ပြာကို မြေဩဇာအဖြစ် အသုံးပြုခြင်း
(၁) သစ်သားပြာများကို ခြောက်သွေ့သောရာသီ အပင်များမစိုက်မှီကာလတွင် မြေဆီအဖြစ် ထည့်သွင်းပေးခြင်း အားဖြင့် သုံးနိုင်ပါတယ်။ ပိုတက်ရှ်ပါဝင်မှု နှင့် အခြားသော အာဟာရများ ကြောင့် အပင်များ ကောင်းမွန်စေပါ သည်။
မြေချဉ်တာကိုလည်း ပြင်ဆင်ပေးနိုင်တာကြောင့် သစ်သားပြာများက အသုံးဝင်သော ပစ္စည်း တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် မြေချဉ်တာကို မကြိုက်တတ်တဲ့ အပင်တွေ (ဘလူးဘယ်ရီလို၊ တောင်ဇလပ်ပန်းလိုမျိုး) တွေမှာ သုံးပေးနိုင်ရင် အကောင်းဆုံးရလဒ်ကို ရနိုင်တာဖြစ်ပါတယ်။
(၂) ပေ (၃၀) ပတ်လည် (၁၀၀၀ စတုရန်းပေ သို့ ၉၃ စတုရန်းမီတာ သို့ ၁၀ မီတာ ပတ်လည်) လောက်မှာဆိုရင် သစ်သားပြာ ပေါင် ၂၀ (၉ ကီလိုဂရမ်) ကို သုံးပေးရမှာပါ။
သတိထားရမှာက အပုံလိုက် သုံးရမှာမဟုတ်ပဲ ပျံနှံ့နေအောင် သုံးပေးရမှာဖြစ်ပါတယ်။ ပုံနေရင် ဆားစုတဲ့ ပြဿနာ ဖြစ်တတ်လို့ပါ။
(၃) မြေဆွေးပုံ ပုံတဲ့နေရာမှာလည်း အလွှာတစ်ခုအနေနဲ့ ပြာကို ဖြူးဖြူးပြီးထည့်ပေးနိုင်ရင် မြန်မြန်ဆွေးပါတယ်။
(၄) သစ်သားပြာတွေနဲ့ ရွံ့မြေတွေ ပွလာ မွလာအောင်လည်း ပြင်ပေးလို့ရပါသေးတယ်။
(၅) အိမ်က စိုက်ပျိုးခြံလေးမှာ ပိုးလေးတွေ ကျနေတယ်ဆိုရင် ပြာကို ရေမှာဖျော်ပြီးတော့ ပက်ဖြန်းပေးလိုက်လို့ ရပါတယ်။ မိုးကြီးကြီးရွာရင်တော့ ပြန်ဖျန်းပေးရပါမယ်။ ပျတွေ ခရုတွေနဲ့ ရွက်ဖြတ်ပိုးတွေကို ပြေးစေပါတယ်။
သတိပြုစရာ အချက်ကလေးတွေ
(၁) လေအရမ်းမတိုက်တဲ့နေ့ကို ရွေးပါ။ ပြာတွေက လေထဲလွင့်ပြီး ဆုံးရှုံးနိုင်တာနဲ့ နောက်ထပ် ကိုယ်လိုတဲ့နေရာကို မကျရောက်ပဲ တစ်ခြားနေရာတွေကို ကျရောက်သွားနိုင်တာကြောင့် ဖြစ်ပါ တယ်။
(၂) လက်အိတ်စွပ်ပါ။ အသက်ရှူလမ်းကြောင်းထဲ မဝင်အောင်လို့ နှာခေါင်းစွပ်တပ်ပေးပါ။ မျက်စိကိုလည်း ကာကွယ်ပေးပါ။ ပြာမှာ Lye ပါနေလို့ပါ။
(၃) စက္ကူပုံးတွေ၊ ကော်အမှိုက်တွေ၊ ဆေးသုတ်ထားတဲ့ သစ်သားတွေကရတဲ့ ပြာတွေမှာ ဓာတု ပစ္စည်းတွေ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။
(၄) များများသုံးမိရင် မြေငန်တာမျိုး ဖြစ်နိုင်တာကြောင့် ကိုယ့်မြေက မြေချဉ်ငံကိန်းကို သိဖို့ လိုပါတယ်။ အဲ့ဒါကတော့ သတိပြုရမဲ့ အချက်ဖြစ်ပါတယ်။
(၅) သစ်မာသားတွေက အပျော့သားတွေထက် ပြာ (၃) ဆလောက် ပိုထွက်ပါတယ်။
Htunn Win Kyaw
Refer - https://www.wikihow.com/Use-Ashes-As-Fertilizer
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026