အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ

နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ

နိုဝင်ဘာ ၉ ရက် နေ့လည် ၂ နာရီ WINDY 850hPa Wind Maps များနှင့် METEOBLUE ICON Model ၏ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ မိုးရွာသွန်းမှုပြမြေပုံများအရ မိုးလေဝသဆိုင်ရာ သုံးသပ်ချက်နှင့် အကြံပြုချက်များ ဖြစ်ပါသည်။

၁။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် မုန်တိုင်းစနစ်များ ဖြစ်ပေါ်နိုင်မှု အခြေအနေ

ဘင်္ဂလားပင်လယ်အော် - မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တရုတ်ပြည်မကြီးဘက်မှ ဆင်းသက်လာသော လေဖိအားကြီးရပ်ဝန်း (High Pressure Area) ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသဖြင့် လေထုတည်ငြိမ်နေပြီး မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိပါ။

ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း - အရှေ့ဘက်မှ ရွေ့လျားလာသော အရှေ့လေပွေလှိုင်း/လေပွေအကြွင်းအကျန် (Upper Air Cyclonic Circulation - UACC) တစ်ခုသည် ကပ္ပလီပင်လယ်တောင်ပိုင်းနှင့် မလက္ကာရေလက်ကြားအနီးမှတစ်ဆင့် အနောက်တောင်ဘက် (South-West) သို့ ဦးတည်ရွေ့လျားနေသဖြင့် မြန်မာနိုင်ငံကမ်းရိုးတန်းနှင့် ပင်လယ်ပြင်များပေါ်သို့ တိုက်ရိုက်သက်ရောက်မှု မရှိနိုင်ပါ။


အကျဉ်းချုပ်အားဖြင့် - နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိပါ။
 
၂။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဖြစ်ပေါ်နိုင်သော မိုးလေဝသအခြေအနေ


နိုဝင်ဘာ ၉ မှ ၁၁ ရက် (မိုးရွာသွန်းမှု အမြင့်ဆုံးကာလ)

တရုတ်ပြည်မဘက်မှ ဆင်းလာသော လေအေးနှင့် အရှေ့ဘက်/တောင်ဘက်မှ တက်လာသော အရှေ့လေပွေလှိုင်း (Strong Easterly Wind- စိုထိုင်းဆများ) တို့ ပွတ်တိုက်မိခြင်းကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း နှင့် မကွေးတိုင်း ဒေသအချို့တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်ပါမည်။ အထူးသဖြင့် နိုဝင်ဘာ ၁၀ ရက်တွင် ရှမ်းနှင့် မန္တလေးတိုင်းတို့တွင် မိုးသည်းထန်မှု အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပါသည်။


ကချင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။
 
နိုဝင်ဘာ ၁၂ မှ ၁၅ ရက် (မိုးလျော့နည်းပြီး ဆောင်းလေအေးဝင်ရောက်လာမည့် ကာလ)


နိုဝင်ဘာ ၁၂ ရက်မှစတင်၍ မိုးရိပ်များသိသိသာသာ လျော့ပါးသွားမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး မိုးကင်းစင်ပြီး တိမ်အသင့်အတင့်သာ ရှိပါတော့မည်။
လေဖိအားကြီးရပ်ဝန်းမှ မြောက်လေ/အရှေ့မြောက်လေများ တိုက်ခတ်လာမည်ဖြစ်သဖြင့် ကုန်းတွင်းပိုင်းနှင့် ကုန်းမြင့်ဒေသများတွင် ညအပူချိန်များ သိသိသာသာ လျော့ကျကာ ဆောင်းလေအေးစတင် ဝင်ရောက်ပါမည်။
 
၃။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဖြစ်ပေါ်နိုင်သော သဘာဝဘေးအခြေအနေ


လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုဘေး (Flash Floods & Landslides) - နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း ကုန်းမြင့်ဒေသများ) တွင် တောင်ကျချောင်းရေ ရုတ်တရက်လျှံတက်ခြင်းနှင့် တောင်စောင်းမြေပြိုခြင်းများ သတိပြုရပါမည်။


မြို့ပြရေကြီးရေလျှံမှုနှင့် ချောင်းရေလျှံခြင်း - မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မကွေးတိုင်းအရှေ့ခြမ်း တို့တွင် မိုးရွာသွန်းမှုပြင်းထန်သဖြင့် ရေနုတ်မြောင်းမလုံလောက်သော မြို့ပြရပ်ကွက်များနှင့် မြေနိမ့်ပိုင်းစိုက်ခင်းများ ရေလျှံနစ်မြုပ်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။


မိုးကြိုးဘေးနှင့် လေပြင်းဘေး (Thunderstorms & Gusty Winds) - အရှေ့လေပွေလှိုင်းနှင့် လေအေးထုတို့ တွေ့ဆုံချိန်ဖြစ်၍ မိုးတိမ်တောင် (Cumulonimbus) များ ဖွဲ့စည်းကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ နိုဝင်ဘာ ၉ မှ ၁၁ ရက်အတွင်း ကုန်းတွင်းပိုင်းဒေသများ၌ ဖြစ်ပေါ်နိုင်ပါသည်။


နိုဝင်ဘာ ၁၂ ရက်နောက်ပိုင်း- သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ခြေ နည်းပါးသွားပါမည်။


၄။ စိုက်ပျိုးရေးတောင်သူများအတွက် အကြံပြုချက် (မိုးစပါးရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံစိုက်ပျိုးချိန်)

မိုးစပါး ရိတ်သိမ်း/ခြွေလှေ့ချိန် လုပ်ငန်းများ

ရိတ်သိမ်းပြီးစပါးများ အရေးပေါ်ကာကွယ်ခြင်း- မိုးသည်းထန်စွာရွာနိုင်သော ရှမ်း၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသများရှိ တောင်သူများသည် ရိတ်သိမ်းပြီး ကွင်းပြင်တွင်ပုံထားသော စပါးနှံများ၊ အခြောက်လှမ်းထားသော စပါးများကို မိုးရေမစိုစေရန် မိုးကာဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း သို့မဟုတ် ဂိုဒေါင်/အမိုးအောက်သို့ အမြန်ဆုံးရွှေ့ပြောင်းသိမ်းဆည်းရပါမည်။

ရိတ်သိမ်းရန်ကျန်ရှိသော စပါးခင်းများ- နိုဝင်ဘာ ၉ မှ ၁၁ ရက်အတွင်း မိုးရွာနေချိန် စပါးရိတ်သိမ်းခြင်းကို ရွှေ့ဆိုင်းသင့်ပြီး ရေမဝပ်စေရန် လယ်ကွက်ရေထုတ်မြောင်းများကို ကြိုတင်ဖောက်ထုတ်ထားသင့်ပါသည်။ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများကို ရာသီဥတုလုံးဝသာယာမည့် နိုဝင်ဘာ ၁၂/၁၃ ရက်နောက်ပိုင်းမှသာ အရှိန်အဟုန်မြှင့် ပြန်လည်ဆောင်ရွက်သင့်ပါသည်။
 
ဆောင်းသီးနှံ (ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း) စိုက်ပျိုးသူများအတွက်
မိုးရွာသွန်းမှုကြောင့် မြေဆီလွှာအတွင်း အစိုဓာတ်လွန်ကဲပြီး မျိုးစေ့များ ပုပ်ရိပျက်စီးနိုင်သဖြင့် မိုးသည်းထန်နေစဉ် မျိုးစေ့ချခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ရရှိလာမည့် မိုးရေအစိုဓာတ်ကို မြေတွင်းအစိုဓာတ် (Soil Moisture) အဖြစ် အကျိုးရှိရှိအသုံးချကာ နိုဝင်ဘာ ၁၂ ရက်နောက်ပိုင်း မိုးစဲပြီး မြေအနေအထား အနေတော်ဖြစ်ချိန်တွင် ဆောင်းသီးနှံများ စတင်စိုက်ပျိုးရန် အကောင်းဆုံး အခွင့်အလမ်းဖြစ်ပါသည်။
 
၅။ နေ့စဉ်နှင့် စုစုပေါင်း ရွာသွန်းရရှိနိုင်သော မိုးရေချိန်ဇယား (နိုဝင်ဘာ ၉ ရက် မှ ၁၅ ရက်)


(METEOBLUE ICON Model ၏ မိုးရေချိန်အရောင်အညွှန်း မီလီမီတာ/လက်မ ပမာဏများအပေါ် အခြေခံ၍ စုစုပေါင်းခန့်မှန်းမိုးရေချိန် အများဆုံးမှ အနည်းဆုံးသို့ အစဉ်လိုက် စီစဉ်ဖော်ပြထားပြီး နေ့စဉ်မိုးရေချိန် ၂၅ မီလီမီတာ = ၁ လက်မခန့် နှင့်အထက် ရွာသွန်းနိုင်သော မိုးရေချိန်ပမာဏများကို အနီရောင်ဖြင့် ပြထားပါသည်)

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပုစွန်ကို ဘယ်လုပ် မမွှေးဖွားလဲ

ကိုကိုနိုင် • ဖြေကြားချက် 0 ခု

စပါးအသက်ရက်ဆိုတာ (၁)စပါးမျိုးစေ့အညှောင့်ပေါက်တဲ့ရက်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလား ဒါမှမဟုတ် ရွေ့ပြောင်းစိုက်တဲ့အချိန်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလားဗျ (၂)ပြီးတော့ ပျိုးထောင်တဲ့နေရာမှာ ပျိုးသက်ရက်က ဥပမာ- ကျနော်တို့ဆီမှာတော့ ပျိုးသက်ကို ၁-လ လောက်ထားကြတယ် ကျနော်က အကြောင်းအမျိုးမျိုးကြောင့် ပျိုးသက် (၄၀)ရက်သား မှ စိုက်ရတယ်ဆိုပါစို့ စပါးမျိုးကလဲ ၁-မျိုးတည်းဆိုပါစို့ အဲ့လို့ဆိုရင်ရော တစ်ခြားပျိုးသက်(၃၀)ရက်သားနဲ့စိုက်တဲ့ သူတွေနဲ့ စပါးမှည့်ချိန်/ရိတ်သိမ်းချိန် အတူတူဖြစ်မှာပါလား (၃)ပြီးတော့ "ဖုံးတုံးလုံးတုံး လောက်စာလုံး" ဆိုတဲ့ စကားပုံကရော ဘာကိုပြောပါလဲခင်ဗျ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

ဆရာဒို့ဦးလေးခင်ဗျာ ဆရာနဲ့ ဆရာစိုးမိုးဂျူလှိုင် ကွမ်းအကြောင်း ဆွေးနွေးခန်းမှာ ကွမ်းရွတ်ကို emနဲငါးအမိုင်နိုပဲသုံးပြီး အကြီးအသေး လိုသလို ဖန်တီးနိုင်တယ်လို့ ပြောသွားတာကို နားထောင်လိုက်ရပါတယ် အဲဒါ ဘယ်လို လုပ်ရပါသလဲခင်ဗျာ

Khing Hein • ဖြေကြားချက် 2 ခု

ဒီဆေးကပွင့်ထွေးနိုင်ရဲ့လားဗျ

ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု

စပါးဈေး

MOUNG AUNG PAING • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

More from ဦးဝင်းနိုင်

အားလုံး
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)

06/11/2026

နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်

နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်

05/11/2026

 မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်

မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်

29/10/2026

အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်နေသည့် အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံပေါ်သက်ရောက်မှုများ

အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်နေသည့် အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံပေါ်သက်ရောက်မှုများ

26/10/2026

အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်

အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်

22/10/2026

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။