INVEST-92B အားအလွန်ကောင်း ဆိုင်ကလုန်းမုန်တိုင်းထိ ဖြစ်နိုင်၍ အရှိန်သက်ရောက်နိုင်ချေ ပိုကျယ်လာ
အိန္ဒိယမိုးလေဝသဌာနက ဒီနေ့ အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်ချက်အရ ကပ္ပလီ ပင်လယ်ပြင်မှာဖြစ်နေတဲ့ INVEST 92B ဟာ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ အားအလွန်ကောင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်(Sitrang အမည်ရ) ထိ ရောက်နိုင်မှာဖြစ်လို့ မုန်တိုင်းအရှိန် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုဟာလည်း ပိုကျယ်ပြန့်သွားနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကားခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

INVEST 92B ဟာ အောက်တိုဘာ ၂၃ ရက်နေ့မှာ မုန်တိုင်းငယ်အဆင့်၊ ၂၄ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း အဆင့်နဲ့ ၂၅ ရက် ညနေပိုင်းမှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်တွေကို ရောက်လာမယ်လို့ အိန္ဒိယမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတာ ဖြစ်ပါတယ်။
ဒီလိုအဆင့်ထိ ရောက်နိုင်မှာဖြစ်တာကြောင့် ယခင်ထုတ်ပြန်ချက်တွေအရ သက်ရောက်မှုမရှိနိုင်တဲ့ ဒေသ တွေမှာပါ လေပြင်းကျတာ၊ မိုးများတာတွေ ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေး လိုက်ပါတယ်။
#အားအလွန်ကောင်းဆိုင်ကလုန်းအဆင့်ထိဖြစ်မှာဆိုတော့ အရင်ထက်ဘာတွေပြောင်းလဲသွားမလဲ..
“ လမ်းကြောင်းက အခုအတိုင်းဆိုရင်ကို မုန်တိုင်းက ပိုအားကောင်းလာတော့ ၂၃ ရက်ကနေ ၂၇ ရက်အထိ ၅ ရက်တာ ကာလအတွင်းမှာ မုန်တိုင်းရဲ့ညာဘက်(ကျနော်တို့ဘက်)မှာ လေပြင်းတိုက်ခံရနိုင်မဲ့ ဧရိယာ ပိုပြီး ကြီးလာတယ်၊ မိုးများနိုင်မဲ့ဧရိယာလဲ ပိုများလာတာပေါ့။ တကယ်လို့ မုန်တိုင်းလမ်းကြောင်း ဘယ်ဘက်ရွေ့ပြီး အိန္ဒိယဘက် ထွက်သွားရင်တော့ သက်သာမယ်။ မုန်တိုင်းလမ်းကြောင်း အခုထက်ပိုပြီး ညာဘက်ရောက်လာရင် တော့ ပိုဆိုးသွားနိုင်ပါမယ်"
#ဆိုတော့...မိုးများ၊ လေပြင်းတိုက်နိုင်တာ ဘယ်ဒေသတွေ ထပ်ပါလာနိုင်လဲ...

“ အရင်ပြောထားတဲ့ဒေသတွေထက် ပိုလာမှာက ပဲခူးတိုင်းပါလာမယ်။ ကယားပြည်နယ်ထပ်ပေါင်းရမယ်၊ ရှမ်းပြည်နယ်အနောက်ခြမ်းပါလာမယ်၊ နောက် မန္တလေးတိုင်းတစ်ခုလုံးနဲ့ ကချင်ပြည်နယ်လည်း ပါလာမယ်။ ဆိုတော့ ထိပ်ဆုံးကနေ အားလုံးကို ပြန်ပြောရရင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အနောက်ခြမ်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အဲ့ဒါတွေ ပါမယ်။ ကရင်ပြည်နယ်ဘက်တော့ သိပ်မများဘူး။ ပြီးတော့ တနင်္သာရီတောင်ပိုင်း ထားဝယ်ကနေ ဟိုး ကော့သောင်းထိပါလာတယ်။ အရင်အခြေအနေတွေအရတော့ မြိတ်ကနေ ကော့သောင်းကြားပဲ။ ခုကတော့ တနင်္သာရီတောင်ပိုင်းတစ်ခုလုံးဖြစ်လာတာပေါ့”
#လေတိုက်နှုန်းတွေကကော အရင်ခန့်မှန်းထားတာထက် ပိုများလာနိုင်လား..

“ ဟုတ်တယ်။ လေတိုက်နှုန်းတွေလည်း ပိုများလာမယ်။ ဥပမာဆိုရင် ၂၅ ရက်နေ့လောက်ဆိုရင် ပြည်ရဲ့ အနောက်ဘက်ခြမ်း ရခိုင်ရိုးမတောင်ကြောဘက် တောင်ကုတ်နဲ့ ပြည်နဲ့ကြားပေ့ါ။ အဲ့ဒီဘက်တွေဆိုရင် တစ်နာရီကို ၃၆ မိုင်လောက်ထိ တိုက်သွားနိုင်တယ်။ ပြည်မြို့ပေါ်တောင် ၁ နာရီ မိုင် ၃၀ လောက်ထိ တိုက်နိုင်တယ်။ ဒီလေတိုက်နှုန်းက ဖြူးတို့၊ ကညွတ်ကွင်းတို့ထိ ရောက်နိုင်တယ်။ အဲ့ဒီဘက်တွေမှာတော့ ၁ နာရီ ၂၅ မိုင်လောက်တိုက်နိုင်တယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဘက်တွေလည်း အာ့လိုပဲ”
“ ပင်လယ်ပြင်မှာရော မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်မှာရော မိုးသက်လေပြင်းတွေ ကျနိုင်မယ်။ မိုးသက်လေပြင်းကျရင် ပင်လယ်မှာ တစ်နာရီ ၃၅ မိုင်ကျော်နဲ့ ကုန်းပေါ်မှာလေတိုက်နှုန်းတစ်နာရီ မိုင် ၃၀ ကျော်လောက်အထိ ရှိပြီး မိုးများနိုင်တယ်။ စပါးရိတ်ချိန်တွေ ထိခိုက်နိုင်တယ်”
“ ဂြိုလ်တုပုံရိပ်တွေအရဆိုရင် 92B ရဲ့ အပြင်ဘက်ဆုံးကတိမ်တွေက အခုအချိန်မှာတောင် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းကို လာထိနေပြီ။ ဆိုတော့ အဲ့ဒီဘက်တွေမှာ ဒီနေ့ညပိုင်းမှာတောင် မိုးသက်လေပြင်းကျတာတွေ စ နိုင်တယ်”
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Moe win
လွန်ခဲ့သော ၃ နှစ် ကမြ င်းြခဵခရုိင်မိုးများနူိင်လား
u khin mg oo
လွန်ခဲ့သော ၃ နှစ် ကမန္တလေးတိုင်းကျောက်ဆည်ခရိုင်မိုးများနိုင်လားသိပါရစေဗျ
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 0 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....