လက်ဖက်ခဲပြုလုပ်နည်း
၁။ လက်ဖက်ခူးခြင်း
လက်ဖက်ခူးရာတွင် အချိန်သည် အဓိက ကျပါသည်။ နံနက် (၁၀)နာရီအတွင်း အချိန်မီ လက် ဖက်ခူးခြင်းသည် လက်ဖက်အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။ ညင်သာစွာ နှစ်ရွက် တစ်ညွန့် ခူးယူပါ။ (၄-၅) ညွန့်ခူးပြီးတိုင်း အိတ်ထဲထည့်ပါ။ သို့မှသာ လက်ဖက်ညွန့်များအား ဖိမိခြင်းမှ ကာကွယ်နိုင်မည်။ အိမ်ရောက်လျှင် ခူးလာသော လက်ဖက်ညွန့် များကို သတိပြု လျင်မြန်စွာ လေသလပ်ခံ ဖြန့်ထားပါ။
၂။ လက်ဖက်လှော်ခြင်း
လက်ဖက်အရောင် ကွဲပြားခြင်းသည် လက်ဖက် လှော်ချိန်နှင့် လက်ဖက်နယ်ချိန်ပေါ် များစွာ မူတည်ပါသည်။ ခူးလာသော လက်ဖက်ညွန့်များကို ပထမဦးစွာ အရိပ်တွင် ဖြန့်လှန်းပါ။ ထို့နောက် လက်ဖက်ကို ဒယ်အိုး၏ အပူချိန် (၇၀ ဒီဂရီစင်တီဂရိတ်) ရှိချိန်က̈ (၂-၃ မိနစ်) ခန့်လှော်ပါ။
၃။ လက်ဖက်လှိမ့်ခြင်း
လှော်ပြီးသော လက်ဖက်များကို စက်(သို့မဟုတ်) လက်ဖြင့် လှိမ့်နယ်ပါ။ စက်ဖြင့်နယ်ပါက အညွန့်များ သည် တစ်ဖက်တည်းသို့သာ ညီညာစွာ လိပ်နေသည့်အတွက် အရည်အသွေးကို ပိုမို ကောင်းမွန် စေသည်။ အမြင်ကိုလည်း ဖမ်းစားနိုင်သည်။ စက်(သို့) လက်ဖြင့်နယ်ထားသော လက်ဖက်များကို နေရောင်တွင် လှန်းပါ။ နေရောင်တွင်လှန်းခြင်းဖြင့် လက်ဖက် အရောင်ကို ပိုမို တောက်ပ လာစေသည်။ လက်ဖက်အရွက်အကြီးများ၊ ဝါနေသော လက်ဖက်အညွန့်များကို ရွေးပေးခြင်းဖြင့် လက်ဖက်အညွန့် လေးများ အရွယ်အစား ညီနေသည့် အတွက် လက်ဖက်ကိတ်ကို ပိုမိုကြည့်ကောင်းခြင်း၊ လက်ဖက် အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။
၄။ အလေးချိန် ချင်တွယ်ခြင်း
မိမိလိုချင်သော အလေးချိန်အတိုင်း အောက်ခြေတွင် ရေနွေးငွေ့ပျံနိုင်ရန် အပေါက် ကလေးများ ဖောက်ထား သော သတ္တုခွက်ထဲသို့ ထည့်ချင်ပါ။ အလေးချိန် ချင်တွယ်ရာတွင် အလွန်ခြောက်သွေ့ နေသော လက်ဖက် ဖြစ်နေပါက ကြေမွနိုင်သည်။ ထို့ကြောင့် သတိဖြင့် ချင်တွယ် ရမည်။
၅။ ရေနွေးငွေ့ဖြင့် ပေါင်းခံခြင်း
ဖိနှိပ်ရာတွင် ကြေမွမသွားစေရန်အတွက် ရေနွေးငွေ့ဖြင့် အပူပေးပေါင်းခံရမည်။ လက်ဖက်ခြောက် ချင်ထည့်ထားသည့် အောက်ခြေဖောက်ထားသော သတ္တုပုံး လေးများကို ရေနွေးငွေ့ထွက်လာရာ အပေါက်ဝတွင် အချိန် အနည်းငယ်ခန့် (ဖိနှိပ်နိုင်လောက်သည် အထိ) ပေါင်းခံပါ။လက်ဖက်ခြောက်သည် အနံ့ စုပ်ယူသည့် ဂုဏ်သတ္တိ ရှိခြင်း ကြောင့် သတ္တုပုံးထဲ ထည့်၍ ရေနွေးငွေ့ဖြင့် အပူပေး ပေါင်းခံသည့်အခါ ရေတွင် ပါဝင်သော ရေ၏ သန့်ရှင်းမှုနှင့် ရေအနံ့များကို အထူး သတိပြု ရမည်။
၆။ အဝတ်အိတ်ထဲ ထည့်ခြင်း
ရေနွေးငွေ့ဖြင့် အပူပေး ပေါင်းခံ ထားသော လက်ဖက်ခြောက် အပျော့များကို အဝတ်စဖြင့် ပြုလုပ် ထားသော အိတ်ထဲ ထည့်ပါ။ အိတ်၏ အောက်ခြေကို အဝိုင်းပုံစံ ပြုလုပ်ပါ။
၇။ ဖိနှိပ်ခြင်း
ကျောက်ပုံစံခွက်ထဲတွင် ထည့်ပြီး အချိန်အနည်းငယ်ခန့် ကြာအောင် ဖိထားရမည်။ အကောင်းဆုံး ကျောက်ပုံစံခွက် ၏ အလေးချိန်မှာ (၂၅-၃၅) ကီလိုဂရမ်နှင့် အချင်းမှာ (၂၀-၂၁) စင်တီမီတာ ရှိရမည်။ အဆင့်မြင့် ခေတ်မီ ဖိစက်ကြီးများဖြင့်လည်း ပြုလုပ်နေကြပြီ ဖြစ်သည်။
၈။ အအေးခံခြင်း
ဖိသိပ်ထားသော လက်ဖက်ကိတ်များကို လေဝင်လေထွက်ကောင်းမွန်သော နေရာတွင် သစ်သားဖြင့် ပြုလုပ်ထားသော စင်ပေါ်တွင် သန့်ရှင်းစွာ အအေးခံထားရမည်။ အခြားအနံ့များဖြင့် တွဲမထားရ။
၉။ သိုလှောင် အသုံးပြုခြင်း
အနံ့များ စုပ်ယူမှုမရှိစေရန်အတွက် ဝါးရွက်အခွံများ၊ ငှက်ပျောရွက်အခြောက်များဖြင့် ထုပ်ပိုးထားရမည်။ သိုလှောင်သည့်အခါတွင်လည်း သစ်သားစင်များဖြင့် အဆင့်လိုက် သိုလှောင်ရမည်။ လက်ဖက်ခဲများ သည် နှစ်ကာလကြာလာသည်နှင့်အမျှ ပိုမို အာနိသင်ကောင်းသည်။ သောက်သုံးသည့်အခါရေနွေးဖြင့် ပထမတစ်ကြိမ် စိမ်ထားပြီး သွန်ပစ်ပါ။
နောက်အကြိမ်များမှ စတင် သောက်သုံးနိုင်ပါသည်။ သက်တမ်း (၁၀) နှစ် အထက်ရှိသော လက်ဖက် အပင်ကြီးများမှ လက်ဖက်ခဲ ပြုလုပ်လျှင် အရည်အသွေး ပိုမိုကောင်းမွန်ပါသည်။
ကဲရ် အင်တာနေရှင်နယ် (မြန်မာ)
လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၊ အရည်အသွေးနှင့်ဈေးကွက်မြှင့်တင်ရေး စီမံကိန်း
ဆက်စပ်မေးခွန်းများ
ဒီလ အတွင်း မတ်ပဲစျေး တက်လာနိင်ချေရှိသလားဗျ သိတဲ့သူတွေ နဲနဲလောက် ပြောပေးကြပါလားဗျ
Sa Kyaw Lin Tun • ဖြေကြားချက် 3 ခု
စပါးဈေး
MOUNG AUNG PAING • ဖြေကြားချက် 1 ခု
ပီလောပီနံေချာမှုန့်ဈေးနှုန်းသိချင်လို့ပါ ဘယ်ဈေးပေါက်နေသေးလဲသိချင်ပါတယ်
Ab • ဖြေကြားချက် 3 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
ဝါးစိုက်ပျိုးရေးနှင့်ကာဘွန်ခရက်ဒစ် (အပိုင်း - ၁)
24/11/2026
အသီးမှည့်ခြင်းကို ထိန်းချုပ်နေတဲ့ မမြင်ရတဲ့ ဓာတ်ငွေ့ အီသိုင်လင်း
23/11/2026
အသံ
နိုဝင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ တစ်ပတ်စာ မိုးလေဝသ သုံးသပ်ချက်
23/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၆-၂၀.၁၁.၂၀၂၆)
20/11/2026
More from Green Way
အားလုံး
ဗီဒီယို
ကုန်ကျစရိတ်သက်သက်သာနဲ့ နှစ်ပတ်အကြာမှာ စတင်အသုံးပြုနိုင်တဲ့ စူပါဘိုကာရှီ
16/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....