ်ခြားနေရာကိုကျရောက်သွားတယ်။ အဲ့ဒါက လေနဲ့တိုက်စားခံရတာပါ။ မြေကြီးကို လေတိုက်စားတာပါ။
မိုးရွာလို့ တံစက်မြိတ်အောက်က မြေကြီးလေးတွေက အချိုင့်လေးတွေဖြစ်နေပြီးတော့ မြေကြီးလေးတွေက အိမ်နံရံကို လာစင်တယ်။ လမ်းထဲက မြေကြီးတွေ အိမ်ရှေ့မှာ လာပုံနေတယ် ဆိုတာတွေက မိုးရေကြောင့် မြေက နေရာရွေ့သွားတာ၊ မြေကို မိုးက တိုက်စားတာဖြစ်ပါတယ်၊
ရေကြောင့် မြေတိုက်စားခံရခြင်း အကြောင်းရင်းတွေကတော့
- ကုန်းစောင်း - ဖြစ်နေရင် မြေပြန့်ထက်ပိုပြီး တိုက်စားခံရပါတယ်။
- မြေသားတည်ဆောက်ပုံ - ကျစ်လျစ် သိပ်သည်းတာ စတဲ့အချက်ကလည်း စကားပြောပါတယ်
- ရေသားဖြတ်စီးမှု - တစ်နှစ်လုံး သူ့အပေါ်ဖြတ်စီးတဲ့ရေ ဘယ်လောက်ရှိနေသလဲ။ အဲအချက်တွေက မြေသားတိုက်စားခံရမှုအပေါ်မှာ လုံးဝ အကျိုးသက်ရောက်နေတာပါ။
ပထမဆုံး ရေသွင်းပြီဟေ့ဆို ကန်သင်းတွေ လိုက်ပြင်ရတာ အလုပ်တစ်ခုပါ။ အဲ့အချိန်က တိုက်စားမှု အများဆုံးဖြစ်ပါတယ်။ နောက်ပိုင်းကျရင်တော့ အသားကျသွားတာမို့ ပထမအခေါက်ကလောက် တိုက်စားခြင်း မခံရတော့ပါဘူး။ ဒါပေမဲ့ အနည်းအကျဥ်းတော့ တိုက်စားခံရပါတယ်။
ရေတွေကြောင့် တိုက်စားခံရတဲ့အခါမှာ နည်းလမ်း (၂)မျိုးရှိပါတယ်။
(၁) အလွှာလိုက် တိုက်စားခြင်း (Sheet Erosion)
(၂) ကြားပိုင်းအလိုက် တိုက်စားခြင်း (Gully Erosion)
အလွှာလိုက်တိုက်စားခြင်း
အပေါ်က မြေသားအလွှာလိုက်ကို တိုက်စားတာပါ။ ရှင်းရှင်းဆိုရင်တော့ အလျားလိုက်တိုက်စားတာမျိုး ဖြစ်ပါတယ်။ မြေသားစောင်းနေတဲ့နေရာ၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တဲ့ မြေနေရာတွေမှာ တိုက်စားခံရတတ်ပါတယ်။ ဒီလိုတိုက်စားခံရတာကြောင့် မြေတော်တော်များများကို ဆုံးရှုံးရပါတယ်။ အဲ့လို တိုက်စားခံရပြီဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အချက်ကလေးတွေကို တွေ့ရတတ်ပါတယ်။
- အပေါ်ယံမြေသားအလွှာက ပါးလာပြီးတော့ တစ်ခါတစ်လေမှာ အောက်ဖက်က ကျောက်သားတွေတောင် ပေါ်လာတတ်ပါတယ်။
- ကြည့်လိုက်လို့ အမှုန်နုနုတွေ မကျန်တော့ဘူး၊ ကြမ်းတဲ့အမှုန်တွေပဲကျန်တယ်၊ ခဲလုံးတွေ ကျန်နေတယ်ဆိုရင် ရေသားကြောင့် အလွှာလိုက်မြေတိုက်စားခံရတာလို့ ဆိုနိုင်ပါတယ်။
- တကယ်လို့ အပင်တွေ စိုက်ထားတယ်ဆိုရင် မြေကြီးထဲမှာ ရှိရမဲ့အမြစ်က မြင်နေရပြီဆိုရင် မြေတိုက်စားခံရလို့ပါပဲ။
- မြေကြီးမညီရင် နိမ့်တဲ့နေရာမှာ အမှုန်တွေပုံနေတတ်ပြီးတော့ မြင့်တဲ့နေရာမှာ ခဲတွေ မြင်နေရရင် တိုက်စားခံရတာပါပဲ။ အလွှာလိုက်တိုက်စားခံရတာပါ။
နောက်တစ်ခုကတော့ .ကြားပိုင်းအလိုက် တိုက်စားခံရတာ
သူကျတော့ အရှိန်အဟုန်နဲ့ စီးတဲ့ရေကြောင့်မို့ တိုက်စားခံရတာမျိုး၊ မြောင်းလို ချောင်းလို ပုံစံတွေပေါ်သွားတာမျိုးတွေကို ဆိုလိုပါတယ်။ ခုနကလို အလွှာလိုက်မဟုတ်ပါဘူး။ ပိုကျယ်လာတယ်။ ပိုနက်လာတယ်။ အဲ့လိုတိုက်စားခံရပြီဆိုရင် အောက်က လက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။
- မြောင်းလိုက် မြောင်းလိုက်တွေ ဖြစ်လာပါတယ်။ ကိုယ်မတူးပဲလည်း ဖြစ်လာတာပါ။
- တူးထားတဲ မြောင်းတွေဆိုရင်တော့ တိုက်စားခံရတာကြောင့် ပုံစံရယ်၊ အလျားရယ် စ ပြီးပြောင်းလဲလာပါလိမ့်မယ်။
- မြောင်းထဲမှာ အနယ်ကျတဲ့ မြေသားတွေ ရှိလာပြီး တူးထားတဲ့အတိုင်း ဘေးနားတွေပါ ကျယ်ပြီး မြောင်းတွေကြားကနေ အမြစ်တွေ ထွက်လာပါလိမ့်မယ်။
ရေက မြေကို ဘယ်လိုနှောက်ယှက်သလဲဆိုတာကို တွေ့ရပြီးတော့ ရေကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာကို နောက်ရက်တွေမှာ ပြောပြပေးသွားပါမယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်။
ထွန်းဝင်းကျော်
http://www.fao.org/3/r4082e/r4082e03.htm
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....