မြေတိုက်စားမှုကို ဘယ်လိုကာကွယ်ကြမလဲ
အရင်တစ်ခေါက်က မြေတိုက်စားခြင်း အကြောင်းကို ပြောပြပေးထားတယ်ဆိုတော့ ခုတစ်ခေါက်ကတော့ မြေ တိုက်စားမှုကိုဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးသွားပါမယ်ခင်ဗျ။
ဖြစ်ပြီးမှ လုပ်မလား ကြိုတင်ကာကွယ်မလားဆိုတော့ခါ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ တဲ့။ လေကြောတွေ မရှည်တော့ပါဘူး။ ကြိုတင်ကာကွယ်လိုရမယ့်နည်းလမ်းတွေက ဘာ ၏တွေဖြစ်မလဲ။
(၁) မြက်ပင်နဲ့ ချုံပင်တွေ ပေါက်ပါစေ၊ စိုက်ထားပါ။
မြေတိုက်စားတယ်ဆိုတာက မြေကြီးက ရေကြောင့်ဖြစ်ဖြစ် လေကြောင့်ဖြစ်ဖြစ် တစ်နေရာကနေ တစ်နေရာကို ရွေ့သွားတာ ဖြစ်ပါတယ်။ မြေကွက်လပ်ဆိုရင်တော့ ဖြစ်မှာသေချာပါတယ်။ အပင်တွေရှိနေတော့ မြေကြီးတွေ တိုက်စားခံရတာကို သက်သာစေပါတယ်။
(၂) မြေဖုံး ထည့်ပေးလို့ ရပါတယ်။
မြေကြီးထဲကို ကောက်ရိုးတွေကို အပေါ်မှာဖုံးပစ်လိုက်၊ မြေကြီးနဲ့ တသားတည်းဖြစ်သွားတယ်။ ဆွေးသွားတယ်။ မြေအစိုဓာတ်ကို ထိန်းပေးနိုင်သလို။ မြေကြီးကိုလည်း နွေးထွေးစေပါတယ်။
(၃) အစောင်းတွေမှာ ဘရိတ်ထားပေးပါ။
စိုက်တဲ့ပျိုးတဲ့ နေရာက တောင်စောင်းဖြစ်နေတယ်ဆိုရင် ပျိုးဘောင်တွေမှာ ဖုံးတဲ့ ဇကာကွက်လိုမျိုး၊ စိုက်ပျိုးရေးမှာသုံးတဲ့ ပလပ်စတစ်စတွေကို သုံးပြီးတော့ စိုက်လို့ရပါတယ်။ အဲ့လိုဆိုရင် အပေါ်က မိုးရိုက်တာကိုလည်း သက်သာစေတယ်။ ပြီးတော့ လေကြောင့်တိုက်စားတာကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
(၄) အရံအတားတွေ လုပ်ပေးလို့ ရပါတယ်။
(၃) ကနေ (၈)မီတာ (၁၅ ပေကနေ ၂၄ ပေ)လောက် အကွာအဝေးတိုင်းမှာဆိုရင် ကန်သင်းသေးသေးလေးတွေလုပ်ပေးတာက မြေတိုက်စားတာတွေကို သက်သာစေနိုင်ပါတယ်။ အပင်လေးတွေစိုက်ပြီးပဲလုပ်မလား။ သစ်သားတန်းထားမလား အဆင်ပြေတာနဲ့ လုပ်နိုင်ပါတယ်။
(၅) နံရံ
အသေလုပ်တဲ့ နံရံတွေပါ။ သူကတော့ တစ်ချို့စိုက်ခင်းတွေအတွက် အဆင်ပြေနိုင်ပေမဲ့လို့ တစ်ချို့စိုက်ခင်းတွေမှာတော့ အဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့ အရမ်းစောက်ပြီး တိုက်စားမှုများတဲ့ နေရာတွေအတွက်ကတော့ အဆင်ပြေပါတယ်။
(၆) ရေထုတ်အားကောင်းအောင် လုပ်ပေးပါ။
ရေစိုနေတော့ မြေကြီးက ပျော့နေတာပေါ့။ အဲ့လိုချိန်မှာ မိုးရွာလိုက်ရင် ရေနဲ့ မြေက ပါသွားမှာ အသေအချာပါပဲ။ ဒါကြောင့် မြေကြီးက ရေသိပ်မဝပ်အောင် လုပ်ပေးပါ။
(၇) ရေလောင်းတာကို တတ်နိုင်သလောက် ဆင်ခြင်ပါ၊
မလိုအပ်ပဲ ရေလောင်းတာ ရေတွေ အိုင်နေတာမျိုးကတော့ သိပ်အဆင်မပြေဘူးဆိုတော့ ရေအစိုဓာတ်ကို ကြည့်ပြီးတော့မှ လောင်းပေးတာမျိုးက ရေကုန်တာနဲ့ မြေတိုက်စားတာအပြင်ကို အပင်တွေအတွက်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်။
(၈) ဖိသိပ်တာကို ရှောင်ပါ။
အရမ်းဖိသိပ်ထားတဲ့မြေတွေက ပိုပြီးတိုက်စားခံရဖို့လွယ်ပါတယ်။ အထူးသဖြင့် စိုစွတ်သွားတဲ့အချိန်မျိုးမှာပါ။
အပေါ်က ပြောခဲ့တဲ့နည်းလမ်းတွေက မြေကြီးတိုက်စားခြင်းကို ကာကွယ်နိုင်အောင် လုပ်ပေးတဲ့နည်းမျိုးတွေပါ၊
ခုထပ်ပြောပြမှာကတော့ အပင်စိုက်တဲ့ နေရာတွေမှာ ဘယ်လိုတွေ လုပ်ပေးနိုင်လို့ရမလဲဆိုတာကို ဆက်ပြောပါမယ်။
(၁) ကုန်းစောင်းတွေမှာ အပင်တွေ စိုက်ပေးပါ။
အပင်တွေက မြေတိုက်စားခံရတာကို ကာကွယ်ပေးနိုင်ပါတယ်။ မိုးကျတာကို လေတိုက်တာကို ကာကွယ်ပေးထားနိုင်တယ်။ ပြီးတော့ အမြစ်တွေကလည်း ရှိတယ်ဆိုတော့ ကုပ်အားလည်းကောင်းတာပေါ့။
(၂) ထွန်ယက်တာကို လျော့ပါ။
အရမ်းမွနေအောင် ထွန်ယက်တာမျိုးနဲ့ ဆိုရင် လေတိုက်ခတ်ိမှုမှာတင် မြေ တော်တော်များများက ပါသွားပါပြီလေ၊ အဲ့တော့ စိုက်လို့ပျိုးလို့ရအောင် ထွန်ယက်တာနဲ့တင် လုံလောက်ပါပြီ။ မလိုအပ်ပဲ အများကြီးထွန်တာကို လျော့ချပေးဖို့ လိုပါတယ်။
(၃) တောင်စောင်းတွေမှာ စိုက်မယ်ဆိုရင် မြက်တွေလည်း ထားရပါမယ်။
တစ်ချို့အပင်လေးတွေက ခံနိုင်ရည်မရှိကြပဲနဲ့ မြေတိုက်စားခံရတာနဲ့တင် ပါသွားပါလိမ့်မယ်။ အဲ့လိုအမြစ်တိမ် ပွားများမှုနည်းတဲ့ အပင်တွေကို စိုက်မယ်ဆိုရင် ကြားပိုင်းထဲမှာ မြက်ပေါက်နေတာကို အရမ်းကြီး မရှင်းဖြစ်ဖို့ သတိထားရပါမယ်။ ကိုယ်စိုက်ထားတဲ့ အပင်တွေရဲ့ အောက်ခြေလောက်ကို ရှင်းလင်းပြီးတော့ အပင်တွေနဲ့မြက်တွေ အာဟာရတွေ အပြိုင်အဆိုင်မလုယူနိုင်မယ့် အခြေအနေကို ထိန်းသိမ်းပေးပါ။
(၄) စားကျက်မြေကို တစ်လှည့်စီသုံးပါ။
တစ်နှစ်ပတ်လုံး ဒီတစ်ကွက်တည်းကိုပဲ သုံးနေတယ်ဆိုရင် ပြောင်သလင်းကြီးဖြစ်ပြီးတေ့ာ မြေတိုက်စားခံရဖို့ ပိုများလာပါလိမ့်မယ်။ အဲ့လိုဆိုတော့ စားကျက်မြေကို ပိုင်းခြားတာဖြစ်ဖြစ်၊ အကွက်သစ်နဲ့မျှသုံးတာဖြစ်ဖြစ် လုပ်ပေးဖို့ လိုအပ်ပါတယ်။
(၅) မြေဖုံးသီးနှံတွေစိုက်ပါ။
အလွတ်ကြီးထားတာထက် မြေဖုံးနိုင်တဲ့ အပင်ပုလေးတွေ စိုက်ထားရင် အကောင်းဆုံးပါပဲ။ ပဲပင်လေးတွေကိုသုံးလို့ရပါတယ်။
(၆) ရေမြောင်း လုပ်ပေးပါ။
တောင်တွေကိုဖြိုပြီး တည်ထားတဲ့ လမ်းတွေမှာဆိုရင် တောင်စောင်းနံရံတွေ ဘေးမှာ မြောင်းလေးတွေဖော်ထားတတ်ကြတယ်။ ခုက အဲ့လိုနည်းကို ပြောတာပါ။ အောက်ဖက်ကို တိုက်စားဖို့ ရေမရောက်နိုင်အောင်နဲ့အရှိန်လျော့သွားအောင် တောင်စောင်းစိုက်ခင်းတွေမှာ မြောင်းကို သုံးလို့ရပါတယ်။
(၇) လှေကားထစ် စိုက်ခင်း
နဂို အစောင်းကနေ လှေကားထစ်လိုလုပ်လိုက်တယ်ဆိုရင် တိုက်စားခံရတာ သက်သာသွားတာပေါ့။ ဒီနည်းကတော့ နာမည်ကျော်ပါပဲ။
ကဲ အဲ့လိုဆိုရင် မြေတိုက်စားတာကို ဘယ်လိုကာကွယ်နိုင်သလဲ ဆိုတာကို သိလောက်ပြီပေါ့။ နားကြပါအုံးစို့….
ထွန်းဝင်းကျော်
https://www.wikihow.com/Prevent-Soil-Erosion
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....