မြေအင်ဇိုင်း
လူတွေမှာ အင်ဇိုင်းတွေ ရှိတယ်။ အဲ့လိုပဲ မြေတွေမှာလည်း အင်ဇိုင်းတွေရှိတယ်တဲ့။ လေ့လာရင် လေ့လာသလောက် ကျယ်ပြန့်တဲ့ မြေကြီးပါပဲ။
မြေထဲက အင်ဇိုင်းတွေဆိုတာ ဘာလဲ
သူတို့က ကိုယ်တွေကို ကူညီတဲ့ သူတွေပါ။ မြေကြီးထဲကို သီးနှံအကြွင်းအကျန်တွေထည့်လိုက်တယ်ဆိုရင် သူတို့က ဆွေးမြေ့အောင်လုပ်ပေးပြီးတော့ အပင်တွေကို အာဟာရတွေ ပြန်ပြီးတော့ ထောက်ပံ့ပေးတယ်။ အဲ့ဒါဆို သူတို့ရှိနေရင် ကိုယ်ထည့်တဲ့ အော်ဂဲနစ် အကြွင်းအကျန်တွေက အလကားမဖြစ်တော့ဘူးပေါ့။ ဥပမာတစ်ခုပြောရရင်တော့ Glucosidase ဆိုတဲ့ မြေအင်ဇိုင်းက အပင်တွေမှာပါတဲ့ Glucoside ကို အပင်တွေစားနိုင်တဲ့ ဂလူးကိုစ် အဖြစ်ကို ပြောင်းလဲပေးပါတယ်။ သူတို့ပြောင်းလဲပေးနိုင်တဲ့ ပစ္စည်းတွေအပေါ်မှာ မူတည်ပြီးတော့ သူတို့ကို နာမည်ပေးသလို သူတို့က ပြောင်းလဲပေးမယ်ဆိုပြီး ယူတဲ့ကုန်ကြမ်း (ဒီမှာဆိုရင်တော့ Glucoside ဖြစ်ပါတယ်) ကိုတော့ Substrate လို့ ခေါ်ပါတယ်။ ကုန်ကြမ်းကိုမှ အပင်တွေစားလို့ရတဲ့ အာဟာရကို ပြောင်းလဲပေးကြတာကို အင်ဇိုင်းတွေကလုပ်ပေးတာ ဖြစ်ပါတယ်။
ဘယ်နေရာတွေမှာ အဓိက တွေ့နိုင်သလဲ
ဆိုတော့ကာ သူတို့ရဲ့ အရင်းအမြစ်တွေဆိုတာက အသက်ရှင်နေတဲ့ ဒါမှ မဟုတ် သေဆုံးနေတဲ့ အနုဇီဝသက်ရှိတွေ၊ အပင်အမြစ်တွေနဲ့ အပင်အကြွင်းအကျန်တွေနဲ့ မြေတွင်းထဲက ရှိတဲ့ တိရိစ္ဆာန်အကောင်လေးတွေပဲဖြစ်ကြပါတယ်။
ဘာကြောင့်အရေးကြီးတာလဲ
အင်ဇိုင်းတွေ ရှိမရှိဆိုတာက မြေရဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အပင်တွေနားမှာရှိသားနဲ့ အပင်တွေက မရနိုင်တဲ့ အာဟာရဓာတ်တွေကို ပြောင်းလဲပေးနိုင်တယ်။ အဲ့လို အပင်ကနေ တိုက်ရိုက်မစားနိုင်တဲ့ အာဟာရဓာတ်တွေဆိုတာ အများကြီးပါပဲ။ အဲ့ဒါတွေကို အင်ဇိုင်းတွေကပဲ ချေဖျက်ပေးနိုင်ပါတယ်။
အပင်တွေကို နိုက်ထရိုဂျင် ကို ပြောင်းလဲပေးနိုင်တဲ့ Amidase Urease အင်ဇိုင်း တွေ၊ ပိုတက်စီယမ်အဖြစ်ကိုပြောင်းလဲပေးနိုင်တဲ့ Phosohatase အင်ဇိုင်း၊ ဆာလဖာကိုပြောင်းလဲပေးနိုင်တဲ့ Sulfataseအင်ဇိုင်းတွေ၊ မြေတွင်းမှာရှိတဲ့ အနုဇီဝသက်ရှိတွေအတွက် စွမ်းအင်(ဂလူးကိုစ့်) ကို ထောက်ပံ့ပေးနိုင်တဲ့ Beta Glucosidase အင်ဇိုင်းတွေ၊ ကာဘွန်နဲ့ အခြားသော အာဟာရဓာတ်တွေ ကို အနုဇီဝသက်ရှိတွေကို ထောက်ပံ့ပေးနိုင်တဲ့ FDA Hydrolysis အင်ဇိုင်းတွေ စတဲ့ အင်ဇိုင်းတွေရှိနေရင် အပင်တွေအတွက်ရော မြေကြီးအတွက်ရော မြေကြီးထဲက အကောင်လေးတွေအတွက်ရော ကောင်းတယ်ဆိုတော့ သူတို့ကလည်း အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါတယ်။
မရှိရင် ဘယ်လို ဖြစ်
ရွှေဥ ဥ တဲ့ ငန်းကြီးကို သတ်လိုက်သလိုပေါ့။ အပင်တွေနဲ့ မြေထဲက အနုဇီဝသက်ရှိတွေ အတွက်တော့ အာဟာရတွေ ရှိလျက်နဲ့ မစားရတော့ပဲ ချို့တဲ့မှုကို ခံစားကြရမှာပါ။ အင်ဇိုင်းတွေက အားနည်းတာကြောင့်မို့ ချေဖျက်ရမဲ့ ဓာတ်ပေါင်းတွေကို မချေဖျက်နိုင်ပဲ မြေထဲမှာ စုပြုံနေတာကြောင့်မို့ ကြာရင် မြေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
ဘာလုပ်ပေးနိုင်မလဲ
သီးလှည့်စိုက်မယ်၊ အော်ဂဲနစ် အဆွေးပစ္စည်းတွေထည့်ပေးမယ်၊ မြေဖုံးသီးနှံတွေစိုက်မယ်၊ စတဲ့ လုပ်ဆောင်မှုတွေက မြေကြီးထဲက အင်ဇိုင်းလှုပ်ရှားမှုတွေကို တိုးတက်ကောင်းမွန်လာစေပါတယ်။ နောက်ထက်ကောင်းတာက နွားချေးလိုမျိုး တိရိစ္ဆာန်ထွက်ပစ္စည်းတွေထည့်ပေးတာမျိုး၊ မြေသားတည်ဆောက်မှုကို မပျက်စီးအောင် ထိန်းသိမ်းပေးတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ မြေရဲ့ ချဉ်ငံကိန်းကို ပြောင်းလဲပြုပြင်တဲ့ နည်းလမ်း (ထုံးထည့်တာလိုမျိုး)ကလည်း အင်ဇိုင်းတွေရဲ့ လှုပ်ရှားမှုကို ပိုမိုအားကောင်းလာစေနိုင်ပါတယ်။
မြေကြီးနဲ့ အတူတကွ ယှဉ်တွဲလုပ်ဆောင်ကြရင်းနဲ့ အောင်မြင်မှုများ ရရှိနိုင်ကြပါစေ....
ထွန်းဝင်းကျော်
Reference
http://soilquality.org/indicators/soil_enzymes.html
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကမြေပေါ်အဖြူရောင်လိုဖြစ်နေရင်တော့ဒီမြေဟာဆားပေါက်နေပါတယ်။ဆပ်ပြာဓာတ်ရှိတဲ့မြေပေါ့
john chang bawm
လွန်ခဲ့သော ၅ နှစ် ကမြေချဥ်.. မြေငံ.. မြေချို ကို ဘယ်လိုသိမလဲ ဆရာ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..
kyaw min latt • ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....