အယ်လ်နီညို၊ လာနီညာနဲ့ အိုင်အိုဒီဆိုတာ..
အယ်လ်နီညို/လာနီညာ/IOD - INDIAN OCEAN DIPOLE ဆိုတဲ့ ၃ ခုက မြန်မာနိုင်ငံအပါအဝင် အာရှတိုက်၊ အာဖရိကတိုက်နဲ့ တောင်/မြောက်အမေရိကတိုက်တွေ၊ ဥရောပတိုက်တွေအပြင် ဩစတေးလျတိုက်အထိ ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေကို ဖြစ်ပေါ်ပြောင်းလဲစေတာကြောင့် ကျနော်တို့ကလဲ အယ်လ်နီညို/လာနီညာ/IOD - INDIAN OCEAN DIPOLE ဆိုတဲ့ ၃ ခုကို အခြေခံကျကျသိထားကြဖို့လိုပါတယ်။
အရင်ဆုံး အယ်လ်နီညို/လာနီညာဆိုတဲ့ ရာသီတုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သိထားရမဲ့ အဓိကကျတဲ့အချက် ၃ ချက်ကို အရင်ရှင်းပြပေးပါမယ်။
ပထမဆုံးတစ်ချက်အနေနဲ့
မိုးလေဝသပညာရှင် “ဆရာကြီးဒေါက်တာဦးထွန်းလွင်” ရှင်းပြပေးခဲ့တဲ့အတိုင်း အယ်လ်နီညိုဆိုတာဘာလဲဆိုတာကစပြီးပြောချင်ပါတယ်။
တိုတိုနဲ့လိုရင်းကို ပြောရရင် အယ်လ်နီညိုဆိုတာ “တောင်အမေရိကတိုက်ရဲ့အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ ဖြစ်ကြတဲ့ အီကွေဒေါနဲ့ ပီရူးနိုင်ငံများဆီကို ခရစ်စမတ်ကာလလောက်မှာ ငါးနှစ်-ခုနှစ်နှစ်လောက်အတွင်းကို တစ်ကြိမ် တိုးဝင်လာတတ်ကြတဲ့ ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါသည်များက ခေါ်ဝေါ်ထားတဲ့ အမည်”ဖြစ်ပါတယ်။ ဒီရေပူစီးကြောင်းတွေအကြောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀) ကျော်လောက်ကတည်းက ပီရူးနဲ့အီကွေဒေါနိုင်ငံ ရေလုပ်သားတံငါသည်ကြီးများက စတင်သိရှိခဲ့ကြပါတယ်။ အဲဒီရေပူစီးကြောင်းတွေဝင်လာကြတဲ့နှစ်တွေဆိုရင် ငါးတွေဖမ်းမရကြတော့ဘူးတဲ့။ ဒါ့အပြင် ဒီလို နှစ်တွေဆိုရင် သူတို့နိုင်ငံတစ်ဝှမ်းမှာ ထူးထူးခြားခြားမိုးတွေများရေတွေကြီးနဲ့ ရာသီဥတုတွေ ဖောက်ပြန်သွားတတ်ကြတာကိုလည်း သတိထားခဲ့မိကြပါတယ်ဆိုပြီး 7 Day News- အတွဲ(၈)၊အမှတ်(၁၈)၊(၁၆-၇-၂၀၀၉) ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒုတိယတစ်ချက်အနေနဲ့
အယ်လ်နီညိုဖြစ်စေ၊ လာနီညာဖြစ်စေ ဒီဖြစ်စဉ် ၂ ခုထဲက တစ်ခုခုဖြစ်လာရင် အစွန်းရောက်ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေ ဖြစ်လာတတ်ကြောင်း၊ အစွန်းရောက်ရာသီဥတုတွေဆိုတာကတော့ မိုးအရမ်းခေါင်ပြီး အပူလွန်ကဲတာ၊ အပူလှိုင်းတွေ အအေးလှိုင်းတွေ ဖြတ်တာ၊ အပူပိုင်းမုန်တိုင်းတွေ ပုံမှန်ထက်များလာတာနဲ့ မိုးအရမ်းများပြီး အေးမြစိုစွတ်မှုပိုတာ၊ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်တာ စသည်ဖြင့် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေဖြစ်စေတာ ဆိုတဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေကိုခေါ်ကြောင်း၊ အားကောင်းတဲ့အယ်လ်နီညိုသာဖြစ်ခဲ့ရင် မုတ်သုံလေရာသီဥတုမှာ တော်တော်သိသိသာသာအပြောင်းအလဲတွေရှိခဲ့တာကိုတွေ့ကြရကြောင်း၊ မုတ်သုံ အဝင်မှာနောက်ကျတာတို့၊ အထွက်မှာစောတာတို့၊ မုတ်သုံအင်အားနည်းတာတို့၊ မုတ်သုံမိုးလျော့တာတို့၊ အပူချိန်တိုးတာတို့ ဆိုတာတွေဟာ တကယ်တော့ရာသီဥတုခန့်မှန်းရေးမှာ အရေးပါလှကြောင်း အရင် post တွေမှာတုန်းက အသေးစိတ်ရှင်းပြခဲ့ပါတယ်။

INDIAN OCEAN DIPOLE-IOD လို့ခေါ်တဲ့ဖြစ်စဉ်က အိန္ဒိယသမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေကို တိုင်းတာပြီးတော့ ဖြစ်လာနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ မိုးလေဝသဖြစ်နိုင်ချေတွေကို ခန့်မှန်းတာဖြစ်ပြီး အယ်လ်နီညို/လာနီညာဖြစ်စဉ်တွေကိုချေဖျက်ဆန့်ကျင်တဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ မှတ်ထားကြရမှာက "အယ်လ်နီညိုကြောင့်ဖြစ်လာတဲ့ အစွန်းရောက်ရာသီဥတုတွေက IOD ဖြစ်စဉ်ကြောင့် ပြောင်းပြန်ဖြစ်သွားတာ"ပါပဲ။
နောက်ဆုံးအနေနဲ့ တတိယအချက်က
အယ်လ်နီညိုဖြစ်စဉ်တစ်ခုရဲ့သက်တမ်းကာလဟာ ၁၈ လ လောက်သက်တမ်းရှိတတ်ပြီး ဒီဇင်ဘာလလောက်မှာ အားအကောင်းဆုံးကို ရောက်လာတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ရဲ့အမှောင့်ပယောဂဟာ ရှေ့ ၉လ - နောက် ၉ လလောက်အထိကြာလေ့ရှိတတ်ပါတယ်။ ဒီဇင်ဘာလကိုဗဟိုပြုတဲ့အတွက် ရှေ့ ၉ လ ဟာ မတ်လလောက်က စ လေ့ရှိပြီး၊ နောက် ၉လကတော့ နောက်တစ်နှစ်ရဲ့ စက်တင်ဘာလလောက်အထိ အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုဂယက်က ရှိတတ်တာပဲဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဦးဝင်းနိုင်
လွန်ခဲ့သော ၂ နှစ် ကရေးမြို့မှာ နိုဝင်ဘာ ၁၃ ရက်အထိတော့ မိုးပြတ်တောင်းရွာနေပါမယ်၊ ၁၃ ရက်နောက်ပိုင်းတော့ အရှေ့ဘက်ကဝင်လာမဲ့ မိုးတိမ်များအခြေအနေကိုစောင့်ကြည့်ရပါမယ်။ တနင်္သာရီတိုင်းအနေနဲ့ဆိုရင်တော့ နိုဝင်ဘာလအတွင်းမှာ နှစ်စဉ်ရွာသွန်းမြဲထက်မိုးပိုမိုရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။
ကိုထက်
လွန်ခဲ့သော ၂ နှစ် ကရေးမြို့ မိုးရွာနိုင်ပါသလား ၁၁ လပိုင်း
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026